1ⲡⲁⲩⲗⲟⲥ ⳿ⲡⲁⲡⲟⲥⲧⲟⲗⲟⲥ ⳿ⲛⲧⲉ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⳿ⲫⲟⲩⲱϣ ⳿ⲙⲫϯ ⲛⲉⲙ ⲧⲓⲙⲟⲑⲉⲟⲥ ⲡⲓⲥⲟⲛ ⳿ⲛϯⲉⲕ⳿ⲕⲗⲏⲥⲓ⳿ⲁ ⳿ⲛⲧⲉ ⲫϯ ⲑⲏⲉⲧϣⲟⲡ ϧⲉⲛ ⲕⲟⲣⲓⲛⲑⲟⲥ ⲛⲉⲙ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲑⲟⲩⲁⲃ ⲉⲧϣⲟⲡ ϧⲉⲛ ϯⲁⲭⲁⲓⲁ ⲧⲏⲣⲥ..
1ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော် ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေ သည်၊ ကောရိနသုမြို့၌ရှိသော ဘုရားသခင်၏ အသင်း တော်မှ စ၍၊ အခါယပြည် အရပ်ရပ်တို့၌ရှိသော သန့်ရှင်း သူအပေါင်းတို့ကို ကြားလိုက်ပါ၏။
2⳿ⲡ⳿ϩⲙⲟⲧ ⲛⲱⲧⲉⲛ ⲛⲉⲙ ⳿ⲧϩⲓⲣⲏⲛⲏ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲫϯ ⲡⲉⲛⲓⲱⲧ ⲛⲉⲙ ⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅..
2သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
3⳿ϥ⳿ⲥⲙⲁⲣⲱⲟⲩⲧ ⳿ⲛϫⲉ ⲫϯ ⲟⲩⲟϩ ⳿ⲫⲓⲱⲧ ⳿ⲙⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⳿ⲫⲓⲱⲧ ⳿ⲛⲧⲉ ⲛⲓⲙⲉⲧϣⲉⲛϩⲏⲧ ⲟⲩⲟϩ ⲫϯ ⳿ⲛⲧⲉ ⲛⲟⲙϯ ⲛⲓⲃⲉⲛ..
3သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏ အရှင်တည်းဟူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေတည်း။
4ⲫⲁⲓ ⳿ⲉⲧⲁϥϯⲛⲟⲙϯ ⲛⲁⲛ ϧⲉⲛ ⲡⲉⲛϩⲟϫϩⲉϫ ⲧⲏⲣϥ ⲉⲑⲣⲉⲛϫⲉⲙϫⲟⲙ ϩⲱⲛ ⳿ⲉϯ ⲛⲟⲙϯ ⳿ⲛⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲧⲭⲏ ϧⲉⲛ ϩⲟϫϩⲉϫ ⲛⲓⲃⲉⲛ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ϯⲛⲟⲙϯ ⲑⲏⲉⲧⲁ ⲫϯ ϯⲛⲟⲙϯ ⲛⲁⲛ ⳿ⲛϧⲏⲧⲥ..
4ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။
5ϫⲉ ⲕⲁⲧⲁ ⳿ⲫⲣⲏϯ ⳿ⲉⲧⲉ ⲛⲓ⳿ⲙⲕⲁⲩϩ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ ⲟⲓ ⳿ⲛϩⲟⲩ⳿ⲟ ⳿ⲉϧⲟⲩⲛ ⳿ⲉⲣⲟⲛ ⲡⲁⲓⲣⲏϯ ⲟⲛ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ Ⲡⲭ̅ⲥ̅ ⳿ⲥⲟⲓ ⳿ⲛϩⲟⲩ⳿ⲟ ⳿ⲛϫⲉ ⲧⲉⲛⲕⲉⲛⲟⲙϯ..
5အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။
6⳿ⲓⲧⲉ ⲇⲉ ⲥⲉϩⲟϫϩⲉϫ ⳿ⲙⲙⲟⲛ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲉⲛ ⲧⲉⲧⲉⲛⲛⲟⲙϯ ⲛⲉⲙ ⲡⲉⲧⲉⲛⲟⲩϫⲁⲓ ⳿ⲓⲧⲉ ⲥⲉⲑⲱⲧ ⳿ⲙⲡⲉⲛϩⲏⲧ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲉⲛ ⲧⲉⲧⲉⲛⲛⲟⲙϯ ⲑⲏ ⲉⲧⲉⲣϩⲱⲃ ϧⲉⲛ ⲟⲩ⳿ⲁⲙⲟⲛⲓ ⳿ⲛⲧⲟⲧϥ ⳿ⲛⲧⲉ ⲛⲁⲓ⳿ⲙⲕⲁⲩϩ ⳿ⲛⲟⲩⲱⲧ ⲛⲁⲓ ⳿ⲉⲧⲉⲛⲙⲟⲕϩ ⳿ⲛϧⲏⲧⲟⲩ ϩⲱⲛ ⲟⲩⲟϩ ⲧⲉⲛϩⲉⲗⲡⲓⲥ ⲧⲁϫⲣⲏⲟⲩⲧ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲉⲛ ⲑⲏⲛⲟⲩ ..
6သို့ဖြစ်၍ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်၎င်း၊ သက်သာခြင်း သို့ရောက်သော်၎င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။
7ⲉⲛ⳿ⲉⲙⲓ ϫⲉ ⲕⲁⲧⲁ ⳿ⲫⲣⲏϯ ⲉⲧⲉⲧⲉⲛⲟⲓ ⳿ⲛ⳿ϣⲫⲏⲣ ⳿ⲉⲛⲓ⳿ⲙⲕⲁⲩϩ ⲡⲁⲓⲣⲏϯ ⲟⲛ ⳿ⲉϯⲕⲉⲛⲟⲙϯ..
7သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်း ကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ၏ဟုငါတို့သည်သိကြ၏။
8⳿ⲛϯⲟⲩⲉϣ ⲑⲏⲛⲟⲩ ⲇⲉ ⲁⲛ ⲉⲣⲉⲧⲉⲛⲟⲓ ⳿ⲛⲁⲧ⳿ⲉⲙⲓ ⲛⲁ⳿ⲥⲛⲏⲟⲩ ⲉⲑⲃⲉ ⲡⲓϩⲟϫϩⲉϫ ⲉⲧⲁϥϣⲱⲡⲓ ⳿ⲙⲙⲟⲛ ϧⲉⲛ ϯⲁⲥⲓⲁ ϫⲉ ϧⲉⲛ ⲟⲩⲙⲉⲧϩⲟⲩ⳿ⲟ ⲁⲩ⳿ϩⲣⲟϣ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲛ ⳿ⲛϩⲟⲩ⳿ⲟ ⳿ⲉⲧⲉⲛϫⲟⲙ ϩⲱⲥⲧⲉ ⳿ⲛⲧⲉⲛ⳿ϣⲧⲉⲙϫⲉⲙϩⲏⲟⲩ ⳿ⲙⲡⲓⲕⲉⲱⲛϧ..
8ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။
9ⲁⲗⲗⲁ ⳿ⲁⲛⲟⲛ ⳿ⲛ⳿ϧⲣⲏⲓ ⳿ⲛϧⲏⲧⲉⲛ ⲁⲛϭⲓ ⳿ⲙⲡⲓⲉⲣⲟⲩⲱ ⳿ⲛⲧⲉ ⳿ⲫⲙⲟⲩ ϩⲓⲛⲁ ⳿ⲛⲧⲉⲛ⳿ϣⲧⲉⲙϣⲱⲡⲓ ⲉⲣⲉ⳿ϩⲑⲏⲛ ⲭⲏ ⳿ⲉⲣⲟⲛ ⳿ⲙⲙⲁⲩⲁⲧⲉⲛ ⲁⲗⲗⲁ ⳿ⲉⲫϯ ⲫⲏⲉⲧⲧⲟⲩⲛⲟⲥ ⳿ⲛⲛⲓⲣⲉϥⲙⲱⲟⲩⲧ..
9ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ်၏။
10ⲫⲁⲓ ⲉⲧⲁϥⲛⲁϩⲙⲉⲛ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲡⲁⲓⲙⲟⲩ ⳿ⲛⲧⲁⲓⲙⲁⲓⲏ ⲟⲩⲟϩ ⳿ϥⲛⲁⲛⲁϩⲙⲉⲛ ⲫⲏⲉⲧⲁⲛⲉⲣϩⲉⲗⲡⲓⲥ ⳿ⲉⲣⲟϥ ϫⲉ ⳿ⲉⲧⲓ ⲟⲛ ⳿ϥⲛⲁⲛⲁϩⲙⲉⲛ..
