الكتاب المقدس (Van Dyke)

Myanmar

Psalms

119

1ا ـ طوبى للكاملين طريقا السالكين في شريعة الرب‎.
1ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။
2‎طوبى لحافظي شهاداته. من كل قلوبهم يطلبونه‎.
2သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာရှိကြ၏။
3‎ايضا لا يرتكبون اثما. في طرقه يسلكون‎.
3ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွား တတ်ကြ၏။
4‎انت اوصيت بوصاياك ان تحفظ تماما
4အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။
5ليت طرقي تثبت في حفظ فرائضك‎.
5ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည် အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။
6‎حينئذ لا اخزى اذا نظرت الى كل وصاياك‎.
6အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ရပါ၏။
7‎احمدك باستقامة قلب عند تعلمي احكام عدلك‎.
7ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည်။
8‎وصاياك احفظ. لا تتركني الى الغاية
8ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော် မမူပါနှင့်။
9ب ـ بم يزكي الشاب طريقه. بحفظه اياه حسب كلامك‎.
9လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်။
10‎بكل قلبي طلبتك. لا تضلني عن وصاياك‎.
10အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်း မဲ့ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။
11‎خبأت كلامك في قلبي لكيلا اخطئ اليك‎.
11ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။
12‎مبارك انت يا رب. علمني فرائضك‎.
12အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော် မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင် တော်မူပါ။
13‎بشفتيّ حسبت كل احكام فمك‎.
13စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။
14‎بطريق شهاداتك فرحت كما على كل الغنى‎.
14ခပ်သိမ်းသော စည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။
15‎بوصاياك الهج والاحظ سبلك‎.
15ပေးတော်မူသော ဩဝါဒကို ဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏။
16‎بفرائضك اتلذذ. لا انسى كلامك
16အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်က ပတ်တော်ကို မမှတ်ဘဲမနေပါ။
17ج ـ احسن الى عبدك فاحيا واحفظ امرك‎.
17ကိုယ်တော်၏ ကျွန်သည် အသက်ရှင်၍၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း၊ ကျေးဇူး ပြုတော်မူပါ။
18‎اكشف عن عينيّ فارى عجائب من شريعتك‎.
18တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင် ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ။
19‎غريب انا في الارض. لا تخف عني وصاياك‎.
19အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။
20‎انسحقت نفسي شوقا الى احكامك في كل حين‎.
20စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တ သောအားဖြင့်၊ အကျွန်ုပ်၏ စိတ်နှလုံးကြေကွဲလျက် ရှိပါ၏။
21‎انتهرت المتكبرين الملاعين الضالين عن وصاياك‎.
21မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏။
22‎دحرج عني العار والاهانة لاني حفظت شهاداتك‎.
22အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည် ဖြစ်၍၊ ကဲ့ရဲ့ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ။
23‎جلس ايضا رؤساء تقاولوا عليّ. اما عبدك فيناجي بفرائضك‎.
23မင်းတို့သည် အကျွန်ုပ်တဘက်၌ ထိုင်၍ပြောကြ ပါ၏။ ကိုယ်တော်၏ ကျွန်မူကား၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ၏။
24‎ايضا شهاداتك هي لذّتي اهل مشورتي
24သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏။
25د ـ لصقت بالتراب نفسي فاحيني حسب كلمتك‎.
25အကျွန်ုပ်၏ အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ။
26‎قد صرّحت بطرقي فاستجبت لي. علمني فرائضك‎.
26အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဘော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော် တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
27‎طريق وصاياك فهمني فاناجي بعجائبك‎.
27ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ် နားလည်စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ်သော အမှု တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။
28‎قطرت نفسي من الحزن. اقمني حسب كلامك‎.
28အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံး အရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။
29‎طريق الكذب ابعد عني وبشريعتك ارحمني‎.
29မုသာလမ်းကို အကျွန်ုပ်ရှောင်ပါမည် အကြောင်း၊ ကယ်မ၍တရားတော်ကို ပေးသနားတော် မူပါ။
30‎اخترت طريق الحق. جعلت احكامك قدامي‎.
30သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ။ စီရင်တော် မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ။
31‎لصقت بشهاداتك. يا رب لا تخزني‎.
31သက်သေခံတော်မူချက်တို့၌ မှီဝဲပါပြီ။ အို ထာဝရဘုရား၊ အရှက်ကွဲစေတော်မမူပါနှင့်။
32‎في طريق وصاياك اجري لانك ترحب قلبي
32အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည်။
33ه ـ علّمني يا رب طريق فرائضك فاحفظها الى النهاية‎.
33အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။
34‎فهمني فالاحظ شريعتك واحفظها بكل قلبي‎.
34ဥာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့် ပါမည်။ စိတ်နှလုံး အကြွင်းမဲ့စောင့်ပါမည်။
35‎دربني في سبيل وصاياك لاني به سررت‎.
35ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။
36‎أمل قلبي الى شهاداتك لا الى المكسب‎.
36အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ။
37‎حول عينيّ عن النظر الى الباطل. في طريقك احيني‎.
37အနတ္တကို ပမာဏမပြုစေခြင်းငှါ အကျွန်ုပ် မျက်စိကို အခြားသို့ လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။
38‎أقم لعبدك قولك الذي لمتقيك‎.
38ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ။
39‎أزل عاري الذي حذرت منه لان احكامك طيبة‎.
39အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင်တော်မူချက်တို့သည် ကောင်း မွန်ကြပါ၏။
40‎هانذا قد اشتهيت وصاياك. بعدلك احيني
40ပေးတော်မူသော ဩဝါဒများကို တောင့်တပါ၏။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
41و ـ لتأتني رحمتك يا رب خلاصك حسب قولك
41အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော။
42فأجاوب معيّري كلمة. لاني اتكلت على كلامك‎.
42ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သော သူ၏စကားကို ချေစရာ အကြောင်း ရှိရပါလိမ့်မည်။
43‎ولا تنزع من فمي كلام الحق كل النزع لاني انتظرت احكامك‎.
43စီရင်တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည် ဖြစ်၍၊ အကျွန်ုပ်၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်။
44‎فاحفظ شريعتك دائما الى الدهر والابد‎.
44ကိုယ်တော်၏တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်။
45‎واتمشى في رحب لاني طلبت وصاياك‎.
45ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍၊ အဆီးအတားမရှိဘဲ သွားလာရ ပါ၏။
46‎واتكلم بشهاداتك قدام ملوك ولا اخزى
46သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်။
47واتلذذ بوصاياك التي احببت‎.
47အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌မွေ့လျော်ပါမည်။
48‎وارفع يديّ الى وصاياك التي وددت واناجي بفرائضك
48နှစ်သက်သော ပညတ်တော် တို့အား လက်တို့ကို ချီ၍၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
49ز ـ اذكر لعبدك القول الذي جعلتني انتظره‎.
49အကျွန်ုပ် မြော်လင့်စရာအကြောင်း၊ ကိုယ်တော် ၏ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။
50‎هذه هي تعزيتي في مذلتي. لان قولك احياني‎.
50ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော် သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။
51‎المتكبرون استهزأوا بي الى الغاية. عن شريعتك لم امل‎.
51မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော်လည်း၊ ကိုယ်တော်၏ တရားလမ်းကို အကျွန်ုပ် မရှောင်ပါ။
52‎تذكرت احكامك منذ الدهر يا رب فتعزيت‎.
52အို ထာဝရဘုရား၊ ရှေးကာလ၌ စီရင်တော်မူ ချက်တို့ကို အကျွန်ုပ် အောက်မေ့၍၊ ကိုယ်ကိုကိုယ် နှစ်သိမ့် စေပါ၏။
53‎الحمية اخذتني بسبب الاشرار تاركي شريعتك‎.
53တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏။
54‎ترنيمات صارت لي فرائضك في بيت غربتي‎.
54အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်းဖြစ်ကြပါ၏။
55‎ذكرت في الليل اسمك يا رب وحفظت شريعتك‎.
55အို ထာဝရဘုရား၊ ညဉ့်အချိန်၌ နာမတော်ကို အကျွန်ု အောက်မေ့၍ တရားတော်ကို စောင့်ပါ၏။
56‎هذا صار لي لاني حفظت وصاياك
56ပေးတော်မူသော ဩဝါဒများကို နားထောင် သောအားဖြင့် အားရပါ၏။
57ح ـ نصيبي الرب قلت لحفظ كلامك‎.
57အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ အဘို့ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။
58‎ترضيت وجهك بكل قلبي. ارحمني حسب قولك‎.
58ကျေးဇူးတော်ကို ခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း အကျွန်ုကို သနားတော်မူပါ။
59‎تفكرت في طرقي ورددت قدمي الى شهاداتك‎.
59ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူ ချက်တို့သို့ လှည့်၍လိုက်ပါ၏။
60‎اسرعت ولم اتوان لحفظ وصاياك‎.
60ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။
61‎حبال الاشرار التفت عليّ. اما شريعتك فلم انسها‎.
61မတရားသောသူ အစည်းအဝေးတို့သည် အကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မမေ့မလျော့ပါ။
62‎في منتصف الليل اقوم لاحمدك على احكام برك‎.
62တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက် ၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။
63‎رفيق انا لكل الذين يتقونك ولحافظي وصاياك‎.
63ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူ သော ဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဘော်တတ်ပါ၏။
64‎رحمتك يا رب قد ملأت الارض. علّمني فرائضك
64အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော် နှင့်ပြည့်ဝပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
65ط ـ خيرا صنعت مع عبدك يا رب حسب كلامك‎.
65အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ကျွန်၌ ကျေးဇူးပြုတော်မူ၏။
66‎ذوقا صالحا ومعرفة علمني لاني بوصاياك آمنت‎.
66ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည် ဖြစ်၍၊ ကောင်းသော ဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။
67‎قبل ان أذلل انا ضللت. اما الآن فحفظت قولك‎.
67အကျွန်ုပ်သည် ဆင်းရဲမခံမှီလမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့်ပါ၏။
68‎صالح انت ومحسن علمني فرائضك‎.
68ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
69‎المتكبرون قد لفقوا عليّ كذبا. اما انا فبكل قلبي احفظ وصاياك.
69မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက်၌ မုသာစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေ သများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။
70سمن مثل الشحم قلبهم. اما انا فبشريعتك اتلذذ‎.
70သူတို့နှလုံး သည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။
71‎خير لي اني تذللت لكي اتعلم فرائضك‎.
71အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှါ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ၏။
72‎شريعة فمك خير لي من الوف ذهب وفضة
72နှုတ်တော်ထွက် တရားတော်သည် ရွှေငွေ အထောင်အသောင်းထက်မက၊ အကျွန်ုပ်၌သာ၍ ကောင်းပါ၏။
73ي ـ يداك صنعتاني وانشأتاني. فهمني فاتعلّم وصاياك‎.
73ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ်တော် တို့ကို အကျွန်ုပ်သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေ တော်မူပါ။
74‎متقوك يرونني فيفرحون لاني انتظرت كلامك‎.
74နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သော ကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။
75‎قد علمت يا رب ان احكامك عدل وبالحق اذللتني‎.
75အို ထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ် ကို ဆင်းရဲစေတော်မူကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။
76‎فلتصر رحمتك لتعزيتي حسب قولك لعبدك‎.
76ကိုယ်တော်၏ ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသော ဟု ဆုတောင်းပါ၏။
77‎لتأتني مراحمك فاحيا لان شريعتك هي لذّتي‎.
77ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။
78‎ليخز المتكبرون لانهم زورا افتروا عليّ. اما انا فاناجي بوصاياك‎.
78မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါ စေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည်။
79‎ليرجع اليّ متقوك وعارفو شهاداتك‎.
79ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေ ခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။
80‎ليكن قلبي كاملا في فرائضك لكيلا اخزى
80ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော။
81ك ـ تاقت نفسي الى خلاصك. كلامك انتظرت‎.
81အကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ၏။
82‎كلّت عيناي من النظر الى قولك فاقول متى تعزيني‎.
82အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အားကုန်ပါ၏။
83‎لاني قد صرت كزق في الدخان. اما فرائضك فلم انسها‎.
83မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။
84‎كم هي ايام عبدك. متى تجري حكما على مضطهديّ‎.
84ကိုယ်တော်၏ ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။
85‎المتكبرون قد كروا لي حفائر. ذلك ليس حسب شريعتك‎.
85မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့တွင်းများကို တူးကြပါပြီ။
86‎كل وصاياك امانة. زورا يضطهدونني. أعنّي‎.
86အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသည် ဖြစ်၍၊ မစတော်မူပါ။
87‎لولا قليل لافنوني من الارض. اما انا فلم اترك وصاياك‎.
87သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ။
88‎حسب رحمتك احيني فاحفظ شهادات فمك
88ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော် ကို စောင့်ပါမည်။
89ل ـ الى الابد يا رب كلمتك مثبتة في السموات‎.
89အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။
90‎الى دور فدور امانتك. اسست الارض فثبتت‎.
90သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့်၊ သူသည်အမြဲနေပါ၏။
91‎على احكامك ثبتت اليوم لان الكل عبيدك‎.
91ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
92‎لو لم تكن شريعتك لذّتي لهلكت حينئذ في مذلتي‏‎.
92အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌မွေ့လျော် ခြင်းမရှိလျှင်၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ။
93‎الى الدهر لا انسى وصاياك لانك بها احييتني‎.
93ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့မလျော့ နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့်၊ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူ၏။
94‎لك انا فخلّصني لاني طلبت وصاياك‎.
94အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သော ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
95‎اياي انتظر الاشرار ليهلكوني. بشهاداتك افطن‎.
95အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက် မေ့ပါမည်။
96‎لكل كمال رأيت حدا. اما وصيتك فواسعة جدا
96ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ် မြင်ပါပြီ။ ပညတ်တရားတော်မူကား၊ အလွန်ကျယ်ဝန်း ပါ၏။
97م ـ كم احببت شريعتك. اليوم كله هي لهجي‎.
97ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ၏။
98‎وصيتك جعلتني احكم من اعدائي لانها الى الدهر هي لي‎.
98ပညတ်တရားတော်သည် အကျွန်ုပ်၏ ရန်သူတို့ ထက်၊ အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏။ ပညတ်တရား တော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။
99‎اكثر من كل معلّميّ تعقلت لان شهاداتك هي لهجي‎.
99သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့်၊ အကျွန်ုပ်၏ ဆရာ အပေါင်းတို့ထက်သာ၍ နားလည်ပါ၏။
100‎اكثر من الشيوخ فطنت لاني حفظت وصاياك‎.
100ကိုယ်တော်၏ ဥပဒေသများကို စောင့်သော ကြောင့်၊ အသက်ကြီးသူတို့ထက်သာ၍ ဥာဏ်ကောင်း ပါ၏။
101‎من كل طريق شر منعت رجلي لكي احفظ كلامك‎.
101နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ၊ မကောင်း သောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏။
102‎عن احكامك لم امل لانك انت علّمتني‎.
102ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့်၊ စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ။
103‎ما احلى قولك لحنكي احلى من العسل لفمي‎.
103မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။
104‎من وصاياك اتفطن. لذلك ابغضت كل طريق كذب
104ကိုယ်တော်၏ ဥပဒေသများအားဖြင့်၊ အကျွန်ုပ် သည် ဥာဏ်တိုး ပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။
105ن ـ سراج لرجلي كلامك ونور لسبيلي‎.
105နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
106‎حلفت فأبره ان احفظ احكام برك‎.
106ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါ မည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။
107‎تذللت الى الغاية. يا رب احيني حسب كلامك‎.
107အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။
108‎ارتض بمندوبات فمي يا رب واحكامك علمني‎.
108အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။
109‎نفسي دائما في كفي. اما شريعتك فلم انسها‎.
109အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိ ပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။
110‎الاشرار وضعوا لي فخا. اما وصاياك فلم اضل عنها‎.
110မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ၍ မသွားပါ။
111‎ورثت شهاداتك الى الدهر لانها هي بهجة قلبي‎.
111သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ်၍၊ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲ ခံယူ ပါ၏။
112‎عطفت قلبي لاصنع فرائضك الى الدهر الى النهاية
112အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။
113س ـ المتقلبين ابغضت وشريعتك احببت‎.
113အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။
114‎ستري ومجني انت. كلامك انتظرت‎.
114ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။
115‎انصرفوا عني ايها الاشرار فاحفظ وصايا الهي‎.
115ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင် မည်။
116‎اعضدني حسب قولك فاحيا ولا تخزني من رجائي‎.
116အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အကျွန်ုပ် မြော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့်။
117‎اسندني فاخلص واراعي فرائضك دائما‎.
117အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည်။
118‎احتقرت كل الضالين عن فرائضك لان مكرهم باطل‎.
118အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ၏။
119‎كزغل عزلت كل اشرار الارض. لذلك احببت شهاداتك‎.
119မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့ သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။
120‎قد اقشعر لحمي من رعبك ومن احكامك جزعت
120ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှာ ကြောက် ပါ၏။
121ع ـ اجريت حكما وعدلا. لا تسلمني الى ظالميّ‎.
121အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြုပါပြီ။ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။
122‎كن ضامن عبدك للخير لكيلا يظلمني المستكبرون‎.
122ကိုယ်တော်၏ ကျွန်အဘို့အလိုငှါ အာမခံတော်မူ ပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြ ပါစေနှင့်။
123‎كلت عيناي اشتياقا الى خلاصك والى كلمة برك‎.
123ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့် မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ။
124‎اصنع مع عبدك حسب رحمتك وفرائضك علمني‎.
124ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
125‎عبدك انا. فهمني فاعرف شهاداتك‎.
125အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကိုနားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ။
126‎انه وقت عمل للرب. قد نقضوا شريعتك‎.
126အို ထာဝရဘုရား၊ စီရင်တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။
127‎لاجل ذلك احببت وصاياك اكثر من الذهب والابريز‎.
127အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက် မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။
128‎لاجل ذلك حسبت كل وصاياك في كل شيء مستقيمة. كل طريق كذب ابغضت
128သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှ တို့ကို မုန်းပါ၏။
129ف ـ عجيبة هي شهاداتك لذلك حفظتها نفسي‎.
129သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။
130‎فتح كلامك ينير يعقل الجهال‎.
130နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မစေတတ်ပါ၏။
131‎فغرت فمي ولهثت لاني الى وصاياك اشتقت‎.
131ပညတ်တော်တို့ကို အကျွန်ုပ် တောင့်တအားကြီး သဖြင့်၊ နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏။
132‎التفت اليّ وارحمني كحق محبي اسمك‎.
132နာမတော်ကို ချစ်သော သူတို့၌ ပြုတော်မူတတ် သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနား တော်မူပါ။
133‎ثبت خطواتي في كلمتك ولا يتسلط عليّ اثم‎.
133မိန့်တော်မူချက် အစဉ်အတိုင်း အကျွန်ုပ်ခြေ လှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည် သော ဒုစရိုက်မျှအစိုးမရပါစေနှင့်။
134‎افدني من ظلم الانسان فاحفظ وصاياك‎.
134လူတို့၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော်၏ဥပဒေသများကို စောင့်ပါ မည်။
135‎اضئ بوجهك على عبدك وعلمني فرائضك‎.
135မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ ကျွန် အပေါ်မှာ ထွန်းလင်းစေ၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
136‎جداول مياه جرت من عيني لانهم لم يحفظوا شريعتك
136သူတပါးများတို့သည် တရားတော်ကို မစောင့် သောကြောင့်၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေ ကဲ့သို့စီးပါ၏။
137ص ـ بار انت يا رب واحكامك مستقيمة‎.
137အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် တော်မူ၏။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြ ပါ၏။
138‎عدلا امرت بشهاداتك وحقا الى الغاية‎.
138ထားတော်မူသော သက်သေခံတော်မူချက်တို့ သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏။
139‎اهلكتني غيرتي لان اعدائي نسوا كلامك‎.
139ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သော ကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲ ပါ၏။
140‎كلمتك ممحصة جدا وعبدك احبها‎.
140နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည် ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် နှစ်သက်ပါ၏။
141‎صغير انا وحقير. اما وصاياك فلم انسها‎.
141အကျွန်ုပ်သည် ငယ်သောသူ၊ မထီမဲ့မြင်ပြုခြင်း ကို ခံရသောသူ ဖြစ်ပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ။
142‎عدلك عدل الى الدهر وشريعتك حق‎.
142ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရ ဖြောင့် မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားသည် သစ္စာ တရားဖြစ်ပါ၏။
143‎ضيق وشدة اصاباني اما وصاياك فهي لذّاتي‎.
143ဆင်းရဲညှိုးငယ်ခြင်းသို့ရောက်သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။
144‎عادلة شهاداتك الى الدهر فهمني فاحيا
144သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ ဥာဏ်ကိုပေးသနားတော်မူပါ။
145ق ـ صرخت من كل قلبي. استجب لي يا رب. فرائضك احفظ‎.
145အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ။ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည်။
146‎دعوتك. خلّصني فاحفظ شهاداتك‎.
146ကိုယ်တော်ကို အော်ဟစ်ပါ၏။ ကယ်တင်တော် မူပါ။ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည်။
147‎تقدمت في الصبح وصرخت. كلامك انتظرت‎.
147မိုဃ်းမလင်းမှီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။
148‎تقدمت عيناي الهزع لكي الهج باقوالك‎.
148ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသော ငှါ၊ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုးတတ်ပါ၏။
149‎صوتي استمع حسب رحمتك. يا رب حسب احكامك احيني‎.
149အို ထာဝရဘုရား၊ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော် မူပါ။
150‎اقترب التابعون الرذيلة. عن شريعتك بعدوا‎.
