1And he bringeth me forth unto the outer court, the way northward, and he bringeth me in unto the chamber that [is] over-against the separate place, and that [is] over-against the building at the north.
1ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
2At the front of the length [is] a hundred cubits [at] the north opening, and the breadth fifty cubits.
2ထိုအခန်းတို့သည် မြောက်တံခါးအထိ၊ အလျား အတောင်တရာ၊ အနံအတောင်ငါးဆယ်ရှိကြ၏။
3Over-against the twenty [cubits] that are to the inner court, and over-against the pavement that [is] to the outer court, [is] gallery over-against gallery, in the three [storeys].
3အတောင်နှစ်ဆယ်ရှိသော အတွင်းတန်တိုင်းရှေ့၊ ပြင်တန်တိုင်း ကျောက်ခင်းရှေ့တွင် တဘက်တချက်၌ နံရံ အခန်းသုံးဆင့်ရှိ၏။
4And at the front of the chambers [is] a walk of ten cubits in breadth unto the inner part, a way of one cubit, and their openings [are] at the north.
4ထိုအခန်းများရှေ့မှာ တတောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင်၍၊ အနံဆယ်တောင် ရှိသောစင်္ကြံရှိ၏။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ၏။
5And the upper chambers [are] short, for the galleries contain more than these, than the lower, and than the middle one, of the building;
5အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
6for they [are] threefold, and they have no pillars as the pillars of the court, therefore it hath been kept back — more than the lower and than the middle one — from the ground.
6အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ၍ ကျဉ်းကြ၏။
7As to the wall that [is] at the outside, over-against the chambers, the way of the outer-court at the front of the chambers, its length [is] fifty cubits;
7ထိုအခန်းများတဘက်တချက်၊ ပြင်တန်တိုင်း ဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ၏။
8for the length of the chambers that [are] to the outer court [is] fifty cubits, and of those on the front of the temple a hundred cubits.
8ပြင်တန်တိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျားအတောင်ငါးဆယ် ရှိကြ၏။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တရာရှိ၏။
9And under these chambers [is] the entrance from the east, in one`s going into them from the outer court.
9ပြင်တန်တိုင်းမှလာ၍၊ ထိုအခန်းများ ခြေရင်း အရှေ့ဘက်၌ ဝင်ရာလမ်းရှိ၏။
10In the breadth of the wall of the court eastward, unto the front of the separate place, and unto the front of the building, [are] chambers.
10အိမ်တော်တောင်ဘက်၊ လွတ်လပ်သော အရပ် ကို ကာသော တန်တိုင်းနံရံ၌လည်း အခန်းများရှိကြ၏။
11And the way before them [is] as the appearance of the chambers that [are] northward, according to their length so [is] their breadth, and all their outlets, and according to their fashions, and according to their openings.
11ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ၍ အခန်း အလျားအနံ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ၏။
12And according to the openings of the chambers that [are] southward [is] an opening at the head of the way, the way directly in the front of the wall eastward in entering them.
12တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည် ဖြစ်၍၊ တန်တိုင်းတဘက်တချက်၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး၌ ဝင်ရာတတံခါးဝရှိ၏။
13And he saith unto me, `The north chambers, the south chambers, that [are] at the front of the separate place, they [are] holy chambers, where the priests (who [are] near to Jehovah) eat the most holy things, there they place the most holy things, and the present, and the sin-offering, and the guilt-offering, for the place [is] holy.
13တိုင်းသောသူကလည်း၊ လွတ်လပ်သော အရပ် ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်း သောအခန်း၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများ ကို စားရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်း သောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော် သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။
14In the priests` going in, they come not out from the sanctuary unto the outer court, and there they place their garments with which they minister, for they [are] holy, and have put on other garments, and have drawn near unto that which [is] for the people.`
14ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှု တော်ဆောင် အဝတ်ကိုဝတ်လျက်၊ သန့်ရှင်းသောအရပ်မှ ပြင်တန်တိုင်သို့မထွက်ရ။ ထိုအဝတ်သန့်ရှင်းသောကြောင့် ချွတ်ထား၍အခြားသော အဝတ်ကို ဝတ်ပြီးမှ၊ လူများရှိရာ သို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို၏။
15And he hath finished the measurements of the inner house, and hath brought me forth the way of the gate whose front [is] eastward, and he hath measured it all round about.
15အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ ခေါ်သွား၍၊
16He hath measured the east side with the measuring-reed, five hundred reeds, with the measuring-reed round about.
16တိုင်းစရာကျူလုံးနှင့်အရှေ့မျက်နှာကို တိုင်းလျှင် ကျူလုံးအပြန် ငါးရာရှိ၏။
17He hath measured the north side, five hundred reeds, with the measuring reed round about.
17မြောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
18The south side he hath measured, five hundred reeds, with the measuring-reed.
18တောင်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
19He hath turned round unto the west side, he hath measured five hundred reeds with the measuring-reed.
19အနောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ၏။
20At the four sides he hath measured it, a wall [is] to it all round about, the length five hundred, and the breadth five hundred, to separate between the holy and the profane place.
20လေးမျက်နှာကိုတိုင်း၍ ပတ်လည်း၌ရှိသော တန်တိုင်သည် သန့်ရှင်းသောအရပ်၊ မသန့်ရှင်းသော အရပ်တို့ကို ပိုင်းခြင်းလျက်၊ အလျားအပြန်ငါးရာ၊ အနံ လည်း အပြန်ငါးရာရှိ၏။