聖經新譯本 (Simplified)

Myanmar

Psalms

43

1祈求 神带领回国 神啊!求你为我伸冤,为我的案件向不敬虔的国申辩;求你救我脱离诡诈和不义的人;
1အိုဘုရားသခင်၊ အကျွန်ုပ်အမှု၌ တရားဆုံးဖြတ် တော်မူပါ။ ကရုဏာမရှိသော လူမျိုးတဘက်ကနေ၍ အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ သစ္စာမရှိ၊ မတရား သောသူ၏လက်မှ အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါ။
2因为你是赐我力量的 神。你为什么弃绝我呢?我为什么因仇敌的压迫徘徊悲哀呢?
2ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုအဘယ်ကြောင့် စွန့်ပစ်တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် အဘယ် ကြောင့် နေရပါသနည်း။
3求你发出你的亮光和真理,好引导我,带我到你的圣山,到你的居所。
3အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူ ပါ။ သူတို့သည် လမ်းပြ၍ သန့်ရှင်းသောတောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော။
4我就走到 神的祭坛前,到 神、我极大的喜乐那里。 神啊!我的 神啊!我要弹琴称赞你。
4သို့ပြုလျှင် ဘုရားသခင်၏ ယဇ်ပလ္လင်သို့၎င်း၊ အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းရာ ဘုရားသခင်ထံတော် သို့၎င်း အကျွန်ုပ်သည် ရောက်လာ၍၊ ကိုယ်တော်ကို စောင်းတီးလျက် ချီးမွမ်းထောမနာပြုပါမည်ဘုရား၊ အကျွန်ုပ်ဘုရား။
5我的心哪!你为什么沮丧呢?为什么在我里面不安呢?应当等候 神;因为我还要称赞他,他是我面前的救助、我的 神。
5အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့ သတည်း။