1锡安末后必为万国的中心(赛2:1-4)
1နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင် ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြ လိမ့်မည်။
2必有多国的人前来说:“来吧!我们上耶和华的山,登雅各 神的殿;他必把他的道路指示我们,我们也要遵行他的道;因为教训必出于锡安。耶和华的话要来自耶路撒冷。
2များပြားသော လူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက် လိမ့်မည်။
3世界和平“他要在多族中施行审判,为远方的强国断定是非。他们必把刀剑打成犁头,把矛枪打成镰刀;这国不举刀攻击那国,他们也不再学习战事。
3ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။
4各人都要坐在自己的葡萄树,和无花果树下,无人惊吓他们,因为万军之耶和华亲口说过了。
4လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြ လိမ့်မည်။ ကြောက်စေသော သူတယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်တော် ထွက်အမိန့်တော်ရှိ၏။
5虽然,万民各奉自己神的名行事,我们却要永远奉耶和华我们 神的名而行。”
5လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သော ဘုရား ၏နာမကို ခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား၊ ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား၏ နာမတော် ကို ကာလအစဉ်အမြဲ ခိုလှုံလျက် ကျင့်နေကြမည်။
6被掳到各处的必重归故土耶和华说:“到那日,我必召聚瘸腿的,集合被赶散的,和我所苦待的。
6ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ခြေဆွံ့သောသူကို ငါခေါ်မည်။ နှင်ထုတ်ခြင်းကို ခံရသော သူ၊ ငါညှဉ်းဆဲဘူးသောသူတို့ကို ငါစုဝေးစေမည်။
7我必使瘸腿的作余民;使软弱疲乏的成为强国;耶和华必在锡安山作王统治他们,从现在直到永远。
7ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသော သူသည် ကြီးမား သော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည်။ ထာဝရဘုရား သည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ် အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည်။
8你这羊群的守望楼啊!锡安女子的俄斐勒啊!从前的权柄,必归给你,就是耶路撒冷女子的国权,要归还给你。
8အိုဧဒါလင့်စင်၊ ဇိအုန်သတို့သမီး နေရာကုန်း၊ သင်သည် အစိုးရလိမ့်မည်။ အရင်တည်သော အာဏာ တည်ပြန်လိမ့်မည်။ နိုင်ငံတော်သည် ယေရုရှလင်သတို့ သမီးလက်သို့ တဖန် ရောက်လိမ့်မည်။
9现在你为什么大声呼喊?难道你们中间没有君王吗?或是你的谋士灭亡了,以致疼痛抓紧你,好像临产的妇人呢?
9ယခုမှာ သင်သည် အဘယ်ကြောင့် ကျယ်သော အသံနှင့် အော်ဟစ်သနည်း။ သင်၌ ရှင်ဘုရင်တယောက် မျှ မရှိသလော။ အကြံပေးသော မှူးမတ်ပျောက်ပျက် သလော။ သားဘွားသောမိန်းမကဲ့သို့ သင်သည် ဝေဒနာ ကို ခံရပါသည်တကား။
10锡安的女子啊!你要疼痛劬劳,好像临产的妇人;因为现在你要从城里出来,住在田野,一定要到巴比伦去;在那里你要蒙拯救,在那里耶和华必救赎你,脱离仇敌的掌握。
10အိုဇိအုန်သတို့သမီး၊ သားဘားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ၍၊ သားကိုဘွားအံ့သောငှါ အားထုတ်လော့။ ယခုပင် သင်သည် မြို့ထဲကထွက်၍ လယ်ပြင်၌ နေရ မည်။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည်။ ထိုမြို့၌ လွတ် လိမ့်မည်။ ထိုမြို့၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့ လက်မှ ရွေးနှုတ်တော်မူလိမ့်မည်။
11现在多国的民集合起来,攻击你,说:‘愿锡安被蹂躏,愿我们亲眼看见锡安遭报应。’”
11ယခုမှာ လူမျိုးများတို့က၊ ဇိအုန်မြို့သည် ညစ် ညူးပါစေ။ သူ၌ ငါတို့အလို ပြည့်စုံပါစေဟု၊ သင့်တဘက် ၌ စုဝေးလျက် ဆိုကြ၏။
12锡安必得最后胜利但是,他们却不知道耶和华的意念,也不明白他的谋略;他收集他们,好像把禾捆收集到禾场一样。
12သို့ရာတွင်၊ ထာဝရဘုရား၏စိတ်တော်ကို မသိ၊ အကြံအစည်တော်ကို နားမလည်ကြ။ ကောက်လှိုင်းတို့ ကို ကောက်နယ်တလင်း၌ စုထားသကဲသို့၊ ထိုသူတို့ကို စုထားတော်မူ၏။
13锡安的女子啊!起来踹谷吧!因为我必使你的角成为铁,使你的蹄成为铜;你必粉碎许多民族,把他们所得的,作为当灭之物献与耶和华,把他们的财宝献给全地的主。
13အို ဇိအုန်သတို့သမီး၊ ထ၍ နယ်လော့။ သင့် ဦးချိုကို သံဖြင့်၎င်း၊ သင့်ခွာတို့ကို ကြေးဝါဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ၍၊ မြေတပြင် လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။