Coptic: New Testament

Myanmar

1 Corinthians

15

1ϯⲧⲁⲙⲟ ⲇⲉ ⳿ⲙⲙⲱⲧⲉⲛ ⲛⲁ⳿ⲥⲛⲏⲟⲩ ⳿ⲉⲡⲓⲉⲩⲁⲅⲅⲉⲗⲓⲟⲛ ⲫⲏⲉⲧⲁⲓϩⲓϣⲉⲛⲛⲟⲩϥⲓ ⳿ⲙⲙⲟϥ ⲛⲱⲧⲉⲛ ⳿ⲉⲧⲉ ⲫⲏ ⲡⲉ ⳿ⲉⲧⲁⲣⲉⲧⲉⲛϭⲓⲧϥ ⲫⲁⲓ ⳿ⲉⲧⲉⲧⲉⲛⲟϩⲓ ⳿ⲉⲣⲁⲧⲉⲛ ⲑⲏⲛⲟⲩ ⳿ⲛϧⲏⲧϥ..
1ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ် သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြား လိုက်၏။
2ⲫⲁⲓ ⲟⲛ ⳿ⲉⲧⲉⲧⲉⲛⲛⲁⲛⲟϩⲉⲙ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧϥ ϫⲉ ϧⲉⲛ ⲟⲩⲥⲁϫⲓ ⲁⲓϩⲓϣⲉⲛⲛⲟⲩϥⲓ ⲛⲱⲧⲉⲛ ⲓⲥϫⲉ ⲧⲉⲧⲉⲛ⳿ⲁⲙⲟⲛⲓ ⳿ⲙⲙⲟϥ ⲥⲁⲃⲟⲗ ⳿ⲓⲙⲏϯ ϩⲓⲕⲏ ⲁⲣⲉⲧⲉⲛⲛⲁϩϯ..
2အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲစိတ်စွဲလမ်းလျှင်၊ ထိုဧဝံ ဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။
3ⲁⲓϯ ⲅⲁⲣ ⳿ⲛⲧⲉⲛⲑⲏⲛⲟⲩ ⳿ⲛϣⲟⲣⲡ ⳿ⲙⲫⲏⲉⲧⲁⲓϭⲓⲧϥ ϫⲉ Ⲡⲭ̅ⲥ̅ ⲁϥⲙⲟⲩ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲉⲛ ⲛⲉⲛⲛⲟⲃⲓ ⲕⲁⲧⲁ ⲛⲓ⳿ⲅⲣⲁⲫⲏ..
3ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
4ⲟⲩⲟϩ ϫⲉ ⲁⲩⲕⲟⲥϥ ⲟⲩⲟϩ ϫⲉ ⲁϥⲧⲱⲛϥ ϧⲉⲛ ⲡⲓ⳿ⲉϩⲟⲟⲩ ⳿ⲙⲙⲁϩⲅ̅ ⲕⲁⲧⲁ ⲛⲓ⳿ⲅⲣⲁⲫⲏ..
4သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
5ⲟⲩⲟϩ ϫⲉ ⲁϥⲟⲩⲟⲛϩϥ ⳿ⲉⲕⲏⲫⲁ ⳿ⲓⲧⲁ ⲁϥⲟⲩⲟⲛϩϥ ⳿ⲉⲡⲓⲓ̅ⲃ̅..
5ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။
6ⲙⲉⲛⲉⲛⲥⲱⲥ ⲁϥⲟⲩⲟⲛϩϥ ⲥⲁ⳿ⲡϣⲱⲓ ⳿ⲛⲫ̅ ⳿ⲛⲥⲟⲛ ⲉⲩⲥⲟⲡ ⲛⲁⲓ ⳿ⲉⲧⲉ ⲡⲟⲩϩⲟⲩ⳿ⲟ ϣⲟⲡ ϣⲁ ⳿ⲉϧⲟⲩⲛ ⳿ⲉϯⲛⲟⲩ ϩⲁⲛⲕⲉⲭⲱⲟⲩⲛⲓ ⲇⲉ ⲁⲩⲉⲛⲕⲟⲧ..
6ထိုနောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။
7⳿ⲓⲧⲁ ⲁϥⲟⲩⲟⲛϩϥ ⳿ⲉⲓⲁⲕⲱⲃⲟⲥ ⳿ⲓⲧⲁ ⲁϥⲟⲩⲟⲛϩϥ ⳿ⲉⲛⲓⲁⲡⲟⲥⲧⲟⲗⲟⲥ ⲧⲏⲣⲟⲩ..
7ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန် တော်အပေါင်းတို့သည် မြင်ရကြ၏။
8⳿ⲉ⳿ⲡϧⲁ⳿ⲉ ⲇⲉ ⳿ⲙⲙⲱⲟⲩ ⲧⲏⲣⲟⲩ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲙⲡⲓⲟⲩϧⲉ ⲁϥⲟⲩⲟⲛϩϥ ⳿ⲉⲣⲟⲓ ϩⲱ..
