الكتاب المقدس (Van Dyke)

Myanmar

1 Samuel

28

1وكان في تلك الايام ان الفلسطينيين جمعوا جيوشهم لكي يحاربوا اسرائيل. فقال اخيش لداود اعلم يقينا انك ستخرج معي في الجيش انت ورجالك.
1ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက်အံ့သောငှါ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့် လိုက်၍စစ်တိုက်သွားရမည်ကို ဆက်ဆက် သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊
2فقال داود لاخيش لذلك انت ستعلم ما يفعل عبدك. فقال اخيش لداود لذلك اجعلك حارسا لراسي كل الايام.
2ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ် အရာ၌ ငါခန့်မည်ဟုပြန်ပြော၏။
3ومات صموئيل وندبه كل اسرائيل ودفنوه في الرامة في مدينته. وكان شاول قد نفى اصحاب الجان والتوابع من الارض.
3ထိုကာလ၌ ရှမွေလမရှိသေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူနေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။
4فاجتمع الفلسطينيون وجاءوا ونزلوا في شونم وجمع شاول جميع اسرائيل ونزل في جلبوع.
4ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။
5ولما رأى شاول جيش الفلسطينيين خاف واضطرب قلبه جدا.
5ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ၏။
6فسأل شاول من الرب فلم يجبه الرب لا بالاحلام ولا بالاوريم ولا بالانبياء.
6ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။
7فقال شاول لعبيده فتشوا لي على امرأة صاحبة جان فاذهب اليها واسألها. فقال له عبيده هوذا امرأة صاحبة جان في عين دور.
7ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ၏ဟု လျှောက်သော်၊
8فتنكّر شاول ولبس ثيابا اخرى وذهب هو ورجلان معه وجاءوا الى المرأة ليلا وقال اعرفي لي بالجان واصعدي لي من اقول لك.
8ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ၏။
9فقالت له المرأة هوذا انت تعلم ما فعل شاول كيف قطع اصحاب الجان والتوابع من الارض. فلماذا تضع شركا لنفسي لتميتها.
9မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့် နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှါ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊
10فحلف لها شاول بالرب قائلا حيّ هو الرب انه لا يلحقك اثم في هذا الامر.
10ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။
11فقالت المرأة من اصعد لك. فقال اصعدي لي صموئيل.
11မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။
12فلما رأت المرأة صموئيل صرخت بصوت عظيم وكلمت المرأة شاول قائلة لماذا خدعتني وانت شاول.
12မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊
13فقال لها الملك لا تخافي. فماذا رأيت. فقالت المرأة لشاول رأيت آلهة يصعدون من الارض.
13ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။
14فقال لها ما هي صورته. فقالت رجل شيخ صاعد وهو مغطي بجبّة. فعلم شاول انه صموئيل فخرّ على وجهه الى الارض وسجد.
14အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ၏။
15فقال صموئيل لشاول لماذا اقلقتني باصعادك اياي. فقال شاول قد ضاق بي الأمر جدا. الفلسطينيون يحاربونني والرب فارقني ولم يعد يجيبني لا بالانبياء ولا بالاحلام فدعوتك لكي تعلمني ماذا اصنع.
15ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။
16فقال صموئيل ولماذا تسألني والرب قد فارقك وصار عدوك.
16ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကို စွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။
17وقد فعل الرب لنفسه كما تكلم عن يدي وقد شق الرب المملكة من يدك واعطاها لقريبك داود.
17ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။
18لانك لم تسمع لصوت الرب ولم تفعل حمو غضبه في عماليق لذلك قد فعل الرب بك هذا الامر اليوم.
18အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ ရောက်စေတော် မူပြီ။
19ويدفع الرب اسرائيل ايضا معك ليد الفلسطينيين وغدا انت وبنوك تكونون معي ويدفع الرب جيش اسرائيل ايضا ليد الفلسطينيين.
19ထိုမှတပါးသင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။
20فاسرع شاول وسقط على طوله الى الارض وخاف جدا من كلام صموئيل وايضا لم تكن فيه قوة لانه لم ياكل طعاما النهار كله والليل
20ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန် ကြောက်ရွံ့၏။ တနေ့နှင့် တညဉ့်လုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။
21ثم جاءت المرأة الى شاول ورأت انه مرتاع جدا فقالت له هوذا قد سمعت جاريتك لصوتك فوضعت نفسي في كفّي وسمعت لكلامك الذي كلمتني به.
21ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။
22والآن اسمع انت ايضا لصوت جاريتك فاضع قدامك كسرة خبز وكل فتكون فيك قوة اذ تسير في الطريق.
22သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏ စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌ တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှါ စားတော်ခေါ်ပါဟု လျှောက် သော်လည်း၊
23فأبى وقال لا آكل. فالحّ عليه عبداه والمرأة ايضا فسمع لصوتهم وقام عن الارض وجلس على السرير.
23ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့် ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။
24وكان للمرأة عجل مسمّن في البيت فاسرعت وذبحته واخذت دقيقا وعجنته وخبزت فطيرا
24ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်း ယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊
25ثم قدمته امام شاول وامام عبديه فأكلوا. وقاموا وذهبوا في تلك الليلة
25ရှောလုနှင့် ကျွန်များတို့ ရှေ့၌ တင်လေ၏။ သူတို့သည် စား၍ ထိုညဉ့်တွင် ထသွားကြ၏။