10ထိုဘုရားသခင်သည် ငါတို့ကိုထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ်တော်မူသေး၏။
11ⲉⲣⲉⲧⲉⲛⲟⲓ ϩⲱⲧⲉⲛ ⳿ⲛ⳿ϣⲫⲏⲣ ⳿ⲛⲣⲉϥⲉⲣϩⲱⲃ ϧⲉⲛ ⲡⲓⲧⲱⲃϩ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲛ ϩⲓⲛⲁ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲟⲩⲙⲏϣ ⳿ⲛϯϩⲟ ⲡⲓ⳿ϩⲙⲟⲧ ⲉⲧϩⲁⲣⲟⲛ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲟⲩⲙⲏϣ ⳿ⲛⲥⲉϣⲉⲡ⳿ϩⲙⲟⲧ ⳿ⲛⲧⲉⲛ ⲫϯ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲛ..
11သင်တို့သည်ကူညီ၍ ငါတို့အဘို့ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့်ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင် အများသော သူတို့သည် ကူညီသောအားဖြင့် ငါတို့၌ ရောက်သော ကျေးဇူးကို အများသောသူတို့သည်ထောက်၍ ငါတို့အတွက်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
12ⲡⲉⲛϣⲟⲩϣⲟⲩ ⲅⲁⲣ ⲫⲁⲓ ⲡⲉ ϯⲙⲉⲧⲙⲉⲑⲣⲉ ⳿ⲛⲧⲉ ⲧⲉⲛⲥⲩⲛⲏⲇⲉⲥⲓⲥ ϫⲉ ⳿ⲛ⳿ϩⲣⲏⲓ ϧⲉⲛ ⲟⲩⲧⲟⲩⲃⲟ ⲛⲉⲙ ⲟⲩⲙⲉⲑⲙⲏⲓ ⳿ⲛⲧⲉ ⲫϯ ϧⲉⲛ ⲟⲩ⳿ⲥⲃⲱ ⳿ⲛⲥⲁⲣⲕⲓⲕⲏ ⲁⲛ ⲁⲗⲗⲁ ϧⲉⲛ ⲟⲩ⳿ϩⲙⲟⲧ ⳿ⲛⲧⲉ ⲫϯ ⲁⲛⲙⲟϣⲓ ϧⲉⲛ ⲡⲓⲕⲟⲥⲙⲟⲥ ⳿ⲛϩⲟⲩ⳿ⲟ ⲇⲉ ϧⲁⲧⲉⲛ ⲑⲏⲛⲟⲩ..
12ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည်ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကို ကိုယ်သိသော စိတ်သည်သက်သေခံသတည်း။
13ϩⲁⲛⲕⲉⲭⲱⲟⲩⲛⲓ ⲅⲁⲣ ⲁⲛ ⲉⲧⲉⲛ⳿ⲥϧⲁⲓ ⳿ⲙⲙⲱⲟⲩ ⲛⲱⲧⲉⲛ ⳿ⲉⲃⲏⲗ ⳿ⲉⲛⲏⲉⲧⲉⲧⲉⲛⲱϣ ⳿ⲙⲙⲱⲟⲩ ⲟⲩⲟϩ ⲧⲉⲧⲉⲛⲉⲣ⳿ⲡⲕⲉⲥⲱⲟⲩⲛ ⳿ⲙⲙⲱⲟⲩ ϯⲉⲣϩⲉⲗⲡⲓⲥ ⲇⲉ ϫⲉ ⲧⲉⲧⲉⲛⲛⲁ⳿ⲉⲙⲓ ϣⲁ ϧⲁ⳿ⲉ..
13သင်တို့သည်ဘတ်၍ ဝန်ခံသောအရာမှတပါး၊
14ⲕⲁⲧⲁ ⳿ⲫⲣⲏϯ ⲉⲧⲁⲣⲉⲧⲉⲛⲥⲟⲩⲱⲛⲉⲛ ϧⲉⲛ ⲟⲩ⳿ⲁⲡⲟⲙⲉⲣⲟⲥ ϫⲉ ⳿ⲁⲛⲟⲛ ⲡⲉ ⲡⲉⲧⲉⲛϣⲟⲩϣⲟⲩ ⲕⲁⲧⲁ ⳿ⲫⲣⲏϯ ϩⲱⲧⲉⲛ ⳿ⲉⲧⲉ ⳿ⲛⲑⲱⲧⲉⲛ ⲫⲱⲛ ϧⲉⲛ ⳿ⲡ⳿ⲉϩⲟⲟⲩ ⳿ⲙⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ.̅.
14အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင် ယေရှုခရစ် ၏ နေ့၌ ငါတို့၏ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ် သကဲ့သို့၊ ငါတို့သည်သင်တို့၏ ဝါကြွားဝမ်း မြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါတို့ကို အနည်း ငယ်အားဖြင့်ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။
15ⲟⲩⲟϩ ϧⲉⲛ ⲡⲁⲓⲑⲱⲧ ⳿ⲛϩⲏⲧ ⲁⲓⲟⲩⲱϣ ⳿ⲉ⳿ⲓ ϩⲁⲣⲱⲧⲉⲛ ⳿ⲛϣⲟⲣⲡ ϩⲓⲛⲁ ⳿ⲛⲧⲉⲧⲉⲛϭⲓ ⳿ⲙⲡⲓⲣⲁϣⲓ ⳿ⲙⲙⲁϩⲃ̅..
15အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည်တဖန် ဆုကျေးဇူးတော်ကိုခံရစေခြင်းငှါ ငါ သည်သင်တို့ဆီသို့အရင်လာမည်ဟု အကြံရှိ၏။
16ⲟⲩⲟϩ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲑⲏⲛⲟⲩ ⳿ⲛⲧⲁϣⲉ ⲛⲏⲓ ⳿ⲉ⳿ⲑⲙⲁⲕⲉⲇⲟⲛⲓ⳿ⲁ ⲟⲩⲟϩ ⲡⲁⲗⲓⲛ ⲟⲛ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲑⲙⲁⲕⲉⲇⲟⲛⲓⲁ ⳿ⲉ⳿ⲓ ϩⲁⲣⲱⲧⲉⲛ ⲟⲩⲟϩ ⳿ⲛⲧⲉⲧⲉⲛ⳿ⲧⲫⲟⲓ ⳿ⲛⲑⲱⲧⲉⲛ ⳿ⲉϯⲓⲟⲩⲇⲉ⳿ⲁ..
16သင်တို့အနားမှာရှောက်၍ မာကေဒေါနိပြည် သို့သွားပြီးလျှင်၊ တဖန်မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။
17ⲫⲁⲓ ⲟⲩⲛ ⲉⲓⲟⲩⲁϣϥ ⲙⲏⲧⲓ ϩⲁⲣⲁ ⲁⲓ⳿ⲓⲣⲓ ϧⲉⲛ ⲟⲩⲁⲥⲓⲁⲓ ⲓⲉ ⲛⲏ⳿ⲉϯⲥⲟϭⲛⲓ ⳿ⲉⲣⲱⲟⲩ ⲁⲓⲥⲟϭⲛⲓ ⳿ⲉⲣⲱⲟⲩ ⲕⲁⲧⲁ ⲥⲁⲣⲝ ϩⲓⲛⲁ ⳿ⲛⲧⲉϥϣⲱⲡⲓ ⳿ⲛⲧⲟⲧ ⳿ⲛϫⲉ ⲡⲓⲁϩⲁ ⲁϩⲁ ⲛⲉⲙ ⲡⲓ⳿ⲙⲙⲟⲛ ⳿ⲙⲙⲟⲛ..
17ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်၊ မဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇတိပကတိ အတိုင်း ကြံစည်သလော။
18⳿ϥⲉⲛϩⲟⲧ ⲇⲉ ⳿ⲛϫⲉ ⲫϯ ϫⲉ ⲡⲉⲛⲥⲁϫⲓ ⲉⲧⲁϥϣⲱⲡⲓ ϩⲁⲣⲱⲧⲉⲛ ⳿ⲛⲟⲩⲁϩⲁ ⲁⲛ ⲡⲉ ⲛⲉⲙ ⲟⲩ⳿ⲙⲙⲟⲛ ..
18ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသကဲ့သို့၊ သင်တို့ဆီသို့ ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန် ဟူ၍၎င်း၊ မဆိုလို။
19ⲡⲓϣⲏⲣⲓ ⲅⲁⲣ ⳿ⲛⲧⲉ ⲫϯ Ⲓⲏ̅ⲥ Ⲡⲭ̅ⲥ̅ ⲫⲁⲓ ⲉⲧⲁⲛϩⲓⲱⲓϣ ⳿ⲙⲙⲟϥ ϧⲉⲛ ⲑⲏⲛⲟⲩ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧ ⲛⲉⲙ ⲥⲓⲗⲟⲩⲁⲛⲟⲥ ⲛⲉⲙ ⲧⲓⲙⲟⲑⲉⲟⲥ ⳿ⲙⲡⲉϥϣⲱⲡⲓ ⳿ⲛⲟⲩⲁϩⲁ ⲛⲉⲙ ⲟⲩ⳿ⲙⲙⲟⲛ ⲁⲗⲗⲁ ⲟⲩⲁϩⲁ ⲡⲉⲧⲁϥϣⲱⲡⲓ ⳿ⲛϧⲏⲧϥ..
19ငါမှစ၍သိလွာနုနှင့် တိမောသေတို့သည် သင်တို့အားဟောပြောသော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ ၍၎င်းမဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ ဟူ၍ သာဆိုလိုသတည်း။
20ⲛⲓⲱϣ ⲅⲁⲣ ⲧⲏⲣⲟⲩ ⳿ⲛⲧⲉ ⲫϯ ⳿ⲉⲧⲉ⳿ⲛϧⲏ ⲧϥ ⲟⲩ⳿ⲁϩⲁ ⲡⲉ ⲉⲑⲃⲉ ⲫⲁⲓ ⲟⲛ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧϥ ⲡⲉ ⲡⲓⲁⲙⲏⲛ ⳿ⲙⲫϯ ⲉⲩⲱⲟⲩ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧⲉⲛ..
20ထိုသခင်မှာ ဘုရားသခင်၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့ အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှား စေခြင်းအလိုငှါ၊ ဟုတ်မှန်၏ဟူ၍၎င်း၊ အာမင်ဟူ၍ ၎င်းဖြစ်သတည်း။
21ⲫⲏ ⲇⲉ ⲉⲧⲧⲁϫⲣⲟ ⳿ⲙⲙⲟⲛ ⲛⲉⲙⲱⲧⲉⲛ Ⲡⲭ̅ⲥ̅ ⲡⲉ ⲟⲩⲟϩ ⲫⲏⲉⲧⲁϥⲑⲁϩⲥⲉⲛ ⲫϯ ⲡⲉ..
21သင်တို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။
22ⲟⲩⲟϩ ⲁϥⲉⲣ⳿ⲥ⳿ⲫⲣⲁⲅⲓⲍⲓⲛ ⳿ⲙⲙⲟⲛ ⲟⲩⲟϩ ⲁϥϯ ⲛⲁⲛ ⳿ⲙ⳿ⲡⲁⲣⲏⲃ ⳿ⲛⲧⲉ ⲡⲓⲡⲛ̅ⲁ̅ ⳿ⲉ⳿ϧⲣⲏⲓ ⳿ⲉⲛⲉⲛϩⲏⲧ..
22ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ၏။
23⳿ⲁⲛⲟⲕ ⲇⲉ ϯⲱϣ ⲟⲩⲃⲉ ⲫϯ ⳿ⲙⲙⲉⲑⲣⲉ ⳿ⲉϫⲉⲛ ⲧⲁⲯⲩⲭⲏ ϫⲉ ⲉⲓϯⲁⲥⲟ ⳿ⲉⲣⲱⲧⲉⲛ ⳿ⲙⲡⲓ⳿ⲓ ϫⲉ ⳿ⲉⲕⲟⲣⲓⲛⲑⲟⲥ..
23ငါသည်သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိနသုမြို့သို့မလာဟု ငါစိတ်ဝိညာဉ် ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။
24ⲟⲩⲭ ⲟⲧⲓ ϫⲉ ⲁⲛⲟⲓ ⳿ⲛ⳪ ⳿ⲉⲡⲉⲧⲉⲛⲛⲁϩϯ ⲁⲗⲗⲁ ⲧⲉⲛⲟⲓ ⳿ⲛ⳿ϣⲫⲏⲣ ⳿ⲛⲣⲉϥⲉⲣϩⲱⲃ ⳿ⲉⲡⲉⲧⲉⲛⲣⲁϣⲓ ⲁⲣⲉⲧⲉⲛⲟϩⲓ ⲅⲁⲣ ⳿ⲉⲣⲁⲧⲉⲛ ⲑⲏⲛⲟⲩ ϧⲉⲛ ⳿ⲫⲛⲁϩϯ.
24ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင်တို့၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်မြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။