8နောက်ဆုံး၌ အချိန်မတော်မတန်ဘွားသော သူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။
9⳿ⲁⲛⲟⲕ ⲅⲁⲣ ⲡⲉ ⲡⲓⲕⲟⲩϫⲓ ⳿ⲉⲃⲟⲗ ⲟⲩⲧⲉ ⲛⲓⲁⲡⲟⲥⲧⲟⲗⲟⲥ ⲧⲏⲣⲟⲩ ⳿ⲛϯⲉⲙ⳿ⲡϣⲁ ⲁⲛ ⲉⲑⲣⲟⲩⲙⲟⲩϯ ⳿ⲉⲣⲟⲓ ϫⲉ ⲁⲡⲟⲥⲧⲟⲗⲟⲥ ⲉⲑⲃⲉ ϫⲉ ⲁⲓϭⲟϫⲓ ⳿ⲛⲥⲁ ϯⲉⲕ⳿ⲕⲗⲏⲥⲓⲁ ⳿ⲛⲧⲉ ⲫϯ..
9ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။
10ⲉⲛ ⲟⲩ⳿ϩⲙⲟⲧ ⲇⲉ ⳿ⲛⲧⲉ ⲫϯ ϯⲟⲓ ⳿ⲙⲡⲉϯⲟⲓ ⳿ⲙⲙⲟϥ ⲟⲩⲟϩ ⲡⲉϥ⳿ϩⲙⲟⲧ ⳿ⲉⲧⲉ⳿ⲛϧⲏⲧ ⳿ⲙⲡⲉϥϣⲱⲡⲓ ⲉϥϣⲟⲩⲓⲧ ⲁⲗⲗⲁ ⲁⲓϭⲓϧⲓⲥⲓ ⳿ⲉϩⲟⲧⲉⲣⲱⲟⲩ ⲧⲏⲣⲟⲩ ⳿ⲁⲛⲟⲕ ⲇⲉ ⲁⲛ ⲁⲗⲗⲁ ⲡⲓ⳿ϩⲙⲟⲧ ⳿ⲛⲧⲉ ⲫϯ ⲉⲑⲛⲉⲙⲏⲓ..
10သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြား သော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
11⳿ⲓⲧⲉ ⲟⲩⲛ ⳿ⲁⲛⲟⲕ ⳿ⲓⲧⲉ ⲛⲏ ⲧⲉⲛϩⲓⲱⲓϣ ⳿ⲙⲡⲁⲓⲣⲏϯ ⲟⲩⲟϩ ⲡⲁⲓⲣⲏϯ ⲁⲧⲉⲧⲉⲛⲛⲁϩϯ..
11ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်းသင်တို့သည် ယုံကြည်ကြ၏။
12ⲓⲥϫⲉ ⲇⲉ Ⲡⲭ̅ⲥ̅ ⲥⲉϩⲓⲱⲓϣ ⳿ⲙⲙⲟϥ ϫⲉ ⲁϥⲧⲱⲛϥ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲏⲉⲑⲙⲱⲟⲩⲧ ⲡⲱⲥ ⲟⲩⲟⲛ ϩⲁⲛⲟⲩⲟⲛ ϫⲱ ⳿ⲙⲙⲟⲥ ϧⲉⲛ ⲑⲏⲛⲟⲩ ϫⲉ ⳿ⲙⲙⲟⲛ ⲁⲛⲁⲥⲧⲁⲥⲓⲥ ⳿ⲛⲧⲉ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲛⲁϣⲱⲡⲓ..
12ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက် တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသော သူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။
13ⲓⲥϫⲉ ⲇⲉ ⳿ⲙⲙⲟⲛ ⲁⲛⲁⲥⲧⲁⲥⲓⲥ ⳿ⲛⲧⲉ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲛⲁϣⲱⲡⲓ ⲓⲉ ⲟⲩⲇⲉ ⳿ⲙⲡⲉ Ⲡⲭ̅ⲥ̅ ⲧⲱⲛϥ..
13သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
14ⲓⲥϫⲉ ⲇⲉ ⳿ⲙⲡⲉ Ⲡⲭ̅ⲥ̅ ⲧⲱⲛϥ ϩⲁⲣⲁ ⳿ϥϣⲟⲩⲓⲧ ⳿ⲛϫⲉ ⲡⲉⲛϩⲓⲱⲓϣ ⳿ϥϣⲟⲩⲓⲧ ⲟⲛ ⳿ⲛϫⲉ ⲡⲉⲧⲉⲛⲕⲉⲛⲁϩϯ..
14ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
15ⲥⲉⲛⲁϫⲉⲙⲉⲛ ⲇⲉ ⲟⲛ ⲉⲛⲟⲓ ⳿ⲙⲙⲉⲑⲣⲉ ⳿ⲛⲛⲟⲩϫ ϧⲁ ⲫϯ ϫⲉ ⲁⲛⲉⲣⲙⲉⲑⲣⲉ ϧⲁ ⲫϯ ϫⲉ ⲁϥⲧⲟⲩⲛⲟⲥ Ⲡⲭ̅ⲥ̅ ⲫⲁⲓ ⲉⲧⲉ⳿ⲙⲡⲉϥⲧⲟⲩⲛⲟⲥϥ ⲓⲥϫⲉ ϩⲁⲣⲁ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲛⲁⲧⲱⲟⲩⲛⲟⲩ ⲁⲛ..
15ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။
16ⲓⲥϫⲉ ⲅⲁⲣ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲛⲁⲧⲱⲟⲩⲛⲟⲩ ⲁⲛ ⲓⲉ ⲟⲩⲇⲉ ⳿ⲙⲡⲉ Ⲡⲭ̅ⲥ̅ ⲧⲱⲛϥ..
16အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
17ⲓⲥϫⲉ ⲇⲉ ⳿ⲙⲡⲉ Ⲡⲭ̅ⲥ̅ ⲧⲱⲛϥ ⲟⲩ⳿ⲉ⳿ⲫⲗⲏⲟⲩ ⲡⲉ ⲡⲉⲧⲉⲛⲛⲁϩϯ ⲉⲧⲓ ⲟⲛ ⲧⲉⲧⲉⲛⲭⲏ ⳿ⲛ⳿ϧⲣⲏⲓ ϧⲉⲛ ⲛⲉⲧⲉⲛⲛⲟⲃⲓ..
17ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိကြသေး၏။
18ⲓⲉ ϩⲁⲣⲁ ⲛⲏⲉⲧⲁⲩⲉⲛⲕⲟⲧ ϧⲉⲛ Ⲡⲭ̅ⲥ̅ ⲁⲩⲧⲁⲕⲟ..
18ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။
19ⲓⲥϫⲉ ⲇⲉ ⳿ⲛ⳿ϧⲣⲏⲓ ϧⲉⲛ ⲡⲁⲓⲱⲛϧ ⳿ⲙⲙⲁⲩⲁⲧϥ ⲁⲛⲉⲣϩⲉⲗⲡⲓⲥ ⳿ⲉⲠⲭ̅ⲥ̅ ⲓⲉ ⲧⲉⲛϭⲓ ⳿ⲛⲟⲩⲛⲁⲓ ⳿ⲉⲣⲟⲛ ⳿ⲉϩⲟⲧⲉ ⲣⲱⲙⲓ ⲛⲓⲃⲉⲛ..
19ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ ထက်သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။
20ϯⲛⲟⲩ ⲇⲉ ⲁ Ⲡⲭ̅ⲥ̅ ⲧⲱⲛϥ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲏ ⲉⲑⲙⲱⲟⲩⲧ ⳿ⲧ⳿ⲁⲡⲁⲣⲭⲏ ⳿ⲛⲧⲉ ⲛⲏⲉⲧⲁⲩⲉⲛⲕⲟⲧ..
20ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီး သော အသီးဖြစ်တော်မူပြီ။
21⳿ⲉⲡⲓⲇⲏ ⲅⲁⲣ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲟⲩⲣⲱⲙⲓ ⲁ ⳿ⲫⲙⲟⲩ ϣⲱⲡⲓ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲕⲉⲣⲱⲙⲓ ⳿ⲧⲁⲛⲁⲥⲧⲁⲥⲓⲥ ⳿ⲛⲧⲉ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ..
21သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရား သည် လူအားဖြင့် တည်လျက်ရှိ၏။
22⳿ⲙ⳿ⲫⲣⲏϯ ⲅⲁⲣ ⳿ⲉⲧⲉ ϧⲉⲛ ⲁⲇⲁⲙ ⲥⲉⲛⲁⲙⲟⲩ ⲧⲏⲣⲟⲩ ⲡⲁⲓⲣⲏϯ ⲟⲛ ϧⲉⲛ Ⲡⲭ̅ⲥ̅ ⲥⲉⲛⲁⲱⲛϧ ⲧⲏⲣⲟⲩ..
22လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
23ⲡⲓⲟⲩⲁⲓ ⲇⲉ ⲡⲓⲟⲩⲁⲓ ϧⲉⲛ ⲡⲉϥⲧⲁⲅⲙⲁ ⳿ⲁⲡⲁⲣⲭⲏ Ⲡⲭ̅ⲥ̅ ⳿ⲓⲧⲁ ⲛⲁ Ⲡⲭ̅ⲥ̅ ϧⲉⲛ ⲡⲉϥϫⲓⲛ⳿ⲓ..
23သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးအသီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
24⳿ⲓⲧⲁ ⲡⲓϫⲱⲕ ϩⲟⲧⲁⲛ ⲁϥϣⲁⲛϯ ⳿ⲛϯⲙⲉⲧⲟⲩⲣⲟ ⳿ⲛⲧⲉ ⲫϯ ⲟⲩⲟϩ ⳿ⲫⲓⲱⲧ ⳿ⲉϣⲱⲡ ⲁϥϣⲁⲛⲕⲱⲣϥ ⳿ⲛⲁⲣⲭⲏ ⲛⲓⲃⲉⲛ ⲛⲉⲙ ⳿ⲉⲝⲟⲩⲥⲓ⳿ⲁ ⲛⲓⲃⲉⲛ ⲛⲉⲙ ϫⲟⲙ ⲛⲓⲃⲉⲛ..
24ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော် မူပြီးမှ ကမ္ဘာကုန်ရလတံ့။
25ϩⲱϯ ⲅⲁⲣ ⳿ⲉⲣⲟϥ ⳿ⲛⲧⲉϥⲉⲣⲟⲩⲣⲟ ϣⲁⲧⲉϥⲭⲁ ⲛⲉϥϫⲁϫⲓ ⲧⲏⲣⲟⲩ ⲥⲁⲡⲉⲥⲏⲧ ⳿ⲛⲛⲉϥ ϭⲁⲗⲁⲩϫ..
25ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါး တော်အောက်၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုး တော်မူရမည်။
26ⲡⲓϧⲁ⳿ⲉ ⳿ⲛϫⲁϫⲓ ⳿ϥⲛⲁⲕⲱⲣϥ ⳿ⲉⲧⲉ ⳿ⲫⲙⲟⲩ ⲡⲉ..
26နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
27ⲁϥⲉⲑⲣⲉ ⲉⲛⲭⲁⲓ ⲛⲓⲃⲉⲛ ⳿ϭⲛⲉϫⲱⲟⲩ ⲥⲁⲡⲉⲥⲏⲧ ⳿ⲛⲛⲉϥϭⲁⲗⲁⲩϫ ⳿ⲉϣⲱⲡ ⲇⲉ ⲁϥϣⲁⲛϫⲟⲥ ϫⲉ ⲁ ⲉⲛⲭⲁⲓ ⲛⲓⲃⲉⲛ ⳿ϭⲛⲉϫⲱⲟⲩ ⲛⲁϥ ⳿ϥⲟⲩⲟⲛϩ ⳿ⲉⲃⲟⲗ ϫⲉ ϣⲁⲧⲉⲛ ⲫⲏⲉⲧⲁϥ⳿ⲑⲣⲉ ⲉⲛⲭⲁⲓ ⲛⲓⲃⲉⲛ ⳿ϭⲛⲉϫⲱⲟⲩ ⲛⲁϥ..
27ခပ်သိမ်းသောအရာတို့ကို လူသား၏ ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထား တော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။
28⳿ⲉϣⲱⲡ ⲇⲉ ⲁⲣⲉϣⲁⲛ ⲉⲛⲭⲁⲓ ⲛⲓⲃⲉⲛ ⳿ϭⲛⲉϫⲱⲟⲩ ⲛⲁϥ ⲧⲟⲧⲉ ⳿ⲛⲑⲟϥ ϩⲱϥ ⲡⲓϣⲏⲣⲓ ⲉϥⲉ⳿ϭⲛⲉϫⲱϥ ⳿ⲙⲫⲏⲉⲧⲁϥ⳿ⲑⲣⲉ ⲉⲛⲭⲁⲓ ⲛⲓⲃⲉⲛ ⳿ϭⲛⲉϫⲱⲟⲩ ⲛⲁϥ ϩⲓⲛⲁ ⳿ⲛⲧⲉ ⲫϯ ϣⲱⲡⲓ ⳿ⲛⲑⲟϥ ⲡⲉ ϩⲱⲃ ⲛⲓⲃⲉⲛ ϧⲉⲛ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ..
28ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။
29⳿ⲉ⳿ⲙⲙⲟⲛ ⲟⲩ ⲡⲉⲧⲟⲩⲛⲁⲁⲓϥ ⳿ⲛϫⲉ ⲛⲏⲉⲧϭⲓⲱⲙⲥ ⳿ⲉϫⲉⲛ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲓⲥϫⲉ ϩⲟⲗⲱⲥ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲛⲁⲧⲱⲟⲩⲛⲟⲩ ⲁⲛ ⲓⲉ ⲉⲑⲃⲉⲟⲩ ⲥⲉⲉⲣ⳿ⲡⲕⲉϭⲓⲱⲙⲥ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲟⲩ..
29သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။
30ⲉⲑⲃⲉⲟⲩ ⳿ⲁⲛⲟⲛ ϩⲱⲛ ⲧⲉⲛⲉⲣⲕⲩⲛⲇⲓⲛⲉⲩⲓⲛ ⳿ⲛⲟⲩⲛⲟⲩ ⲛⲓⲃⲉⲛ..
30ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်း အရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
31ϯⲙⲱⲟⲩⲧ ⳿ⲙⲙⲏⲛⲓ ϣⲁ ⲡⲉⲧⲉⲛϣⲟⲩϣⲟⲩ ⲛⲁ⳿ⲥⲛⲏⲟⲩ ⲫⲁⲓ ⲉⲧⲉⲛⲧⲏⲓ ⳿ⲙⲙⲁⲩ ϧⲉⲛ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅ ⲡⲉⲛ⳪..
31ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင် ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
32ⲓⲥϫⲉ ϧⲉⲛ ⲟⲩⲙⲉⲧⲣⲱⲙⲓ ⲁⲓϯ ⲟⲩⲃⲉ ⲡⲓⲑⲏⲣⲓⲟⲛ ϧⲉⲛ ⳿ⲉⲫⲉⲥⲟⲥ ⲟⲩ ⲡⲉ ⲡⲁϩⲏⲟⲩ ⲓⲥϫⲉ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲛⲁⲧⲱⲟⲩⲛⲟⲩ ⲁⲛ ⲙⲁⲣⲉⲛⲟⲩⲱⲙ ⲟⲩⲟϩ ⳿ⲛⲧⲉⲛⲥⲱ ⲣⲁⲥϯ ⲅⲁⲣ ⲧⲉⲛⲛⲁⲙⲟⲩ..
32သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။
33⳿ⲙⲡⲉⲣⲥⲱⲣⲉⲙ ϣⲁⲣⲉ ⲛⲓⲥⲁϫⲓ ⲅⲁⲣ ⲉⲧϩⲱⲟⲩ ϣⲁⲩⲧⲁⲕⲉ ⲛⲓϩⲏⲧ ⲉⲑⲛⲁⲛⲉⲩ..
33အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ်၏။
34ϣⲱⲡⲓ ⲉⲣⲉⲧⲉⲛⲣⲏⲥ ϧⲉⲛ ⲟⲩⲙⲉⲑⲙⲏⲓ ⲟⲩⲟϩ ⳿ⲙⲡⲉⲣⲉⲣⲛⲟⲃⲓ ⲟⲩⲙⲉⲧⲁⲧⲥⲟⲩⲉⲛ ⲫϯ ⲅⲁⲣ ⲉⲧϣⲟⲡ ϧⲉⲛ ϩⲁⲛⲟⲩⲟⲛ ⲁⲓⲥⲁϫⲓ ⲛⲉⲙⲱⲧⲉⲛ ϧⲉⲛ ⲟⲩ⳿ϫⲫⲓ⳿ⲟ..
34တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို၏။
35ⲁⲗⲗⲁ ⲟⲩⲟⲛ ⲟⲩⲁⲓ ⲛⲁϫⲟⲥ ϫⲉ ⲡⲱⲥ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲛⲁⲧⲱⲟⲩⲛⲟⲩ ⲁⲩⲛⲏⲟⲩ ⲇⲉ ϧⲉⲛ ⲁϣ ⳿ⲛⲥⲱⲙⲁ..
35သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့်ပေါ်လာကြမည် နည်းဟု တစုံတယောက်သောသူ မေးလိမ့်မည်။
36ⲡⲓⲁⲧϩⲏⲧ ⲡⲉⲧⲉⲕⲥⲓϯ ⳿ⲙⲙⲟϥ ⳿ⲛⲑⲟⲕ ⳿ⲙⲡⲁϥⲱⲛϧ ⲁϥ⳿ϣⲧⲉⲙⲙⲟⲩ..
36အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။
37ⲟⲩⲟϩ ⲡⲉⲧⲉⲕⲥⲓϯ ⳿ⲙⲙⲟϥ ⲡⲓⲥⲱⲙⲁ ⲉⲑⲛⲁϣⲱⲡⲓ ⳿ⲛⲑⲟϥ ⲁⲛ ⲡⲉⲧⲉⲕⲥⲓϯ ⳿ⲙⲙⲟϥ ⲁⲗⲗⲁ ⲟⲩⲛⲁⲫⲣⲓ ⲧⲉ ⲉⲥⲃⲏϣ ⳿ⲓⲧⲉ ⲟⲩⲥⲟⲩ⳿ⲟ ⳿ⲓⲧⲉ ⲕⲉⲟⲩⲁⲓ ⳿ⲙ⳿ⲡⲥⲉⲡⲓ ⳿ⲛⲛⲓ⳿ϫⲣⲟϫ..
37ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြား သောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။
38ⲫϯ ⲇⲉ ϣⲁϥϯ ⲥⲱⲙⲁ ⲛⲁϥ ⲕⲁⲧⲁ ⳿ⲫⲣⲏϯ ⳿ⲉⲧⲁϥⲟⲩⲱϣ ⲟⲩⲟϩ ⳿ⲫⲟⲩⲁⲓ ⳿ⲫⲟⲩⲁⲓ ⳿ⲛⲛⲓ⳿ϫⲣⲟϫ ⳿ϥϯ ⳿ⲙⲡⲟⲩⲥⲱⲙⲁ ⲛⲱⲟⲩ ⳿ⲙⲙⲓⲛ ⳿ⲙⲙⲱⲟⲩ..
38ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အား လည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။
39ⲥⲁⲣⲝ ⲛⲓⲃⲉⲛ ⲧⲁⲓⲥⲁⲣⲝ ⲁⲛ ⲧⲉ ⲁⲗⲗⲁ ⲟⲩⲉⲧ ⳿ⲧⲥⲁⲣⲝ ⲙⲉⲛ ⳿ⲛⲧⲉ ⲛⲓⲣⲱⲙⲓ ⲟⲩⲉⲧ ⳿ⲧⲥⲁⲣⲝ ⳿ⲛⲧⲉ ⲛⲓⲧⲉⲃⲛⲱⲟⲩ⳿ⲓ ⲟⲩⲉⲧ ⲥⲁⲣⲝ ⲇⲉ ⳿ⲛⲧⲉ ⲛⲓϩⲁⲗⲁϯ ⲟⲩⲉⲧ ⲑⲁ ⲛⲓⲧⲉⲃⲧ..
39အသားရှိသမျှတို့သည် တမျိုးတည်းမဟုတ်။ လူသားတမျိုး၊ အမဲသားတမျိုး၊ ငါးသားတမျိုး၊ ငှက်သား တမျိုး၊ အသီးအသီးရှိကြ၏။
40ⲟⲩⲟⲛ ⲟⲩⲥⲱⲙⲁ ⲟⲛ ⳿ⲛⲧⲉ ⳿ⲧⲫⲉ ⲟⲩⲟⲛ ⲟⲩⲥⲱⲙⲁ ⳿ⲛⲧⲉ ⲛⲁ ⳿ⲡⲕⲁϩⲓ ⲁⲗⲗⲁ ⲟⲩⲉⲧ ⳿ⲡⲱⲟⲩ ⲙⲉⲛ ⳿ⲛⲧⲉ ⲛⲁ ⳿ⲧⲫⲉ ⲟⲩⲉⲧ ⳿ⲡⲱⲟⲩ ⲇⲉ ⳿ⲛⲧⲉ ⲛⲁ ⳿ⲡⲕⲁϩⲓ..
40ကောင်းကင်အကောင်အထည်လည်းရှိ၏။ မြေကြီးအကောင်အထည်လည်းရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုးဖြစ်၏။
41ⲟⲩⲉⲧ ⳿ⲡⲱⲟⲩ ⳿ⲙ⳿ⲫⲣⲏ ⲟⲩⲉⲧ ⳿ⲡⲱⲟⲩ ⳿ⲙⲡⲓⲓⲟϩ ⲟⲩⲉⲧ ⳿ⲡⲱⲟⲩ ⳿ⲛⲛⲓⲥⲓⲟⲩ ⲟⲩⲟⲛ ⲟⲩⲥⲓⲟⲩ ⲅⲁⲣ ⲉϥⲟⲩⲟⲧ ⳿ⲉⲥⲓⲟⲩ ϧⲉⲛ ⲡⲉϥⲱⲟⲩ..
41နေ၏ဂုဏ်အသရေတမျိုး၊ လ၏ဂုဏ်အသရေတမျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတမျိုးအသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။
42ⲡⲁⲓⲣⲏϯ ⲟⲛ ⲡⲉ ϯⲕⲉ⳿ⲁⲛⲁⲥⲧⲁⲥⲓⲥ ⳿ⲛⲧⲉ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲥⲉⲥⲓϯ ⳿ⲙⲙⲟⲥ ϧⲉⲛ ⲟⲩⲧⲁⲕⲟ ⳿ⲥⲛⲁⲧⲱⲛⲥ ϧⲉⲛ ⲟⲩⲙⲉⲧⲁⲧⲧⲁⲕⲟ..
42ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက်သောအခါ၊ ပုပ်တတ်သောသဘေရှိ၏။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ်၌ တည်၏။
43ⲥⲉⲥⲓϯ ⳿ⲙⲙⲟⲥ ϧⲉⲛ ⲟⲩϣⲱϣ ⳿ⲥⲛⲁⲧⲱⲛⲥ ϧⲉⲛ ⲟⲩⲱⲟⲩ ⲥⲉⲥⲓϯ ⳿ⲙⲙⲟⲥ ϧⲉⲛ ⲟⲩϫⲱⲃ ⲥⲛⲁⲧⲱⲛⲥ ϧⲉⲛ ⲟⲩϫⲟⲙ..
43စိုက်သောအခါဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ၏။
44ⲥⲉⲥⲓϯ ⳿ⲛⲟⲩⲥⲱⲙⲁ ⳿ⲙⲯⲩⲭⲓⲕⲟⲛ ⳿ϥⲛⲁⲧⲱⲛϥ ⳿ⲛϫⲉ ⲥⲱⲙⲁ ⳿ⲙⲡⲛ̅ⲁ̅ⲧⲓⲕⲟⲛ ⲓⲥϫⲉ ⲟⲩⲟⲛ ⲥⲱⲙⲁ ⳿ⲙⲯⲩⲭⲓⲕⲟⲛ ⲓⲉ ⲟⲩⲟⲛ ⲥⲱⲙⲁ ⲟⲛ ⳿ⲙⲡⲛ̅ⲁ̅ⲧⲓⲕⲟⲛ..
44စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တမျိုး၊ ဝိညာဏကိုယ်တမျိုးရှိ၏။
45ⲁⲥ⳿ⲥϧⲏⲟⲩⲧ ⲣⲱ ⲟⲛ ⳿ⲙⲡⲁⲓⲣⲏϯ ϫⲉ ⲁϥϣⲱⲡⲓ ⳿ⲛϫⲉ ⲁⲇⲁⲙ ⲡⲓⲣⲱⲙⲓ ⳿ⲛϩⲟⲩⲓⲧ ⲉⲩⲯⲩⲭⲏ ⲉⲥⲱⲛϧ ⲡⲓϧⲁ⳿ⲉ ⲇⲉ ⲁⲇⲁⲙ ⲟⲩⲡⲛ̅ⲁ̅ ⲉϥⲧⲁⲛϧⲟ..
45ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ်၏။
46ⲁⲗⲗⲁ ⲡⲓⲡⲛ̅ⲁ̅ⲧⲓⲕⲟⲛ ⲁⲛ ⲡⲉ ⲡⲓϣⲟⲣⲡ ⲁⲗⲗⲁ ⲡⲓⲯⲩⲭⲓⲕⲟⲛ ⲡⲉ ⲙⲉⲛⲉⲛⲥⲱϥ ⲡⲓⲡⲛ̅ⲁ̅ⲧⲓⲕⲟⲛ..
46ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။
47ⲡⲓⲣⲱⲙⲓ ⳿ⲛϩⲟⲩⲓⲧ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲡⲕⲁϩⲓ ⲡⲉ ⳿ⲛⲣⲉⲙ⳿ⲛⲕⲁϩⲓ ⲡⲓⲙⲁϩⲃ̅ ⳿ⲛⲣⲱⲙⲓ ⲡ⳪ ⳿ⲉⲃⲟⲗϧⲉⲛ ⳿ⲧⲫⲉ ⲡⲉ..
47ရှေ့ဦးစွာသော လူသည်မြေကြီးကဖြစ်သော ကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင် ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။
48⳿ⲙ⳿ⲫⲣⲏϯ ⳿ⲙⲡⲓⲣⲉⲙ⳿ⲛⲕⲁϩⲓ ⲡⲁⲓⲣⲏϯ ⲟⲛ ⲛⲓⲕⲉⲣⲉⲙ⳿ⲛⲕⲁϩⲒ ⲟⲩⲟϩ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲙⲡⲓⲣⲉⲙ⳿ⲙⲫⲉ ⲡⲁⲓⲣⲏϯ ⲟⲛ ⲛⲓⲕⲉⲣⲉⲙ⳿ⲙⲫⲉ..
48မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။
49ⲟⲩⲟϩ ⳿ⲙ⳿ⲫⲣⲏϯ ⲉⲧⲁⲛⲉⲣⲫⲟⲣⲓⲛ ⳿ⲛ⳿ⲧϩⲓⲕⲱⲛ ⳿ⲛⲧⲉ ⲡⲓⲣⲉⲙ⳿ⲛⲕⲁϩⲓ ⲙⲁⲣⲉⲛⲉⲣⲫⲟⲣⲓⲛ ⳿ⲛϯϩⲓⲕⲱⲛ ⳿ⲛⲧⲉ ⲡⲓⲣⲉⲙ⳿ⲙⲫⲉ..
49ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကို ဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြ လိမ့်မည်။
50ⲫⲁⲓ ⲇⲉ ϯϫⲱ ⳿ⲙⲙⲟϥ ⲛⲁ⳿ⲥⲛⲏⲟⲩ ϫⲉ ⲥⲁⲣⲝ ϩⲓ ⳿ⲥⲛⲟϥ ⲥⲉⲛⲁⲉⲣ⳿ⲕⲗⲏⲣⲟⲛⲟⲙⲓⲛ ⲁⲛ ⳿ⲛϯⲙⲉⲧⲟⲩⲣⲟ ⳿ⲛⲧⲉ ⲫϯ ⲟⲩⲇⲉ ⳿ⲡⲧⲁⲕⲟ ⳿ϥⲛⲁⲉⲣ⳿ⲕⲗⲏⲣⲟⲛⲟⲙⲓⲛ ⲁⲛ ⳿ⲛϯⲙⲉⲧⲁⲧⲧⲁⲕⲟ..
50ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။
51ϩⲏⲡⲡⲉ ⲟⲩⲙⲩⲥⲧⲏⲣⲓⲟⲛ ⲡⲉϯϫⲱ ⳿ⲙⲙⲟϥ ⲛⲱⲧⲉⲛ ⲧⲉⲛⲛⲁⲉⲛⲕⲟⲧ ⲙⲉⲛ ⲧⲏⲣⲟⲩ ⲁⲛ ⲥⲉⲛⲁϣⲟⲃⲧⲉⲛ ⲇⲉ ⲧⲏⲣⲟⲩ..
