1وجمع الفلسطينيون جميع جيوشهم الى افيق. وكان الاسرائيليون نازلين على العين التي في يزرعيل.
1ဖိလိတ္တိလူတို့သည် ဗိုလ်ခြေအပေါင်းတို့ကို အာဖက်မြို့မှာ စုဝေးစေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလမြို့မှာ ရှိသော စမ်းရေတွင်းအနား၌ တပ်ချကြ၏။
2وعبر اقطاب الفلسطينيين مئات والوفا وعبر داود ورجاله في الساقة مع اخيش.
2ဖိလိတ္တိမင်းတို့သည် လူတရာတပ်၊ တထောင်တပ်အစဉ်အတိုင်း ချီသွားသဖြင့်၊ ဒါဝိဒ်နှင့် သူ၏ လူတို့သည် နောက်တပ်၌ အာခိတ်မင်းနှင့်အတူ လိုက်ကြ၏။
3فقال رؤساء الفلسطينيين ما هؤلاء العبرانيون. فقال اخيش لرؤساء الفلسطينيين أليس هذا داود عبد شاول ملك اسرائيل الذي كان معي هذه الايام او هذه السنين ولم اجد فيه شيئا من يوم نزوله الى هذا اليوم.
3ဖိလိတ္တိမင်းတို့ကလည်း၊ သင်နှင့်လိုက်သော ထိုသူတို့သည် အဘယ်သူနည်းဟုမေးလျှင်၊ အာခိတ်မင်းက၊ ဤသူသည် ဣသရေလရှင်ဘုရင် ရှောလု၏ကျွန် ဒါဝိဒ် ဖြစ်သည်မဟုတ်လော။ ကြာမြင့်စွာ ငါ့ထံမှာနေပြီ။ ငါ့ထံသို့ ရောက်သောနေ့မှစ၍ ယနေ့တိုင်အောင် သူ၌အပြစ်တင်စရာ တစုံတခုကိုမျှ မတွေ့ဟု ဖိလိတ္တိမင်းတို့အား ပြောဆိုသော်လည်း၊
4وسخط عليه رؤساء الفلسطينيين وقال له رؤساء الفلسطينيين ارجع الرجل فيرجع الى موضعه الذي عيّنت له ولا ينزل معنا الى الحرب ولا يكون لنا عدوا في الحرب. فبماذا يرضي هذا سيده. أليس برؤوس اولئك الرجال.
4ဖိလိတ္တိမင်းတို့သည် စိတ်ဆိုးလျက် ဤသူ ပြန်ပါစေ။ မင်းနေရာချသော အရပ်သို့ သွား၍နေပါစေ။ ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်။ စစ်တိုက်ရာတွင် ငါတို့ ရန်ဘက်၌ နေမည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့သခင်၏ စိတ်ကို ပြေစေခြင်းငှါ အဘယ်သို့ပြုနိုင်သနည်း။ ငါတို့လူများ၏ အသက်ကို အပ်၍ ပြုနိုင်သည်မဟုတ်လော။
5أليس هذا هو داود الذي غنّين له بالرقص قائلات ضرب شاول الوفه وداود ربواته
5ရှောလုအထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့်ကလျက် သီချင်းဆိုကြသောအခါ၊ ဤဒါဝိဒ်ကို ရည်ဆောင်၍ သီချင်းဆိုကြသည်မဟုတ်လောဟု အပြစ်တင်သောကြောင့်၊
6فدعا اخيش داود وقال له حيّ هو الرب انك انت مستقيم وخروجك ودخولك معي في الجيش صالح في عينيّ لاني لم اجد فيك شرا من يوم جئت اليّ الى اليوم واما في اعين الاقطاب فلست بصالح.
6အာခိတ်မင်းသည် ဒါဝိဒ်ကို ခေါ်၍၊ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မှုသည့်အတိုင်း သင်သည် ဖြောင့်မတ်စွာ ပြုပြီ။ ငါနှင့်အတူ တပ်မှုတပ်ရင်း၌ သင်သွားလာပြုမူခြင်းကို ငါအားရပြီ။ သင်သည် ငါ့ထံသို့ရောက်သော နေ့မှစ၍ ယနေ့တိုင်အောင် သင်၌ အပြစ်ကို မတွေ့။ သို့သော် ဖိလိတ္တိမင်းတို့သည် သင့်ကို အလိုမရှိကြ။
7فالآن ارجع واذهب بسلام ولا تفعل سوءا في اعين اقطاب الفلسطينيين
7သို့ဖြစ်၍ ယခုငြိမ်ဝပ်စွာ ပြန်သွားတော့။ ဖိလိတ္တိမင်းတို့ကို စိတ်ဆိုးစေခြင်းငှါ မပြုပါနှင့်ဟုဆိုသော်၊
8فقال داود لاخيش فماذا عملت وماذا وجدت في عبدك من يوم صرت امامك الى اليوم حتى لا آتي واحارب اعداء سيدي الملك.
8ဒါဝိဒ်က ကျွန်တော်သည် ကျွန်တော်သခင် ရှင်ဘုရင်၏ ရန်သူတို့ကို စစ်တိုက်မသွားစေခြင်းငှါ အဘယ်သို့ ပြုဘိသနည်း။ ကိုယ်တော်ထံမှာ နေသမျှ ကာလပတ်လုံး ယနေ့တိုင်အောင် အဘယ်အပြစ်ကို တွေ့တော်မူသနည်းဟု အာခိတ်မင်းအား မေးလျှောက်သော်၊
9فاجاب اخيش وقال لداود علمت انك صالح في عينيّ كملاك الله. الا ان رؤساء الفلسطينيين قالوا لا يصعد معنا الى الحرب.
9အာခိတ်မင်းက၊ သင်သည် ငါ့ရှေ့မှာ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ကောင်းသည်ကို ငါသိ၏။ သို့သော်လည်း ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်ဟု ဖိလိတ္တိမင်းတို့သည် စီရင်ကြပြီ။
10والآن فبكر صباحا مع عبيد سيدك الذين جاءوا معك واذا بكرتم صباحا واضاء لكم فاذهبوا.
10သို့ဖြစ်၍ သင်နှင့်လိုက်လာသော သင့်သခင်၏ ကျွန်တို့နှင့်အတူ နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ ပြန်သွားတော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း၊
11فبكر داود هو ورجاله لكي يذهبوا صباحا ويرجعوا الى ارض الفلسطينيين. واما الفلسطينيون فصعدوا الى يزرعيل
11ဒါဝိဒနှင့် သူ၏ လူတို့သည် နံနက်စောစောထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိ လူတို့သည်လည်း၊ ယေဇရေလမြို့သို့ ချီသွားကြ၏။