الكتاب المقدس (Van Dyke)

Myanmar

1 Timothy

6

1جميع الذين هم عبيد تحت نير فليحسبوا سادتهم مستحقين كل اكرام لئلا يفترى على اسم الله وتعليمه.
1ဘုရားသခင်၏ နာမတော်နှင့်တရားတော်သည် ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အစေခံကျွန် မည်သည်ကား၊ မိမိသခင်ကို အလွန်ရိုသေထိုက်သော သူဟူ၍ မှတ်စေ။
2والذين لهم سادة مؤمنون لا يستهينوا بهم لانهم اخوة بل ليخدموهم اكثر لان الذين يتشاركون في الفائدة هم مؤمنون ومحبوبون. علّم وعظ بهذا
2သခင်သည်ယုံကြည်သောသူဖြစ်လျှင်၊ ညီအစ်ကိုဖြစ်သည်ဟု စိတ်ထင်နှင့်၊ မခန့်မညားမပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရသောသူသည် ယုံကြည်သောသူ၊ ချစ်အပ်သောသူဖြစ်သောကြောင့် သာ၍ အစေ ခံစေ။ ဤသို့ဆုံးမဩဝါဒပေး၍ တိုက်တွန်းသွေးဆောင်လော့။
3ان كان احد يعلّم تعليما آخر ولا يوافق كلمات ربنا يسوع المسيح الصحيحة والتعليم الذي هو حسب التقوى
3ခြားနားသောဩဝါဒကိုသင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သော စကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကို၎င်း ဝန်မခံသောသူ မည်သည်ကား၊
4فقد تصلّف وهو لا يفهم شيئا بل هو متعلل بمباحثات ومماحكات الكلام التي منها يحصل الحسد والخصام والافتراء والظنون الرديّة
4မာနနှင့်ယစ်မူး၍ အလျှင်နားမလည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသော အားဖြင့် စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊
5ومنازعات اناس فاسدي الذهن وعادمي الحق يظنون ان التقوى تجارة. تجنب مثل هؤلاء.
5စိတ်နှလုံးယိုယွင်း၍၊ သမ္မာတရားနှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။ ဘုရားဝတ်၌ မွှေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။
6واما التقوى مع القناعة فهي تجارة عظيمة.
6ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါးမှန်၏။
7لاننا لم ندخل العالم بشيء وواضح اننا لا نقدر ان نخرج منه بشيء.
7အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။
8فان كان لنا قوت وكسوة فلنكتف بهما.
8သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။
9واما الذين يريدون ان يكونوا اغنياء فيسقطون في تجربة وفخ وشهوات كثيرة غبية ومضرة تغرق الناس في العطب والهلاك.
9ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီး တတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။
10لان محبة المال اصل لكل الشرور الذي اذ ابتغاه قوم ضلّوا عن الايمان وطعنوا انفسهم باوجاع كثيرة.
10အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း။ လူအချို့တို့သည်ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။
11واما انت يا انسان الله فاهرب من هذا واتبع البر والتقوى والايمان والمحبة والصبر والوداعة.
11သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာ ကျင့် ခြင်း၊ ဘုးရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက်လော့။
12جاهد جهاد الايمان الحسن وامسك بالحياة الابدية التي اليها دعيت ايضا واعترفت الاعتراف الحسن امام شهود كثيرين.
12ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသော တိုက် လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကိုကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊ သင်သည်ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ ရှေ့၌ကောင်းမွန်စွာ ဝန်ခံပြီ။
13اوصيك امام الله الذي يحيي الكل والمسيح يسوع الذي شهد لدى بيلاطس البنطي بالاعتراف الحسن
13ငါတို့သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင်၊ သင်သည်အညစ်အကြေးနှင့် ကင်း စင်၍ အပြစ်တင်ခွင့် မရှိဘဲလျက်၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း၊
14ان تحفظ الوصية بلا دنس ولا لوم الى ظهور ربنا يسوع المسيح
14အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်ရှေ့မှာ၎င်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသော ဝန်ခံခြင်းဘက်၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာ၎င်း၊ ငါသည်သင့်ကိုပညတ်ထား၏။
15الذي سيبيّنه في اوقاته المبارك العزيز الوحيد ملك الملوك ورب الارباب
15မရဏနှင့်ကင်းလွတ်သော သူတပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌နေသော နေတော်မူထသော အဘယ်သူမျှ မမြင်ဘူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော၊ မင်္ဂလာ ရှိသော တပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။
16الذي وحده له عدم الموت ساكنا في نور لا يدنى منه الذي لم يره احد من الناس ولا يقدر ان يراه الذي له الكرامة والقدرة الابدية. آمين
16ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။
17اوص الاغنياء في الدهر الحاضر ان لا يستكبروا ولا يلقوا رجاءهم على غير يقينية الغنى بل على الله الحي الذي يمنحنا كل شيء بغنى للتمتع.
17ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစား ဘဲ၊ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစာရမည်အကြောင်းနှင့်၊
18وان يصنعوا صلاحا وان يكونوا اغنياء في اعمال صالحة وان يكونوا اسخياء في العطاء كرماء في التوزيع
18သူတပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာ စိတ်ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း၊
19مدّخرين لانفسهم اساسا حسنا للمستقبل لكي يمسكوا بالحياة الابدية
19မှန်သောအသက်ကို ဝင်စားလိုသောငှါ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဘို့ ဆည်းဖူး ခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။
20يا تيموثاوس احفظ الوديعة معرضا عن الكلام الباطل الدنس ومخالفات العلم الكاذب الاسم
20အိုတိမောသေ၊ သင်၌အပ်ထားသော အရာကို စောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီး စကားပြောခြင်းကို၎င်း၊ သိပ္ပံအတတ်ဟူ၍ အလွဲခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ရှက်ခြင်းကို၎င်း ရှောင်လော့။
21الذي اذ تظاهر به قوم زاغوا من جهة الايمان. ( [ (I Timothy 6:22) ) النعمة معك. آمين ]
21ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ။ သင်၌ကျေးဇူးတော်ရှိစေသတည်း။ အာမင်။