1朝圣之歌(原文作“往上行之歌”)。敬畏耶和华,遵行他的道的人,是有福的。(本节在《马索拉抄本》包括细字标题)
1ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော် သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
2你必吃你亲手劳碌得来的,你必享福,事事顺利。
2ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ် ဆောင်၍ရသော အစာကို စားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစားရလိမ့်မည်။
3你的妻子在你的内室,好像多结果子的葡萄树;你的儿女环绕着你的桌子,好像橄榄树的枝条。
3သင်၏မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီး တို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
4看哪!敬畏耶和华的人必这样蒙福。
4ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့ သော မင်္ဂလာရှိရလိမ့်မည်။
5愿耶和华从锡安赐福给你;愿你一生一世得见耶路撒冷的繁荣。
5ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တသက်လုံးမြင်ရလိမ့်မည်။
6愿你得见你儿女的儿女。愿平安归于以色列。
6မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။