1大卫朝圣之歌(原文作“往上行之歌”)。人对我说:“我们到耶和华的殿那里去”,我就欢喜。(本节在《马索拉抄本》包括细字标题)
1ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။
2耶路撒冷啊!我们的脚正站在你的门内。
2အို ယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည်။
3耶路撒冷被建造,好像一座结构完整的城巿。
3ယေရုရှလင်မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏။
4众支派,就是耶和华的支派,都上那里去;照着以色列的定例,称颂耶和华的名。
4အမျိုးအနွှယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ၏။
5因为在那里设有审判的宝座,就是大卫家的宝座。
5ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။
6你们要为耶路撒冷求平安,说:“耶路撒冷啊!愿爱你的人都亨通。
6ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
7愿你的城墙内有平安,愿你的宫殿中有安稳。”
7သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံ ဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
8为了我的兄弟和朋友的缘故,我要说:“愿你中间有平安。”
8သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည်။
9为了耶和华我们 神的殿的缘故,我要为你求福乐。
9ငါတို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။