الكتاب المقدس (Van Dyke)

Myanmar

Leviticus

11

1وكلم الرب موسى وهرون قائلا لهما
1တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ၍၊-
2كلما بني اسرائيل قائلين. هذه هي الحيوانات التي تأكلونها من جميع البهائم التي على الارض.
2သင်တို့သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာ တို့တွင်၊ -
3كل ما شق ظلفا وقسمه ظلفين ويجترّ من البهائم فايّاه تأكلون
3ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို သင်တို့သည် စားရသော အခွင့်ရှိ၏။
4الا هذه فلا تأكلوها مما يجترّ ومما يشق الظلف الجمل. لانه يجترّ لكنه لا يشق ظلفا. فهو نجس لكم.
4သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
5والوبر. لانه يجترّ لكنه لا يشق ظلفا فهو نجس لكم.
5ရှာဖန်သည် စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
6والارنب. لانه يجترّ لكنه لا يشق ظلفا فهو نجس لكم.
6အာရနဘက်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
7والخنزير. لانه يشق ظلفا ويقسمه ظلفين لكنه لا يجترّ. فهو نجس لكم.
7ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။
8من لحمها لا تأكلوا وجثثها لا تلمسوا. انها نجسة لكم
8ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။
9وهذا تأكلونه من جميع ما في المياه. كل ما له زعانف وحرشف في المياه في البحار وفي الانهار فاياه تاكلون.
9ပင်လယ်ရေ၊ မြစ်ရေ အစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယပ်နှင့် အကြေးရှိ သော တိရစ္ဆာန်ကိုသာ စားရမည်။
10لكن كل ما ليس له زعانف وحرشف في البحار وفي الانهار من كل دبيب في المياه ومن كل نفس حية في المياه فهو مكروه لكم
10အယပ်နှင့် အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက် နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
11ومكروها يكون لكم. من لحمه لا تاكلوا وجثته تكرهون.
11အယပ်အကြေးနှင့် မပြည့်စုံသော ရေတိရစ္ဆာန်အသားကို သင်တို့သည် မစားရ။
12كل ما ليس له زعانف وحرشف في المياه فهو مكروه لكم
12သူတို့ အသေကောင်ကိုလည်း ရွံ့ရှာရကြမည်။
13وهذه تكرهونها من الطيور. لا تؤكل. انها مكروهة. النسر والانوق والعقاب
13သင်တို့သည် ရွံ့ရှာဘွယ်မှတ်၍ မစားရသော ငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊-
14والحدأة والباشق على اجناسه
14ဒါဟ၊ စွန်မျိုး၊
15وكل غراب على اجناسه
15ကျီးမျိုးရှိသမျှ
16والنعامة والظليم والسّأف والباز على اجناسه
16ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊
17والبوم والغوّاص والكركي
17သိမ်းမျိုး၊ ဇီးကွက်၊
18والبجع والقوق والرخم
18ကြိုးကြာ၊ ဣဗိတ်၊ ငှက်
19واللقلق والببغا على اجناسه والهدهد والخفاش
19ကျား၊ ဝံပို၊ ဝံလို၊-တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊-
20وكل دبيب الطير الماشي على اربع فهو مكروه لكم.
20အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာ ဘွယ်ဖြစ်ရကြမည်။
21الا هذا تأكلونه من جميع دبيب الطير الماشي على اربع. ما له كراعان فوق رجليه يثب بهما على الارض.
21သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေ ထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊-
22هذا منه تأكلون. الجراد على اجناسه والدبا على اجناسه والحرجوان على اجناسه والجندب على اجناسه.
22အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။
23لكن سائر دبيب الطير الذي له اربع ارجل فهو مكروه لكم.
23အတောင်ရှိ၍ ခြေလေးချောင်းနှင့် တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
24من هذه تتنجسون. كل من مسّ جثثها يكون نجسا الى المساء
24ထိုတိရစ္ဆာန်အားဖြင့် သင်တို့ စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကို ထိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။
25وكل من حمل من جثثها يغسل ثيابه ويكون نجسا الى المساء.
25ထိုအသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။
26وجميع البهائم التي لها ظلف ولكن لا تشقّه شقّا او لا تجترّ فهي نجسة لكم. كل من مسّها يكون نجسا.
26ခွါမကွဲပြားသော တိရစ္ဆာန်၊ စားမြုံ့မပြန်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်။ သူတို့ အသေကောင်ကို ထိသမျှသော သူတို့သည် မစင်ကြယ်ကြ။
27وكل ما يمشي على كفوفه من جميع الحيوانات الماشية على اربع فهو نجس لكم. كل من مسّ جثثها يكون نجسا الى المساء.
27ခွါမရှိသောသားအမျိုးမျိုးတို့သည် သင်တို့၌ မစင်ကြယ်ကြ။ သူတို့အသေကောင်ကို ထိသော သူသည် ညဦးတိုင်အောင် မစင်ကြယ်။
