1And Miriam speaketh — Aaron also — against Moses concerning the circumstance of the Cushite woman whom he had taken: for a Cushite woman he had taken;
1မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဘက် သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့် အာရုန်သည် မောရှေကို အပြစ်တင်လျက်၊
2and they say, `Only by Moses hath Jehovah spoken? also by us hath he not spoken?` and Jehovah heareth.
2အကယ်၍ ထာဝရဘုရားသည်၊ မောရှေအား ဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရ ဘုရားကြားတော်မူ၏။
3And the man Moses [is] very humble, more than any of the men who [are] on the face of the ground.
3မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ၏။
4And Jehovah saith suddenly unto Moses, and unto Aaron, and unto Miriam, `Come out ye three unto the tent of meeting;` and they three come out.
4ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက် သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ လော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ၍ သူတို့သည် ထွက်သွားကြ၏။
5And Jehovah cometh down in the pillar of the cloud, and standeth at the opening of the tent, and calleth Aaron and Miriam, and they come out both of them.
5ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ် လျက်၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။
6And He saith, `Hear, I pray you, My words: If your prophet is of Jehovah — in an appearance unto him I make Myself known; in a dream I speak with him;
6ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရား သည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။
7not so My servant Moses; in all My house he [is] stedfast;
7အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ ကျွန်မောရှေသည် ထိုသို့မဟုတ်။
8mouth unto mouth I speak with him, and [by] an appearance, and not in riddles; and the form of Jehovah he beholdeth attentively; and wherefore have ye not been afraid to speak against My servant — against Moses?`
8သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကား အားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ့်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူ လျက်၊
9And the anger of Jehovah burneth against them, and He goeth on,
9အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွား တော်မူသဖြင့်၊
10and the cloud hath turned aside from off the tent, and lo, Miriam [is] leprous as snow; and Aaron turneth unto Miriam, and lo, leprous!
10မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊
11And Aaron saith unto Moses, `O, my lord, I pray thee, lay not upon us sin [in] which we have been foolish, and [in] which we have sinned;
11အို အကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့်၊ အကျွန်ုပ်တောင်းပန်ပါ၏။
12let her not, I pray thee, be as [one] dead, when in his coming out from the womb of his mother — the half of his flesh is consumed.`
12ဘွားစကပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်း ပန်လျှင်၊
13And Moses crieth unto Jehovah, saying, `O God, I pray Thee, give, I pray Thee, healing to her.`
13မောရှေက၊ အို ဘုရားသခင်၊ သူ၏အနာကို ပျောက်စေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။
14And Jehovah saith unto Moses, `And her father had but spat in her face — is she not ashamed seven days? she is shut out seven days at the outside of the camp, and afterwards she is gathered.`
14ထာဝရဘုရားကလည်း၊ သူ၏ အဘသည် သူ၏ မျက်နှာကို တံထွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည် မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန်ဝင်စေဟု မောရှေ အား မိန့်တော်မူသည်အတိုင်း၊
15And Miriam is shut out at the outside of the camp seven days, and the people hath not journeyed till Miriam is gathered;
15မိရိအံကို နှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရ၏။ မိရိအံအနာမပျောက်မှီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲ နေကြ၏။
16and afterwards have the people journeyed from Hazeroth, and they encamp in the wilderness of Paran.
16ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း၍ ပါရန် တော၌ တဲဆောက်ကြ၏။