الكتاب المقدس (Van Dyke)

Myanmar

Psalms

130

1ترنيمة المصاعد‎. ‎من الاعماق صرخت اليك يا رب‎.
1အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။
2‎يا رب اسمع صوتي لتكن اذناك مصغيتين الى صوت تضرعاتي‎.
2အို ထာဝရဘုရား၊ အကျွန်ုပ်၏ စကားသံကို ကြား၍၊ အကျွန်ုပ်ဆုတောင်းပဌနာပြုသံကို နားညောင်း တော်မူပါ။
3‎ان كنت تراقب الآثام يا رب يا سيد فمن يقف‏‎.
3အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။
4‎لان عندك المغفرة لكي يخاف منك‎.
4ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေ ခြင်းငှါ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။
5‎انتظرتك يا رب انتظرت نفسي وبكلامه رجوت‎.
5ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ် သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော် လင့်၏။
6‎نفسي تنتظر الرب اكثر من المراقبين الصبح اكثر من المراقبين الصبح‎.
6နံနက်ကိုမြော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကို မြော်လင့်လျက်နေ၏။
7‎ليرج اسرائيل الرب لان عند الرب الرحمة وعنده فدى كثير‎.
7ဣသရေလအမျိုးသည် ထာဝရဘုရားကို မြော် လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ ကရုဏာ ရှိ၏။ များစွာသော ရွေးနှုတ်ခြင်းကျေးဇူးရှိ၏။ ဣသရေလ အမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့ အထဲက ရွေးနှုတ်တော်မူလိမ့်မည်။
8‎وهو يفدي اسرائيل من كل آثامه