150မကောင်းသောအကြံအစည်၌ ကျင်လည်သော သူတို့သည် အနီးသို့ချဉ်းကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရားနှင့် ဝေးကြပါ၏။
151‎قريب انت يا رب وكل وصاياك حق‎.
151အို ထာဝရဘုရား၊ ကိုယ်တော်သည် နီးတော်မူ ၏။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြ ပါ၏။
152‎منذ زمان عرفت من شهاداتك انك الى الدهر اسستها
152သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထား တော်မူကြောင်းကို၊ ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။
153ر ـ انظر الى ذلي وانقذني لاني لم انسى شريعتك‎.
153အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု၍၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်၏တရားကို မမေ့ မလျော့ပါ။
154‎احسن دعواي وفكني. حسب كلمتك احيني‎.
154အကျွန်ုပ် အမှုကို စောင့်၍ အကျွန်ုပ်ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော် မူပါ။
155‎الخلاص بعيد عن الاشرار لانهم لم يلتمسوا فرائضك‎.
155မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့်၊ ကယ်တင်ခြင်းနှင့် ဝေးကြပါ၏။
156‎كثيرة هي مراحمك يا رب. حسب احكامك احيني‎.
156အိုထာဝရဘုရား၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
157‎كثيرون مضطهديّ ومضايقيّ. اما شهاداتك فلم امل عنها‎.
157အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြု သော သူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။
158‎رأيت الغادرين ومقت لانهم لم يحفظوا كلمتك‎.
158သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား၊ သူတို့သည် ဗျာဒိတ်တော် စကားကို နားမထောင်ဘဲ နေကြပါ၏။
159‎انظر اني احببت وصاياك. يا رب حسب رحمتك احيني‎.
159ကိုယ်တော်၏ ဥပဒသများကို အကျွန်ုပ် နှစ်သက်ကြောင်းကို မှတ်တော်မူပါ။ အိုထာဝရဘုရား၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ။
160‎راس كلامك حق والى الدهر كل احكام عدلك
160နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ် အမြဲ တည်ကြပါ၏။
161ش ـ رؤساء اضطهدوني بلا سبب. ومن كلامك جزع قلبي‎.
161အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံး သည် စကားတော်ကို ကြောက်ရွံ့ပါ၏။
162‎ابتهج انا بكلامك كمن وجد غنيمة وافرة‎.
162လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။
163‎ابغضت الكذب وكرهته. اما شريعتك فاحببتها‎.
163မုသာစကားကို ကြားပျင်းရွံရှာပါ၏။ တရား တော်ကိုကား နှစ်သက်ပါ၏။
164‎سبع مرات في النهار سبحتك على احكام عدلك‎.
164ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ၏။
165‎سلامة جزيلة لمحبي شريعتك وليس لهم معثرة‎.
165တရားတော်ကို နှစ်သက်သော သူတို့၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်း မရှိပါ။
166‎رجوت خلاصك يا رب ووصاياك عملت‎.
166အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူး ကို အကျွန်ုပ်မြော်လင့်၍၊ ပညတ်တော်တို့ကို ကျင့်ပါ၏။
167‎حفظت نفسي شهاداتك واحبها جدا‎.
167သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။
168‎حفظت وصاياك وشهاداتك لان كل طرقي امامك
168ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော် မူချက်တို့ကို စောင့်ပါ၏။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ရှိကြပါ၏။
169ت ـ ليبلغ صراخي اليك يا رب. حسب كلامك فهمني‎.
169အို ထာဝရဘုရား၊ အကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော် အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ။
170‎لتدخل طلبتي الى حضرتك . ككلمتك نجني‎.
170အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
171‎تنبع شفتاي تسبيحا اذا علمتني فرائضك‎.
171အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ၊ အကျွန်ုပ်၏နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆို ပါမည်။
172‎يغني لساني باقوالك لان كل وصاياك عدل‎.
172အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်။
173‎لتكن يدك لمعونتي لانني اخترت وصاياك‎.
173ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်ပါ သည်ဖြစ်၍၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေ သော။
174‎اشتقت الى خلاصك يا رب وشريعتك هي لذّتي‎.
174အို ထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တပါ၏။ တရားတော်သည် လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။
175‎لتحي نفسي وتسبحك واحكامك لتعنّي‎.
175အကျွန်ုပ်သည် အသက်ရှင်၍၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော။
176‎ضللت كشاة ضالة. اطلب عبدك لاني لم انس وصاياك
176ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော်၏ ကျွန်ကိုရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။