51နက်နဲသော အရာတခုကိုငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။
52ϧⲉⲛ ⲟⲩⲥⲟⲩⲥⲟⲩ ϧⲉⲛ ⲟⲩⲣⲓⲕⲓ ⳿ⲙⲃⲁⲗ ϧⲉⲛ ϯϧⲁ⳿ⲉ ⳿ⲛⲥⲁⲗⲡⲓⲅⲅⲟⲥ ⲉⲥ⳿ⲉⲙⲟⲩϯ ⲅⲁⲣ ⳿ⲛϫⲉ ϯⲥⲁⲗⲡⲓⲅⲝ ⲟⲩⲟϩ ⲛⲓⲣⲉϥⲙⲱⲟⲩⲧ ⲉⲩ⳿ⲉⲧⲱⲟⲩⲛⲟⲩ ⲉⲩⲟⲓ ⳿ⲛⲁⲧⲁⲕⲟ ⲟⲩⲟϩ ⳿ⲁⲛⲟⲛ ϩⲱⲛ ⲥⲉⲛⲁϣⲟⲃⲧⲉⲛ..
52သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
53ϩⲱϯ ⲅⲁⲣ ⳿ⲛⲧⲉ ⲫⲁⲓ ⲉⲑⲛⲁⲧⲁⲕⲟ ⳿ⲛⲧⲉϥϯϩⲓⲱⲧϥ ⳿ⲛϯⲙⲉⲧⲁⲧⲧⲁⲕⲟ ⲟⲩⲟϩ ⲫⲁⲓ ⲉⲑⲛⲁⲙⲟⲩ ⳿ⲛⲧⲉϥϯϩⲓⲱⲧϥ ⳿ⲛϯⲙⲉⲧⲁⲑⲙⲟⲩ..
53ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။
54ϩⲟⲧⲁⲛ ⲇⲉ ⲁⲣⲉϣⲁⲛ ⲫⲁⲓ ⲉⲑⲛⲁⲙⲟⲩ ϯϩⲓⲱⲧϥ ⳿ⲛϯⲙⲉⲧⲁⲑⲙⲟⲩ ⲧⲟⲧⲉ ⲉϥ⳿ⲉϣⲱⲡⲓ ⳿ⲛϫⲉ ⲡⲓⲥⲁϫⲓ ⲉⲧ⳿ⲥϧⲏⲟⲩⲧ ϫⲉ ⲁⲩⲱⲙⲕ ⳿ⲙ⳿ⲫⲙⲟⲩ ⲉⲩ⳿ϭⲣⲟ..
54ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်။
55ⲁⲥⲑⲱⲛ ⲡⲉ⳿ϭⲣⲟ ⲁⲙⲉⲛϯ ⲁⲥⲑⲱⲛ ⲧⲉⲕⲥⲟⲩⲣⲓ ⳿ⲫⲙⲟⲩ..
55အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။
56⳿ⲧⲥⲟⲩⲣⲓ ⲅⲁⲣ ⳿ⲙ⳿ⲫⲙⲟⲩ ⳿ⲫⲛⲟⲃⲓ ⲡⲉ ⳿ⲧϫⲟⲙ ⲇⲉ ⳿ⲙ⳿ⲫⲛⲟⲃⲓ ⳿ⲫⲛⲟⲙⲟⲥ ⲡⲉ..
56သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။
57⳿ⲡ⳿ϩⲙⲟⲧ ⲇⲉ ⳿ⲙⲫϯ ϣⲏⲡ ⲫⲁⲓ ⲉⲧϯ ⳿ⲙⲡⲓ⳿ϭⲣⲟ ⲛⲁⲛ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅..
57ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။
58ϩⲱⲥⲧⲉ ⲛⲁ⳿ⲥⲛⲏⲟⲩ ⳿ⲙⲙⲉⲛⲣⲁϯ ϣⲱⲡⲓ ⲉⲣⲉⲧⲉⲛⲧⲁϫⲣⲏⲟⲩⲧ ⲉⲣⲉⲧⲉⲛⲟⲓ ⳿ⲛⲁⲧⲕⲓⲙ ⲉⲣⲉⲧⲉⲛⲟⲓ ⳿ⲛϩⲟⲩ⳿ⲟ ϧⲉⲛ ⲡⲓϩⲱⲃ ⳿ⲛⲧⲉ Ⲡ⳪ ⳿ⲛⲥⲏⲟⲩ ⲛⲓⲃⲉⲛ ⲉⲣⲉⲧⲉⲛ⳿ⲉⲙⲓ ϫⲉ ⲡⲉⲧⲉⲛϧⲓⲥⲓ ⳿ϥϣⲟⲩⲓⲧ ⲁⲛ ϧⲉⲛ Ⲡ⳪.
58ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။