1ترنيمة المصاعد. كثيرا ما ضايقوني منذ شبابي ليقل اسرائيل
1ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊
2كثيرا ما ضايقوني منذ شبابي. لكن لم يقدروا عليّ.
2ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါ့ကို မနိုင်ကြ။
3على ظهري حرث الحرّاث. طوّلوا اتلامهم.
3ထွန်သော သူတို့သည် ငါ့ကျောပေါ်မှာ ထွန်၍၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ၏။
4الرب صديق. قطع ربط الاشرار.
4ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသော သူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။
5فليخز وليرتد الى الوراء كل مبغضي صهيون.
5ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။
6ليكونوا كعشب السطوح الذي ييبس قبل ان يقلع.
6အိမ်မိုးပေါ်မှာ ပေါက်၍၊ အဘယ်သူမျှ မနှုတ်ဘဲ ညှိုးနွမ်းတတ် သော မြက်ပင်ကဲ့သို့ဖြစ်ကြပါစေ။
7الذي لا يملأ الحاصد كفه منه ولا المحزم حضنه.
7ထိုမြက်ပင်ကို ရိတ်သောသူသည် လက်တဆုပ်မျှ မရ။ စည်းသောသူလည်း လက်တပွေ့မျှမရ။
8ولا يقول العابرون بركة الرب عليكم. باركناكم باسم الرب
8လမ်း၌ ရှောက်သွားသော သူတို့ကလည်း၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါ စေသော။ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းကြီးပေးကြ၏ဟု မပြောမဆိုရကြ။