聖經新譯本 (Simplified)

Myanmar

Psalms

127

1所罗门朝圣之歌(原文作“往上行之歌”)。如果不是耶和华建造房屋,建造的人就徒然劳苦;如果不是耶和华看守城池,看守的人就徒然警醒。(本节在《马索拉抄本》包括细字标题)
1ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။
2你们清早起来,很晚才歇息,吃劳碌得来的饭,都是徒然;因为主必使他所爱的安睡。
2စောစောထလျက်၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော် လည်း အကျိုးမရှိ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ၏။
3儿女是耶和华所赐的产业,腹中的胎儿是他的赏赐。
3ဘွားမြင်သော သားသမီးတို့သည်ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။
4年轻时所生的儿女,好像勇士手中的箭。
4အသက်ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့ သည် သူရဲလက်၌ ရှိသောမြှားကဲ့သို့ ဖြစ်ကြ၏။
5箭袋装满了箭的人是有福的,他们在城门口和仇敌说话的时候,必不至于羞愧。
5မိမိမြှားတောင့်ကို သူတို့နှင့်ပြည့်စေသောသူ သည် မင်္ဂလာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။