1避难城(参民35:9-28;申19:1-13)
1တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ် တော်မူ၍၊
2“你要告诉以色列人:‘你们要照着我借着摩西命令你们的,为自己设立避难城,
2သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း၊
3好使那出于错误、并非蓄意杀人的,可以逃到那里去;这些城要成为你们逃避报血仇的人的避难所。
3လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
4那杀人的要逃到这些城中的一座,站在城门口,把自己的事情向城中的众长老述说,长老就要把他接入城中,到他们那里,并要给他地方,使他可以住在他们中间。
4ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။
5如果报血仇的人追赶他,长老不可把他交在报血仇的人手里,因为他并非蓄意杀人,他以前与他并没有仇恨。
5သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူ ကား၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ၏။
6那杀人的要住在那城里,直到他站在会众面前受审;等到当时的大祭司死了,才可以回到本城本家,回到他逃出来的城那里。’”
6ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရား စီရင်ခြင်းကို မခံမှီသော်၎င်း၊ ထိုကာလ ယဇ်ပုရောဟိတ် မင်း မသေမှီသော်၎င်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့် ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊
7于是以色列人在拿弗他利山地,把加利利的基低斯分别出来;在以法莲山地,把示剑分别出来;在犹大山地,把基列.亚巴分别出来,基列.亚巴就是希伯仑;
7သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
8又在约旦河东,耶利哥的东面,从流本支派中,指定在旷野平原上的比悉;从迦得支派中,指定在基列的拉末;从玛拿西支派中,指定在巴珊的哥兰。
8ယော်ဒန်မြစ်တဘက်၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေးထားကြ၏။
9这些都是为所有的以色列人,和在他们中间寄居的外族人所指定的城,让误杀人的可以逃到那里,不致死在报血仇的人手里,直到他站在会众面前受审为止。
9ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း။