1有关尼尼微的预言
1ဧလကောရှရွာသား နာဟုံခံရ၍၊ နိနေဝေမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား၊
2嫉恶和施行报复的 神耶和华是嫉恶和施行报复的 神;耶和华施行报复,并且满怀烈怒;耶和华向他的对头施行报复,向他的仇敌怀怒。
2အပြစ်ရှိသည်ဟု ထာဝရဘုရားသည် ယုံလွယ်၍ ဒဏ်ပေးသော ဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက်ပြင်းထန်တော်မူ၏။ ထာဝရဘုရား သည် ရန်ဘက်ပြုသောသူတို့ကို ဒဏ်ပေး၍၊ ရန်သူတို့ကို အငြိုးထားတော်မူ၏။
3耶和华不轻易发怒,可是大有能力;他绝不以有罪的为无罪。耶和华乘着狂风暴雨而来,云彩是他脚下的尘土。
3ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုး လည်း ကြီးတော်မူ၏။ သို့ရာတွင်၊ အပြစ်တည်သော သူ တို့ကို အပြစ်မှ လွှတ်တော်မမူ။ ထာဝရဘုရားသည် လေ ဘွေ၌၎င်း၊ မိုဃ်းသက်မုန်တိုင်း၌၎င်း ကြွတော်မူ၍၊ မိုဃ်း တိမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ၏။
4他一斥责海,海就干了;他使一切江河枯干。巴珊和迦密的树林枯槁,黎巴嫩的花卉凋残。
4ပင်လယ်ကို ဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန် တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။
5大山在他面前震动,小山也都融化;大地在他面前废去,世界和所有住在世上的,也都这样。
5ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ် လျက်၊ ကုန်းတို့သည် အရည်ကျိုလျက်၊ ရှေ့တော်၌ မြေကြီး နှင့် လောကဓာတ်မှစ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ၏။
6在他盛怒之下,谁能站得住呢?他的烈怒谁能受得了呢?他的忿怒像火一般喷出来,磐石在他面前都崩裂了。
6အမျက်တော်ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။ အမျက်တော်အရှိန်ကို အဘယ်သူ ဆီးတားနိုင်သနည်း။ မီးလောင်သကဲ့သို့ အမျက်ထွက်၍၊ ကျောက်တို့ကို ဖြိုချ တော်မူ၏။
7耶和华是良善的;在患难的时候,他作人的避难所;信靠他的人,他都认识。
7ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ ကို သိမှတ်တော်မူ၏။
8但他必用泛滥的洪水,尽行毁灭尼尼微之地,把他的仇敌赶入黑暗之中。
8ရန်သူနေရာကို လွှမ်းမိုးသော မြစ်ရေနှင့် ဆုံးရှုံး စေတော်မူသဖြင့်၊ ရန်သူတို့ကို မှောင်မိုက်လိုက်လိမ့်မည်။
9警告尼尼微尼尼微人哪,你们对耶和华还有什么企图?他必尽行毁灭;患难必不再次来临。
9ထာဝရဘုရားတဘက်၌ အဘယ်သို့ ကြံစည်ကြ သနည်း။ အပြီးဆုံးရှုံးစေတော်မူမည်။ တဖန် နှိပ်နင်းစရာ အကြောင်းမရှိရ။
10他们像缠结着的荆棘,像喝醉了的酒徒,又像枯干的禾秸,全都被吞灭了。
10သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ညိတွယ် လျက်၊ စပျစ်ရည်နှင့် ယစ်မူးသကဲ့သို့ဖြစ်လျက်၊ သွေ့ ခြောက်သောအမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့် မည်။
11有人从你那里出来,就是筹划奸恶的人,图谋恶事攻击耶和华。
11ထာဝရဘုရားတဘက်၌ မကောင်းသော အကြံ ကို ကြံစည်သောအဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ။
12安慰犹大耶和华这样说:尼尼微人虽然装备完整,人数众多,他们仍必被剪除,这样就完了。我既然使你受过苦,就一定不再叫你受苦了。
12ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် စုံလင်၍ အရေအတွက်အားဖြင့် များပြားသော်လည်း၊ ဆုံးရှုံး၍ ကွယ်ပျောက်ရကြလိမ့်မည်။ သင့်ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက်တဖန် မညှဉ်းဆဲ။
13犹大啊!现在我必粉碎他在你身上的轭,打断你的锁链。
13ယခုမှာ သင်၌ သူတင်သော ထမ်းဘိုးကို ငါချိုး ပယ်၍၊ ချည်နှောင်သော ကြိုးတို့ကိုလည်း ဖြတ်မည်။
14尼尼微啊!耶和华已经向你下了命令:你的名字必不再传于后世;我必从你的神庙中,除掉雕刻和铸造的偶像;我必为你预备坟墓,因为你没有存在的价值。
14သင်၏အမှု၌ ထာဝရဘုရားစီရင်တော်မူသည် ကား၊ သင်၏အမျိုးမဆက်မနွှယ်ရ။ ထုသော ရုပ်တုနှင့် သွန်းသော ရုပ်တုတို့ကို သင်၏ဘုရားကျောင်းမှ ငါပယ် ရှင်းမည်။ သင်သည် ယုတ်မာသောကြောင့် သင်၏ သင်္ချိုင်းကို ငါလုပ်မည်။
15看哪!那传报佳音、宣告和平之人的脚,已经站在山上,说:犹大啊!守你的节期,还你的愿吧!因为那奸恶的人永不会再从你中间经过;他已被彻底除灭了。(本节在《马索拉抄本》为2:1)
15ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသိတင်း စကားကို ကြားပြောသော သူ၏ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ အိုယုဒအမျိုး၊ သင်၏ဓမ္မပွဲကို ခံလော့။ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရသောကြောင့် နောက်တဖန်သင့်ကို မကျော်မနင်းရ။