聖經新譯本 (Simplified)

Myanmar

Psalms

123

1朝圣之歌(原文作“往上行之歌”)。坐在天上的主啊!我向你举目。(本节在《马索拉抄本》包括细字标题)
1ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော် မူသောဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ၏။
2仆人的眼睛怎样望着主人的手,婢女的眼睛怎样望着主母的手,我们的眼睛也照样望着耶和华我们的 神,直到他向我们施恩。
2ကျွန်တို့သည် သခင်လက်ကို၎င်း၊ ကျွန်မတို့သည် သခင်မလက်ကို၎င်း မျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့ သည် ကယ်မသနားတော်မူခြင်းကျေးဇူးကို မခံမှီတိုင် အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ၏။
3耶和华啊!求你向我们施恩,求你向我们施恩;因为我们饱受藐视,到了极点。
3အို ထာဝရဘုရား၊ ကယ်မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲခြင်းကိုခံရပါသည် ဖြစ်၍၊ ကယ်မသနားတော်မူပါ။
4我们饱受那些安逸的人的嘲笑,和骄傲的人的藐视,到了极点。
4မထီမဲ့မြင်ပြုသော သူတို့၏ ကဲ့ရဲ့ခြင်းကို၎င်း၊ မာနကြီးသော သူတို့၏ အရှက်ခွဲခြင်းကို၎င်း၊ အကျွန်ုပ်တို့ ၏ ဝိညာဉ်သည် အလွန်ခံရပါ၏။