Coptic: New Testament

Myanmar

1 Corinthians

16

1ⲉⲑⲃⲉ ⲡⲓⲥⲱⲣ ⲇⲉ ⲉⲧⲁϥϣⲱⲡⲓ ⲉⲑⲃⲉ ⲛⲓⲁⲅⲓⲟⲥ ⳿ⲙ⳿ⲫⲣⲏϯ ⲉⲧⲁⲓⲟⲩⲁϩⲥⲁϩⲛⲓ ⳿ⲛⲛⲓⲉⲕ⳿ⲕⲗⲏⲥⲓⲁ ⳿ⲛⲧⲉ ⳿ⲧⲅⲁⲗⲁⲧⲓⲁ ⳿ⲁⲣⲓⲟⲩ⳿ⲓ ϩⲱⲧⲉⲛ ⳿ⲙⲡⲁⲓⲣⲏϯ..
1သန့်ရှင်းသူတို့အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။
2ⲕⲁⲧⲁ ⳿ⲫⲟⲩⲁⲓ ⳿ⲛⲛⲓⲥⲁⲃⲃⲁⲧⲟⲛ ⲙⲁⲣⲉ ⲡⲓⲟⲩⲁⲓ ⲡⲓⲟⲩⲁⲓ ⳿ⲙⲙⲱⲧⲉⲛ ⲭⲱ ⳿ⲛⲧⲟⲧϥ ⲉϥϩⲓⲟⲩ⳿ⲓ ⳿ⲉϧⲟⲩⲛ ⳿ⲙⲫⲏⲉⲧⲉ ⲡⲉϥⲙⲱⲓⲧ ⲛⲁⲥⲱⲟⲩⲧⲉⲛ ⳿ⲛϧⲏⲧϥ ϩⲓⲛⲁ ⲙⲏⲡⲱⲥ ⲁⲓϣⲁⲛ⳿ⲓ ⲧⲟⲧⲉ ⳿ⲛⲧⲉ ϩⲁⲛⲱⲡ ϣⲱⲡⲓ..
2ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။
3ⲉϣⲱⲡ ⲇⲉ ⲁⲓϣⲁⲛ⳿ⲓ ⲛⲏ ⳿ⲉⲧⲉⲧⲉⲛⲛⲁⲉⲣⲇⲟⲕⲓⲙⲁⲍⲓⲛ ⳿ⲙⲙⲱⲟⲩ ⲛⲁⲓ ⲉⲓ⳿ⲉⲟⲩⲟⲣⲡⲟⲩ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ϩⲁⲛⲉⲡⲓⲥⲧⲟⲗⲏ ⳿ⲉϭⲓ ⳿ⲙⲡⲉⲧⲉⲛ⳿ϩⲙⲟⲧ ⳿ⲉ⳿ⲓⲗ̅ⲏ̅ⲙ̅..
3ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။
4⳿ⲉϣⲱⲡ ⲇⲉ ⲡⲓϩⲱⲃ ⲉⲙ⳿ⲡϣⲁ ⲉⲑⲣⲓϣⲉ ϩⲱ ⲉⲩ⳿ⲉⲙⲟϣⲓ ⲛⲉⲙⲏⲓ..
4သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင်၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည်။
5ⲉⲓ⳿ⲉ⳿ⲓ ⲇⲉ ϩⲁⲣⲱⲧⲉⲛ ⳿ⲉϣⲱⲡ ⲁⲓϣⲁⲛⲥⲉⲛ ⳿ⲑⲙⲁⲕⲉⲇⲟⲛⲓⲁ ⳿ⲑⲙⲁⲕⲉⲇⲟⲛⲓⲁ ⲅⲁⲣ ϯⲛⲁⲥⲉⲛⲥ..
5မာကေဒေါနိပြည်လမ်းကိုငါသွားမည်ဖြစ်၍၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည်။
6ⲧⲁⲭⲁ ⲇⲉ ⳿ⲛⲧⲁⲟϩⲓ ϧⲁⲧⲉⲛ ⲑⲏⲛⲟⲩ ⲓⲉ ⳿ⲛⲧⲁⲉⲣϯ⳿ⲫⲣⲱ ϩⲓⲛⲁ ⳿ⲛⲑⲱⲧⲉⲛ ⳿ⲛⲧⲉⲧⲉⲛ⳿ⲧⲫⲟⲓ ⳿ⲉⲡⲓⲙⲁ ⳿ⲉϯⲛⲁϣⲉⲛⲏⲓ ⳿ⲉⲣⲟϥ..
