1审判尼尼微
1ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာ ပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့် လော့။ ကိုယ်ခါးကို ခိုင်ခံ့စေလော့။ ကျပ်ကျပ်အား ယူလော့။
2然而,耶和华必恢复雅各的光荣,好像以色列的光荣一样;因为劫掠的人曾把他们劫掠一空,又把他们的葡萄枝子毁坏了。
2အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသ ရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သော သူတို့သည် ယာကုပ်အမျိုးကို သုတ်သင် ၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။
3围攻尼尼微他勇士的盾牌是红的,战士的衣服是朱红的。在他预备出击的时候,战车的钢铁闪烁如火,骑兵疾驰。
3သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင်၍၊ နီသော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထား တို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။
4战车在街上狂奔,在广场上东奔西驰;它们看起来像火把,跑起来像闪电。
4ရထားတို့သည် လမ်း၌ ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရူးအဆင်း အရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။
5亚述王召集他的权臣,他们碰碰跌跌而来,急急忙忙走上城墙,竖起了防御的挡牌。
5စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင် အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။
6河闸都被打开,宫殿也给摧毁了。
6မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။
7王后赤身被掳去;她的宫女都哀哭,声如鸽子,各人捶胸痛哭。
7အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။
8尼尼微被劫掠自古以来,尼尼微一直都像个水池,池水不断流出;虽然有人呼叫:“止住!止住!”却没有回转的。
8ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန်၍ မကြည့်။
9你们劫掠银子,抢夺金子吧!积蓄的财宝无穷无尽,珍贵的器皿不可胜数。
9ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ် သက်ဘွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။
10现在却空虚、荒凉,一无所有;人心惊惶,两膝发抖,全身疼痛,面无血色。
10မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက် ရှိကြ၏။
11尼尼微被毁灭狮子的洞穴在哪里?喂养幼狮的地方在哪里?公狮、母狮和幼狮不受惊吓之处,可以闲游的地方又在哪里呢?
11ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျို စားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာ ရှိသနည်း။
12公狮为幼狮撕碎足够的食物,为母狮掐死活物;把猎物塞满了它的洞,把撕碎的填满了它的穴。
12ခြင်္သေ့သည် သားငယ်များတို့ ကိုက်ဖြတ်လျက်၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက်၊ လုယူဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့၍ မိမိမှီခိုရာတွင်းတို့ကို ပြည့် စေတတ်၏။
13万军之耶和华说:看哪!我必攻击你,我要把你的战车焚烧成烟,刀剑必吞灭你的幼狮;我必从地上除去你的猎物,你使者的声音也必不再有人听见。
13ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင်၏ရထား တို့ကို မီးခိုးထဲမှာ မီးရှို့မည်။ သင်၏ခြင်္သေ့ပျိုတို့ကို ထား ဖြင့် ဖျက်ဆီးမည်။ သင်လုယူသော ဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည်။ သင်၏သံတမန်တို့ စကားသံကို နောက် တဖန် အဘယ်သူမျှ မကြားရ။