1弥赛亚出自犹大的伯利恒女子啊!现在你要聚集成队;仇敌正在围攻我们;他们用杖击打以色列执政的脸颊。(本节在《马索拉抄本》为4:14)
1ယခုမူကား၊ အိုဗိုလ်ခြေသတို့သမီ၊ စည်းဝေး၍ ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားကြပြီ။ ဣသရေလ မင်း၏ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား။
2伯利恒以法他啊!你在犹大诸城中虽然细小(“伯利恒......细小”有古卷作“以法他家啊,你在犹大诸族中虽然细小”),必有一位从你那里出来,为我作以色列的统治者;他的根源从太初,从亘古就有了。(本节在《马索拉抄本》为5:1)
2အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေ လအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင်၏ အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။
3因此,耶和华必把以色列人交给敌人,直到那要生产的妇人生下儿子来;那时,他其余的兄弟,就必归回以色列人那里。
3သို့ဖြစ်၍၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင်၎င်း၊ ဣသရေလအမျိုး သားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမှီတိုင်အောင်၎င်း၊ သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည်။
4君王与遗民的地位与功用他必站立起来,靠着耶和华的能力,靠着耶和华他 神之名的威严,牧养他的羊群;他们必然安居,因为那时他必尊大,直到地极。
4ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏အစွမ်း သတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏နာမ တော်တန်ခိုးအာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်။
5这就是那带来太平的。亚述人入侵我们的国土,践踏我们宫殿的时候,我们就要兴起七个牧者;八个作领袖的人攻击他。
5အာရှုရိလူသည် ငါတို့ပြည်သို့လာ၍၊ ငါတို့ ဘုံ ဗိမာန်များကို နင်းသောအခါ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီး ရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍၊
6他们必用刀剑治理亚述地,必用剑锋治理宁录地;亚述人入侵我们的国土,践踏我们境界的时候,他必拯救我们脱离亚述人的手。
6ထားလက်နက်ဖြင့် အာရှုရိပြည်ကို၎င်း၊ မြို့ တံခါးဝအတွင်း၌ နိမ်ရောဓနိုင်ငံကို၎င်း သုတ်သင်ပယ် ရှင်းသောအားဖြင့်၊ ငါတို့ပြည်သို့ လာ၍၊ ငါတို့နယ်အတွင်း တွင် နင်းသော အာရှုရိလူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။
7那时,雅各的余民,必在许多民族中,像从耶和华那里降下的露水,又像甘霖降在草上,不期望于人,也不等候世人。
7ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသား အများတို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်းကဲ့သို့၎င်း၊ လူကို မငံ့လင့်၊ လူသားတို့ ၏ အလိုသို့မလိုက်သော မိုဃ်းရေကဲ့သို့၎င်း ဖြစ်ကြလိမ့် မည်။
8那时雅各的余民,必在万国中,在许多民族里,像树林里百兽中的狮子,又像幼狮在羊群中;他若经过,就必践踏、撕碎,没有人可以拯救。
8ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသားအများတို့တွင် နေ၍၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့၎င်း၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြ လိမ့်မည်။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နှုတ် နိုင်အောင် နင်း၍ ကိုက်စားတတ်၏။
9制胜敌人愿你的手举起高过你的敌人,愿你的一切仇敌都被剪除。
9သင်၏ရန်ဘက်၌ နေသောသူတို့ကို သင်တိုက် ၍၊ ရန်သူအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။
10耶和华说:“到那日,我必从你中间剪除你的马匹,毁灭你的车辆,
10ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်၏မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။
11拆毁你国中的城市,倾覆你的一切保障;
11သင်၏ပြည်၌ မြို့ရိုးတို့ကို ငါပယ်ရှင်း၍၊ သင်၏ ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည်။
12我必从你的手中除掉巫术,你那里就不再有占卜的;
12သင်၏နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း ၍၊ သင်၌ ဗေဒင်ဟောသောသူမရှိရ။
13我必从你中间除掉你雕刻的偶像和柱像,你就不再跪拜你手所做的;
13ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ် က ငါပယ်ရှင်း၍ ၊ ကိုယ်လက်နှင့်လုပ်သော အရာကို နောက်တဖန်သင်မကိုးကွယ်ရ။
14我必从你中间除灭你的亚舍拉,毁灭你的偶像。
14အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနှုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။
15我必在忿怒和烈怒中,向那些不听从的列国施行报复。”
15ငါ့စကားကို နားမထောင်သော တပါးအမျိုး သားတို့ကို ပြင်းစွာ အမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင် မည်။