6နောက်မှအခြားသို့ ငါသွားသောအခါ၊ သင်တို့ ပို့သောကျေးဇူးကို ခံခြင်းငှါ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်းနေလိမ့်မည်။
7⳿ⲛϯⲟⲩⲱϣ ⲅⲁⲣ ⳿ⲉⲛⲁⲩ ⳿ⲉⲣⲱⲧⲉⲛ ⲁⲛ ϯⲛⲟⲩ ⲇⲉ ⲉⲓⲭⲏ ϩⲓ ⳿ⲫⲙⲱⲓⲧ ϯⲉⲣϩⲉⲗⲡⲓⲥ ⲅⲁⲣ ⳿ⲉⲉⲣⲟⲩ⳿ⲭⲣⲟⲛⲟⲥ ϧⲁⲧⲉⲛ ⲑⲏⲛⲟⲩ ⳿ⲉϣⲱⲡ ⲁⲣⲉϣⲁⲛ Ⲡ⳪ ⲟⲩⲁϩⲥⲁϩⲛⲓ..
7ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါသာ အလိုမရှိ၊ နောက်မှသခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မြော်လင့် ခြင်း ရှိ၏။
8ϯⲛⲁϣⲱⲡⲓ ϧⲉⲛ ⳿ⲉⲫⲉⲥⲟⲥ ϣⲁ ϯⲡⲉⲛⲧⲏⲕⲟⲥⲧⲏ..
8ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့၌ ငါနေရမည်။
9ⲁϥⲟⲩⲱⲛ ⲅⲁⲣ ⲛⲏⲓ ⳿ⲛϫⲉ ⲟⲩⲛⲓϣϯ ⳿ⲛⲣⲟ ⲉϥⲉⲣϩⲱⲃ ⲛⲉⲙ ⲟⲩⲙⲏϣ ⳿ⲛⲁⲛⲧⲓⲕⲓⲙⲉⲛⲟⲥ..
9အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသော သူအများလည်း ရှိကြ၏။
10⳿ⲉϣⲱⲡ ⲇⲉ ⲁⲣⲉϣⲁⲛ ⲧⲓⲙⲟⲑⲉⲟⲥ ⳿ⲓ ⳿ⲁⲛⲁⲩ ϩⲓⲛⲁ ⳿ⲛⲧⲉϥ⳿ⲓ ϩⲁⲣⲱⲧⲉⲛ ⲁⲧ⳿ϭⲛⲉ ϩⲟϯ ⲡⲓϩⲱⲃ ⲅⲁⲣ ⳿ⲛⲧⲉ Ⲡ⳪ ⲡⲉⲧⲉϥⲉⲣϩⲱⲃ ⳿ⲉⲣⲟϥ ⳿ⲙⲡⲁⲣⲏϯ ϩⲱ..
10တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင်၊ သူသည်စိုးရိမ်ခြင်း အကြောင်းမရှိဘဲ၊ သင်တို့နှင့်အတူ နေစေခြင်းငှါ သတိပြုကြလော့။ သူသည်ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သောသူ ဖြစ်၏။
11⳿ⲙⲡⲉⲛ⳿ⲑⲣⲉ ⳿ϩⲗⲓ ⲟⲩⲛ ϣⲟϣϥ ⲙⲁϯ ⲫⲟϥ ⲇⲉ ϧⲉⲛ ⲟⲩϩⲓⲣⲏⲛⲏ ϩⲓⲛⲁ ⳿ⲛⲧⲉϥ⳿ⲓ ϩⲁⲣⲟⲓ ϯⲥⲟⲙⲥ ⲅⲁⲣ ⳿ⲉⲃⲟⲗ ϧⲁϫⲱϥ ⲛⲉⲙ ⲛⲓ⳿ⲥⲛⲏⲟⲩ..
