1لا تزجر شيخا بل عظه كأب والاحداث كاخوة
1အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့၎င်း၊
2والعجائز كامّهات والحدثات كاخوات بكل طهارة
2အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့၎င်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့် တကွ၊ နှမကဲ့သို့၎င်း မှတ်၍ကျင့်လော့။
3اكرم الارامل اللواتي هنّ بالحقيقة ارامل.
3မုတ်ဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။
4ولكن ان كانت ارملة لها اولاد او حفدة فليتعلّموا اولا ان يوقّروا اهل بيتهم ويوفوا والديهم المكافاة. لان هذا صالح ومقبول امام الله.
4သားမြေးရှိသော မုတ်ဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှါ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူ သောအမှုဖြစ်၏။
5ولكن التي هي بالحقيقة ارملة ووحيدة فقد ألقت رجاءها على الله وهي تواظب الطلبات والصلوات ليلا ونهارا.
5မုတ်ဆိုးမအမှန်ဖြစ်၍ တယောက်တည်းကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ညဉ့်မပြတ် တည်နေတတ်၏။
6واما المتنعمة فقد ماتت وهي حية.
6ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုတ်ဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။
7فأوص بهذا لكي يكنّ بلا لوم.
7ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ ဤသို့ ပညတ်ထားလော့။
8وان كان احد لا يعتني بخاصته ولا سيما اهل بيته فقد انكر الايمان وهو شر من غير المؤمن.
8မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်း တရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏။
9لتكتتب ارملة ان لم يكن عمرها اقل من ستين سنة امرأة رجل واحد
9မုတ်ဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တယောက်တည်း ရှိဘူးသောသူ၊
10مشهودا لها في اعمال صالحة ان تكن قد ربّت الاولاد اضافت الغرباء غسلت ارجل القديسين ساعدت المتضايقين اتبعت كل عمل صالح.
10ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။
11اما الارامل الحدثات فارفضهنّ لانهنّ متى بطرن على المسيح يردن ان يتزوجن.
11အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်း ငါအလိုရှိလျှင်၊
12ولهنّ دينونة لانهنّ رفضنّ الايمان الاول.
12အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။
13ومع ذلك ايضا يتعلمن ان يكنّ بطالات يطفن في البيوت ولسن بطالات فقط بل مهذارات ايضا وفضوليات يتكلمن بما لا يجب.
13ထိုမှတပါး၊ တအိမ်မှတအိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။
14فاريد ان الحدثات يتزوجن ويلدن الاولاد ويدبّرن البيوت ولا يعطين علة للمقاوم من اجل الشتم.
14ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဘွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှါ ငါအလိုရှိ၏။
15فان بعضهنّ قد انحرفن وراء الشيطان.
15အကြောင်းမူကား၊ ယခုပင်အချို့တို့သည် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်သွားကြပြီ။
16ان كان لمؤمن او مؤمنة ارامل فليساعدهنّ ولا يثقّل على الكنيسة لكي تساعد هي اللواتي هنّ بالحقيقة ارامل
16ယုံကြည်သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမရှိလျှင်၊ ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင်၊ အမှန်ဖြစ် သော မုတ်ဆိုးမတို့ကို အသင်းတော်သည် အနှောင့်အရှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။
17اما الشيوخ المدبرون حسنا فليحسبوا اهلا لكرامة مضاعفة ولا سيما الذين يتعبون في الكلمة والتعليم.
17ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။
18لان الكتاب يقول لا تكمّ ثورا دارسا. والفاعل مستحق اجرته
18အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ၏။ တချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။
19لا تقبل شكاية على شيخ الا على شاهدين او ثلاثة شهود.
19သက်သေခံနှစ်ဦးသုံးဦးမရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သော စကားကို နားမထောင်နှင့်။
20الذين يخطئون وبّخهم امام الجميع لكي يكون عند الباقين خوف.
20ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင် ၍ ဆုံးမလော့။
21اناشدك امام الله والرب يسوع المسيح والملائكة المختارين ان تحفظ هذا بدون غرض ولا تعمل شيئا بمحاباة.
21ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ်မှာ၎င်း၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေး၏။
22لا تضع يدا على احد بالعجلة ولا تشترك في خطايا الآخرين. احفظ نفسك طاهرا
22အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆောမတင်နှင့်။ သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။
23لا تكن في ما بعد شراب ماء بل استعمل خمرا قليلا من اجل معدتك واسقامك الكثيرة
23သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့။
24خطايا بعض الناس واضحة تتقدم الى القضاء. واما البعض فتتبعهم.
24အချို့သော သူတို့၏ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။
25كذلك ايضا الاعمال الصالحة واضحة والتي هي خلاف ذلك لا يمكن ان تخفى
25ထိုနည်းတူ၊ အချို့သောသူတို့၏ သုစရိုက်သည် ထင်ရှားနှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက်၍မထားနိုင်။