28ومن حمل جثثها يغسل ثيابه ويكون نجسا الى المساء. انها نجسة لكم
28သူတို့ အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကို လျော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။
29وهذا هو النجس لكم من الدبيب الذي يدبّ على الارض. ابن عرس والفار والضب على اجناسه
29မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊-
30والحرذون والورل والوزغة والعظاية والحرباء.
30တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။
31هذه هي النجسة لكم من كل الدبيب. كل من مسّها بعد موتها يكون نجسا الى المساء.
31သူတို့အသေကောင်ကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။
32وكل ما وقع عليه واحد منها بعد موتها يكون نجسا. من كل متاع خشب او ثوب او جلد او بلاس. كل متاع يعمل به عمل يلقى في الماء ويكون نجسا الى المساء ثم يطهر.
32ထိုအသေကောင်သည် သစ်ခွက်၊ အဝတ်၊ အရေ၊ အမွှေး၊ အိတ်အစရှိသော အသုံးအဆောင် တစုံ တခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင် မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက် စင်ကြယ်လိမ့်မည်။
33وكل متاع خزف وقع فيه منها فكل ما فيه يتنجس واما هو فتكسرونه.
33မြေခွက်တစုံတခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။
34ما ياتي عليه ماء من كل طعام يؤكل يكون نجسا. وكل شراب يشرب في كل متاع يكون نجسا.
34ထိုမြေခွက်ရေသည်၊ စားစရာ အမဲသားပေါ်သို့ ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌ သောက်စရာရေလည်း မစင်ကြယ်။
35وكل ما وقع عليه واحدة من جثثها يكون نجسا. التنور والموقدة يهدمان. انها نجسة وتكون نجسة لكم.
35အကြင်အရာအပေါ်၌ ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင် ကြယ်ရာသို့ ရောက်၍ သင်တို့၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။
36الا العين والبئر مجتمعي الماء تكونان طاهرتين. لكن ما مسّ جثثها يكون نجسا.
36သို့ရာတွင် ရေစုဝေးရာ စမ်းရေတွင်း၊ တူးသော ရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေ ကောင်ကို ထိမိသော အရာသာ မစင်ကြယ်ရာသို့ရောက်၏။
37واذا وقعت واحدة من جثثها على شيء من بزر زرع يزرع فهو طاهر.
37ကြဲစရာ မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။
38لكن اذا جعل ماء على بزر فوقع عليه واحدة من جثثها فانه نجس لكم.
38ရေ၌စိမ်ထားပြီးသော မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌ မစင်ကြယ်။
39واذا مات واحد من البهائم التي هي طعام لكم فمن مسّ جثته يكون نجسا الى المساء.
39သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။
40ومن اكل من جثته يغسل ثيابه ويكون نجسا الى المساء. ومن حمل جثته يغسل ثيابه ويكون نجسا الى المساء
40ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည် မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။
41وكل دبيب يدبّ على الارض فهو مكروه لا يؤكل.
41မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။
42كل ما يمشي على بطنه وكل ما يمشي على اربع مع كل ما كثرت ارجله من كل دبيب يدبّ على الارض لا تأكلوه لانه مكروه.
42ခြေမရှိ၊ ဝမ်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမက များသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန် တစုံတခုကိုမျှ မစားရ။ ရွံရှာဘွယ် ဖြစ်၏။
43لا تدنسوا انفسكم بدبيب يدبّ ولا تتنجسوا به ولا تكونوا به نجسين.
43တွားတတ်သော တိရစ္ဆာန် တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။
44اني انا الرب الهكم فتتقدسون وتكونون قديسين لاني انا قدوس. ولا تنجسوا انفسكم بدبيب يدبّ على الارض.
44ငါသည် သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ။
45اني انا الرب الذي اصعدكم من ارض مصر ليكون لكم الها. فتكونون قديسين لاني انا قدوس
45ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရား ဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊
46هذه شريعة البهائم والطيور وكل نفس حية تسعى في الماء وكل نفس تدب على الارض
46သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။
47للتمييز بين النجس والطاهر وبين الحيوانات التي تؤكل والحيوانات التي لا تؤكل
47ဤရွေ့ကားစင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှါ၊ သား၊ ငှက်၊ ရေ၌သွား၍ အသက်ရှင်သော တိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှ နှင့် ဆိုင်သောတရားဟု မိန့်တော်မူ၏။