الكتاب المقدس (Van Dyke)

Myanmar

Psalms

120

1ترنيمة المصاعد‎. ‎الى الرب في ضيقي صرخت فاستجاب لي‎.
1အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ်၍၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။
2‎يا رب نج نفسي من شفاه الكذب من لسان غش‎.
2အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သော လျှာမှ၎င်း ကယ်နှုတ်တော်မူပါ။
3‎ماذا يعطيك وماذا يزيد لك لسان الغش‎.
3အိုလှည့်စားတတ်သောလျှာ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း။ အဘယ်အကျိုးကိုခံရသနည်း။
4‎سهام جبار مسنونة مع جمر الرتم‎.
4အားကြီးသော သူ၏ ထက်သောမြှားကဲ့သို့၎င်း၊ ရသမ်သစ်သား မီးခဲကဲ့သို့၎င်းဖြစ်၏။
5‎ويلي لغربتي في ماشك لسكني في خيام قيدار‎.
5ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။
6‎طال على نفسي سكنها مع مبغض السلام‎.
6ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။
7‎انا سلام وحينما اتكلم فهم للحرب
7ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြော လျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။