1واخذ ابنا هرون ناداب وابيهو كل منهما مجمرته وجعلا فيهما نارا ووضعا عليها بخورا وقربا امام الرب نارا غريبة لم يامرهما بها.
1အာရုန်၏သားနာဒပ်နှင့် အတိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။
2فخرجت نار من عند الرب واكلتهما فماتا امام الرب.
2ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌ သေကြ၏။
3فقال موسى لهرون هذا ما تكلم به الرب قائلا في القريبين مني اتقدس وامام جميع الشعب اتمجد. فصمت هرون.
3ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။
4فدعا موسى ميشائيل والصافان ابني عزّيئيل عم هرون وقال لهما تقدما ارفعا اخويكما من قدام القدس الى خارج المحلّة.
4မောရှေသည် အာရုန်၏ ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ်၍၊ လာကြ။ သင်တို့ ပေါက်ဘော်တို့ကို သန့်ရှင်းရာ ဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့ဟု ဆိုသည်အတိုင်း၊
5فتقدما ورفعاهما في قميصيهما الى خارج المحلّة كما قال موسى.
5သူတို့သည် လာ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ယူသွားကြ၏။
6وقال موسى لهرون وألعازار وإيثامار ابنيه لا تكشفوا رؤوسكم ولا تشقوا ثيابكم لئلا تموتوا ويسخط على كل الجماعة. واما اخوتكم كل بيت اسرائيل فيبكون على الحريق الذي احرقه الرب.
6မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာနှင့် ဣသမာတို့ကိုခေါ်၍၊ သင်တိ့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကို မဆုတ်နှင့်။ သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှတို့သည် ထာဝရ ဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။
7ومن باب خيمة الاجتماع لا تخرجوا لئلا تموتوا. لان دهن مسحة الرب عليكم. ففعلوا حسب كلام موسى
7သင်တို့သေမည်ကိုစိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာ တံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ ဘိသိက်ဆီသည် သင်တို့အပေါ်၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ၏
8وكلم الرب هرون قائلا
8တဖန် အာရုန်အား ထာဝရဘုရားက၊-
9خمرا ومسكرا لا تشرب انت وبنوك معك عند دخولكم الى خيمة الاجتماع لكي لا تموتوا. فرضا دهريا في اجيالكم
9သင်နှင့်သင်၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၎င်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ်သောအရာ၊
10وللتمييز بين المقدس والمحلل وبين النجس والطاهر
10မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလ အမျိုးသားတို့၌ သွန် သင်တတ်ခြင်းငှါ၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ် မျိုးကို မသောက်နှင့်။
11ولتعليم بني اسرائيل جميع الفرائض التي كلمهم الرب بها بيد موسى
11သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
12وقال موسى لهرون وألعازار وايثامار ابنيه الباقيين خذوا التقدمة الباقية من وقائد الرب وكلوها فطيرا بجانب المذبح لانها قدس اقداس.
12မောရှေသည်လည်း၊ အာရုန်နှင့်ကြွင်းသော သားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရ ဘုရားအား မီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာ အကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာ စားကြလော့။ အလွန်သန့်ရှင်းပေ၏။
13كلوها في مكان مقدّس لانها فريضتك وفريضة بنيك من وقائد الرب. فانني هكذا أمرت.
13ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက သင်နှင့်သင်၏ သားတို့ ခံထိုက်သောအဘို့ ဖြစ်၍ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
14واما صدر الترديد وساق الرفيعة فتاكلونهما في مكان طاهر انت وبنوك وبناتك معك. لانهما جعلا فريضتك وفريضة بنيك من ذبائح سلامة بني اسرائيل.
14ချီလွှဲသောရင်ပတ်၊ ချီမြှောက်သော ပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ် သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။
15ساق الرفيعة وصدر الترديد يأتون بهما مع وقائد الشحم ليردّدا ترديدا امام الرب. فيكونان لك ولبنيك معك فريضة دهرية كما امر الرب
15မီးဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင်ခဲ့ရကြ၍၊ ထာဝရ ပညတ်တော် အတိုင်း၊ သင်နှင့်သင်၏ သားတို့သည် ကိုယ်အဘို့ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာထားတော်မူပြီ ဟုဆိုလေ၏။
16واما تيس الخطية فان موسى طلبه فاذا هو قد احترق. فسخط على ألعازار وايثامار ابني هرون الباقيين وقال
16တဖန် မောရှေသည် အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ကို ကြိုးစား၍ ရှာသော်လည်း မတွေ့။ မီးရှို့ နှင့်ပြီ။ ထိုကြောင့် ကြွင်းသော အာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက် ဆိုသည်ကား၊
17ما لكما لم تاكلا ذبيحة الخطية في المكان المقدس لانها قدس اقداس وقد اعطاكما اياها لتحملا اثم الجماعة تكفيرا عنهم امام الرب.
17အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ၍၊ ထာဝရ ဘုရားရှေ့တော်၌ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကို ပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာ ဌာနတော်၌ အဘယ်ကြောင့် မစားသနည်း။
18انه لم يؤت بدمها الى القدس داخلا. اكلا تأكلانها في القدس كما امرت.
18ထိုယဇ်သား အသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား။ အကယ်၍ ငါမှာထားခဲ့သည် အတိုင်း၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော်၌ စားရမည်ဟုဆိုလျှင်၊-
19فقال هرون لموسى. انهما اليوم قد قربا ذبيحة خطيتهما ومحرقتهما امام الرب وقد اصابني مثل هذه. فلو اكلت ذبيحة الخطية اليوم هل كان يحسن في عيني الرب.
19အာရုန်က၊ ယနေ့ သူတို့သည် လူများတို့ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ် ၌ ထိုသို့သော အမှုရောက်သည်တွင် ၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကို စားမိလျှင်၊ ထာဝရဘုရား နှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။
20فلما سمع موسى حسن في عينيه
20မောရှေသည် ထိုစကားကို ကြားလျှင် ဝန်ခံလေ၏။