11ထိုကြောင့် အဘယ်သူမျှသူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည် အကြောင်းပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့်လျက်နေ၏။
12ⲉⲑⲃⲉ ⲁⲡⲟⲗⲗⲱ ⲇⲉ ⲡⲓⲥⲟⲛ ⲁⲓϯϩⲟ ⳿ⲉⲣⲟϥ ⲉⲙⲁϣⲱ ϩⲓⲛⲁ ⳿ⲛⲧⲉϥ⳿ⲓ ϩⲁⲣⲱⲧⲉⲛ ⲛⲉⲙ ⲛⲓ⳿ⲥⲛⲏⲟⲩ ⲟⲩⲟϩ ⲡⲁⲛⲧⲱⲥ ⲛⲉ ⳿ⲫⲟⲩⲱϣ ⲁⲛ ⲡⲉ ϩⲓⲛⲁ ⳿ⲛⲧⲉϥ⳿ⲓ ϯⲛⲟⲩ ⲉϥ⳿ⲉ⳿ⲓ ⲇⲉ ϩⲁⲣⲱⲧⲉⲛ ⲁϥϣⲁⲛϫⲉⲙ ⳿ⲧⲉⲩⲕⲉⲣⲓⲁ..
12ငါ့ညီအာပေါလု၏ အကြောင်းမှာ၊ ညီအစ်ကိုတို့ နှင့်အတူ သင်တို့ ဆီသို့သွားမည်အကြောင်း ငါသည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခုတွင်သွားခြင်းငှါ အလျှင်းအလိုမရှိ၊ နောက်မှ အဆင်သင့်လျှင်သွားလိမ့်မည်။
13ⲣⲱⲓⲥ ⲟⲩⲛ ⲟⲩⲟϩ ⲟϩⲓ ⳿ⲉⲣⲁⲧⲉⲛ ⲑⲏⲛⲟⲩ ϧⲉⲛ ⳿ⲫⲛⲁϩϯ ⳿ϭⲣⲟ ⳿ⲙⲙⲱⲧⲉⲛ ⲟⲩⲟϩ ϫⲉⲙⲛⲟⲙϯ..
13သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့။
14ϩⲱⲃ ⲛⲓⲃⲉⲛ ⳿ⲉⲧⲉ⳿ⲛⲧⲱⲧⲉⲛ ⲙⲁⲣⲟⲩϣⲱⲡⲓ ϧⲉⲛ ⲟⲩ⳿ⲁⲅⲁⲡⲏ..
14သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။
15ϯϯϩⲟ ⲟⲩⲛ ⳿ⲉⲣⲱⲧⲉⲛ ⲛⲉⲛ⳿ⲥⲛⲏⲟⲩ ⲧⲉⲧⲉⲛⲥⲱⲟⲩⲛ ⳿ⲙ⳿ⲡⲏⲓ ⳿ⲛ⳿ⲥⲧⲉⲫⲁⲛⲁ ⲛⲉⲙ ⲫⲟⲣⲧⲟⲩⲛⲁⲧⲟⲥ ϫⲉ ⳿ⲧⲁⲣⲭⲏ ⳿ⲛⲧⲉ ϯⲁⲭⲁⲓ⳿ⲁ ⲧⲉ ⲟⲩⲟϩ ⲁⲩⲑⲁϣⲟⲩ ⲉⲩⲇⲓ⳿ⲁⲕⲟⲛⲓ⳿ⲁ ⳿ⲛⲛⲓⲁⲅⲓⲟⲥ..
15ညီအစ်ကိုတို့၊ သတေဖန်၏အိမ်သူအိမ်သား တို့သည် အခါယပြည်တွင်အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှါ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ၊
16ϩⲓⲛⲁ ⳿ⲛⲑⲱⲧⲉⲛ ϩⲱⲧⲉⲛ ⳿ⲛⲧⲉⲧⲉⲛ ⳿ϭⲛⲉϫⲱⲧⲉⲛ ⳿ⲛⲛⲁⲓ ⲟⲩⲟⲛ ⳿ⲙⲡⲁⲓⲣⲏϯ ⲛⲉⲙ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲧⲟⲓ ⳿ⲛ⳿ϣⲫⲏⲣ ⳿ⲛⲣⲉϥⲉⲣϩⲱⲃ ⲟⲩⲟϩ ⲉⲧϧⲟⲥⲓ..
16ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကို၎င်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါ တောင်းပန်၏။
17ϯⲣⲁϣⲓ ⲇⲉ ⳿ⲉϫⲉⲛ ⳿ⲧⲡⲁⲣⲟⲩⲥⲓ⳿ⲁ ⳿ⲛ⳿ⲥⲧⲉⲫⲁⲛⲁ ⲛⲉⲙ ⲫⲟⲣⲧⲟⲩⲛⲁⲧⲟⲥ ⲛⲉⲙ ⲁⲭⲁⲓⲕⲟⲥ ϫⲉ ⲡⲉⲧⲉⲛ⳿ϭⲣⲟϩ ⲛⲁⲓ ⲁⲩϫⲉⲕⲣⲱϥ..
17သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။
18ⲁⲩϯ⳿ⲙⲧⲟⲛ ⲅⲁⲣ ⳿ⲙⲡⲁⲡⲛ̅ⲁ̅ ⲛⲉⲙ ⲫⲱⲧⲉⲛ ⲥⲟⲩⲉⲛ ⲛⲁⲓⲟⲩⲟⲛ ⲟⲩⲛ ⳿ⲙⲡⲁⲓⲣⲏϯ..
18အကြောင်းမူကား၊ သင်တို့သည် ပြုစု၍မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။
19ⲥⲉϣⲓⲛⲓ ⳿ⲉⲣⲱⲧⲉⲛ ⳿ⲛϫⲉ ⲛⲓⲉⲕ⳿ⲕⲗⲏⲥⲓ⳿ⲁ ⳿ⲛⲧⲉ ϯⲁⲥⲓⲁ ⲥⲉϣⲓⲛⲓ ⳿ⲉⲣⲱⲧⲉⲛ ⳿ⲉⲙⲁϣⲱ ϧⲉⲛ Ⲡ⳪ ⳿ⲛϫⲉ ⲁⲕⲩⲗⲁ ⲛⲉⲙ ⳿ⲡⲣⲓⲥⲓⲕⲗⲁ ⲛⲉⲙ ϯⲉⲕ⳿ⲕⲗⲏⲥⲓ⳿ⲁ ⳿ⲛⲧⲉ ⲡⲟⲩⲏⲓ..
19အာရှိပြည်၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့သည် သူတို့ အိမ်၌ရှိသော အသင်းတော်နှင့်တကွ၊ သခင်ဘုရားကို ထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။
20ⲥⲉϣⲓⲛⲓ ⳿ⲉⲣⲱⲧⲉⲛ ⳿ⲛϫⲉ ⲛⲓ⳿ⲥⲛⲏⲟⲩ ⲧⲏⲣⲟⲩ ⲉⲑⲛⲉⲙⲏⲓ ⲁⲣⲓⲁⲥⲡⲁⲍⲉⲥⲑⲉ ⳿ⲛⲛⲉⲧⲉⲛⲉⲣⲏⲟⲩ ϧⲉⲛ ⲟⲩⲫⲓ ⲉⲥⲟⲩⲁⲃ..
20ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
21ⲡⲁⲁⲥⲡⲁⲥⲙⲟⲥ ϧⲉⲛ ⲧⲁϫⲓϫ ⳿ⲁⲛⲟⲕ ⲡⲁⲩⲗⲟⲥ..
21ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား၏။
22ⲫⲏⲉⲧⲉ ⳿ⲛ⳿ϥⲙⲉⲓ ⳿ⲙⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⲁⲛ ⲙⲁⲣⲉϥϣⲱⲡⲓ ⳿ⲛⲟⲩⲁⲛⲁⲑⲉⲙⲁ ⲙⲁⲣⲁⲛⲁⲑⲁ..
22အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာဖြစ်စေသတည်း။ သခင်ဘုရား သည် ကြွလာတော်မူ၏။
23⳿ⲡ⳿ϩⲙⲟⲧ ⳿ⲙⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⲛⲉⲙⲱⲧⲉⲛ..
23ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၌ရှိစေသတည်း။ ယေရှုခရစ်၏ တပည့်တော်ဖြစ် သမျှသော သင်တို့၌ ငါ၏ချစ် ခြင်းမေတ္တာရှိ၏။ အာမင်။
24ⲧⲁⲁⲅⲁⲡⲏ ⲛⲉⲙⲱⲧⲉⲛ ⲧⲏⲣⲟⲩ ϧⲉⲛ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅ ⲁⲙⲏⲛ. ⳿ⲡⲣⲟⲥ ⲕⲟⲣⲓⲛⲑⲓⲟⲥ ̅ ⲁⲩ⳿ⲥϧⲏⲧⲥ ϧⲉⲛ ⳿ⲉⲫⲉⲥⲟⲥ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⳿ⲥⲧⲉⲫⲁⲛⲁ ⲛⲉⲙ ⲁⲭⲁⲓⲕⲟⲥ.