Young`s Literal Translation

Myanmar

Ezekiel

41

1And he bringeth me in unto the temple, and he measureth the posts, six cubits the breadth on this side, and six cubits the breadth on that side — the breadth of the tent.
1ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင် တို့ကို တိုင်းလျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထုသည် ဗိမာန် တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။
2And the breadth of the opening [is] ten cubits; and the sides of the opening [are] five cubits on this side, and five cubits on that side; and he measureth its length forty cubits, and the breadth twenty cubits.
2ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင် ရှိ၏။ တံခါးဝတဘက်နှင့်တဘက်လည်း ငါးတောင်စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကား အတောင် လေးဆယ်၊ အနံကားအတောင်နှစ်ဆယ်ရှိ၏။
3And he hath gone inward, and measureth the post of the opening two cubits, and the opening six cubits, and the breadth of the opening seven cubits.
3ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကို တိုင်း လျှင်၊ တံခါးတိုင် နှစ်တောင်၊ တံခါးဝခြောက်တောင်၊ တံခါးဝတဘက်တချက် ခုနစ်တောင်စီရှိ၏။
4And he measureth its length twenty cubits, and the breadth twenty cubits, unto the front of the temple, and he saith unto me, `This [is] the holy of holies.`
4ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီ တည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။
5And he measureth the wall of the house six cubits, and the breadth of the side-chamber four cubits, all round the house round about.
5ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထု ခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့ သည် အနံလေးတောင်စီရှိ၏။
6And the side-chambers [are] side-chamber by side-chamber, three and thirty times; and they are entering into the wall — which the house hath for the side-chambers all round about — to be taken hold of, and they are not taken hold of by the wall of the house.
6ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ၏။ ထိုအခန်း တို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီနေကြ၏။
7And a broad place and a turning place still upwards [are] to the side-chambers, for the turning round of the house [is] still upwards all round about the house: therefore the breadth of the house [is] upwards, and so the lower one goeth up unto the higher by the midst.
7ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့် သို့၎င်း၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့၎င်း တက်သည်အတိုင်း၊ အိမ်တော်ထရံပတ်လည် တရှောက် လုံးဆက်ကာ ဆက်ကာဆုတ်၍၊ အခန်းနေရာသည် အစဉ် အတိုင်းကျယ်လျက် အဆင့်ဆင့်တက်၏။
8And I have looked at the house, the height all round about: the foundations of the side-chambers [are] the fulness of the reed, six cubits by the joining.
8အိမ်တော်အထက်ပိုင်း ပတ်လည်၌ အမြင့်ဆုံး သော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတပြန်မျှ ကျယ်ကြ၏။
9The breadth of the wall that [is] to the side-chamber at the outside [is] five cubits; and that which is left [is] the place of the side-chambers that [are] to the house.
9ထရံအခန်းပြင်ဘက်၌ကာသော ထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။
10And between the chambers [is] a breadth of twenty cubits round about the house, all round about.
10အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ၏။
11And the opening of the side-chamber [is] to the place left, one opening northward, and one opening southward, and the breadth of the place that is left [is] five cubits all round about.
11ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ ဖွင့်၍ မြောက်ဘက်သို့၎င်း၊ တောင်ဘက်သို့၎င်း မျက်နှာ ပြုကြ၏။ ကျန်ကြွင်းသော အရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
12As to the building that [is] at the front of the separate place [at] the corner westward, the breadth [is] seventy cubits, and the wall of the building five cubits broad all round about, and its length ninety cubits.
12လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
13And he hath measured the house, the length [is] a hundred cubits; and the separate place, and the building, and its walls, the length [is] a hundred cubits;
13ထိုသို့အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တန်တိုင်းပါလျက်အလျား အတောင်တရာ ရှိ၏။
14and the breadth of the front of the house, and of the separate place eastward, a hundred cubits.
14အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦး အတိုင်းအရှည်လည်း အတောင်တရာရှိ၏။
15And he hath measured the length of the building unto the front of the separate place that [is] at its hinder part, and its galleries on this side and on that side, a hundred cubits, and the inner temple and the porches of the court,
15လွတ်လပ်သောအရပ်၌ ကာသောရှေ့တန်တိုင် နှင့် နောက်တန် တိုင်ကိုတိုင်း၍၊ တဘက်တချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ၏။
16the thresholds, and the narrow windows, and the galleries round about them three, over-against the threshold, a ceiling of wood all round about, and the ground unto the windows and the covered windows,
16အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ၊ တံခါးခုံ များ၊ ကျဉ်းသော ပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့ သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံး အုပ် လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
17over above the opening, and unto the inner-house, and at the outside, and by all the wall all round about within and without [by] measure.
17တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင် ဘက်၊ အိမ်တော်အတွင်းပြင်ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊
18And it is made [with] cherubs and palm-trees, and a palm-tree [is] between cherub and cherub, and two faces [are] to the cherub;
18ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ၏။ ခေရုဗိမ်တခု၌ မျက်နှာနှစ်ခုစီပါလျက်၊
19and the face of man [is] unto the palm-tree on this side, and the face of a young lion unto the palm-tree on that side; it is made unto all the house all round about.
19စွန်ပလွံပင်နှစ်ခုကြားမှာ တဘက်၌လူမျက်နှာ၊ တဘက်၌ ခြင်္သေ့မျက်နှာကို ပြကြ၏။
20from the earth unto above the opening [are] the cherubs and the palm-trees made, and [on] the wall of the temple.
20ထိုသို့ အိမ်တော်ပတ်လည်၊ မြေမှသည်တံခါး ပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ၌ ခေရုဗိမ် နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ၏။
21Of the temple the side post [is] square, and of the front of the sanctuary, the appearance [is] as the appearance.
21ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။
22Of the altar, the wood [is] three cubits in height, and its length two cubits; and its corners [are] to it, and its length, and its walls [are] of wood, and he speaketh unto me, `This [is] the table that [is] before Jehovah.`
22သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဘိနပ်၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာတင်သော စာပွဲပေတည်းဟု ငါ့အားပြောဆို၏။
23And two doors [are] to the temple and to the sanctuary;
23ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊
24and two leaves [are] to the doors, two turning leaves [are] to the doors, two to the one door, and two leaves to the other.
24တံခါးတို့သည်လည်း တပ်သော တံခါးရွက် နှစ်ရွက်စီရှိ၏။
25And made on them, on the doors of the temple, [are] cherubs and palm-trees as are made on the walls, and a thickness of wood [is] at the front of the porch on the outside.
25ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ မုတ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။
26And narrow windows and palm-trees [are] on this side, and on that side, at the sides of the porch, and the side-chambers of the house, and the thick places.
26မုတ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသော ပြတ်တင်းပေါက်များ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ၏။