聖經新譯本 (Simplified)

Myanmar

Psalms

42

1可拉子孙的训诲诗,交给诗班长。 神啊!我的心渴慕你,好像鹿渴慕溪水。
1သမင် ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။
2我的心渴想 神,就是永活的 神;我什么时候可以来朝见 神的面呢?
2ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။ အဘယ် ကာလမှ ဘုရားသခင့်ထံတော်သို့ ရောက်၍မျက်နှာပြရအံ့ နည်း။
3人整天对我说:“你的 神在哪里呢?”我就昼夜以眼泪当饭吃。
3သူတပါးတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့မျက်ရည်သည် နေ့ညဉ့်မပြတ် ငါစားစရာဖြစ်ရ၏။
4我从前常常和群众同去,与他们进到 神的殿里,在欢呼和称谢声中,大家守节。每逢想起这些事,我的心就感到难过。
4ထိုအခြင်းအရာကို ငါအောက်မေ့၍နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည်လူစုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်း အသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံ သောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ။
5我的心哪!你为什么沮丧呢?为什么在我里面不安呢?应当等候 神;因为我还要称赞他,他是我面前的救助、我的 神。
5အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်းမဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရား သခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရလေအံ့ သတည်း။
6我的心在我里面沮丧;因此我从约旦地,从黑门岭,从米萨山,记念你。
6အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညှိုးငယ်လျက်ရှိပါ၏။ အကြောင်းမူကား၊ ယော်ဒန်မြစ် ကမ်း၊ ဟေရမုန်တော်ရိုး၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ၏။
7你的瀑布一发声,深渊就和深渊响应;你的洪涛和波浪都掩盖了我。
7ရေဘွေတော်များအသံဗလံနှင့်တကွ ဝဲဩဃ တခုကို တခုဟစ်ခေါ်၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ။
8白天耶和华赐下他的慈爱;夜间我要向他歌颂,向赐我生命的 神祷告。
8သို့သော်လည်း၊ ထာဝရဘုရားသည် နေ့အခါ သနားခြင်း ကျေးဇူးတော်ကို ပေးချေတော်မူ၏။ ညဉ့်အခါ ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက်၊ ငါ့၏အသက် သခင်ကို ပဌနာပြုလျက် ငါနေ၏။
9我要对 神我的磐石说:“你为什么忘记我呢?我为什么因仇敌的压迫徘徊悲哀呢?”
9အကျွန်ုပ်ကိုအဘယ်ကြောင့် မေ့လျော့တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရား သခင်ကို ငါလျှောက်ရ၏။
10我的敌人整天对我说:“你的 神在哪里呢?”他们这样辱骂我的时候,就像在击碎我的骨头。
10ငါ့ရန်သူတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။
11我的心哪!你为什么沮丧呢?为什么在我里面不安呢?应当等候 神;因为我还要称赞他,他是我面前的救助、我的 神。
11အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုး ငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိ သနည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရ လေအံ့သတည်း။