1ϯⲉⲣⲙⲉⲑⲣⲉ ⳿ⲙⲡⲉ⳿ⲙⲑⲟ ⳿ⲙⲫϯ ⲛⲉⲙ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅ ⲫⲏⲉⲑⲛⲁϯϩⲁⲡ ⳿ⲉⲛⲏⲉⲧⲟⲛϧ ⲛⲉⲙ ⲛⲏⲉⲑⲙⲱⲟⲩⲧ ⲛⲉⲙ ⲡⲉϥⲟⲩⲟⲛϩ ⳿ⲉⲃⲟⲗ ⲛⲉⲙ ⲧⲉϥⲙⲉⲧⲟⲩⲣⲟ.
1ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊
2ϩⲓⲱⲓϣ ⳿ⲙⲡⲓⲥⲁϫⲓ ϣⲱⲡⲓ ϩⲓϫⲱⲟⲩ ⲉⲩⲕⲉⲣⲟⲥ ⲁⲕⲉⲣⲟⲥ ⲥⲟϩⲓ ⲙⲁⲑⲉⲧϩⲏⲧ ⲁⲣⲓⲉⲡⲓⲧⲓⲙⲁⲛ ⳿ⲛ⳿ϧⲣⲏⲓ ϧⲉⲛ ⲙⲉⲧⲣⲉϥⲱⲟⲩ ⳿ⲛϩⲏⲧ ⲛⲓⲃⲉⲛ ⲛⲉⲙ ϯ⳿ⲥⲃⲱ.
2နှုတ်ကပတ်တရားတော်ကို ပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။
3ⲉϥ⳿ⲉϣⲱⲡⲓ ⲅⲁⲣ ⳿ⲛϫⲉ ⲟⲩⲥⲏⲟⲩ ϩⲟⲧⲉ ⳿ⲛⲛⲟⲩϣⲉⲡ ϯ⳿ⲥⲃⲱ ⲉⲑⲟⲩⲟϫ ⲉⲣⲱⲟⲩ ⲁⲗⲗⲁ ⲕⲁⲧⲁ ⲛⲟⲩⲉⲡⲓⲑⲩⲙⲓⲁ ⳿ⲙⲙⲁⲩⲁⲧⲟⲩ ⲉⲩⲥⲱⲕ ⲛⲱⲟⲩ ⳿ⲛϩⲁⲛⲣⲉϥϯ⳿ⲥⲃⲱ ⲉⲩϧⲱϧ ⳿ⲛⲛⲟⲩⲙⲁϣϫ.
3အကြောင်းမူကား၊ နောင်ကာလ၌လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။
4ⲡⲟⲩⲥⲱⲧⲉⲙ ⲙⲉⲛ ⲉⲩ⳿ⲉⲫⲟⲛϩϥ ⲥⲁⲃⲟⲗ ⳿ⲛ⳿ⲑⲙⲏⲓ ⲉⲩⲉⲣⲁⲕⲟⲩ ⲇⲉ ⳿ⲛⲥⲁ ⲛⲓ⳿ϣⲃⲱ.
4သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။
5⳿ⲛⲑⲟⲕ ⲇⲉ ⲁⲣⲓⲛⲩⲙⲫⲓⲛ ϧⲉⲛ ϩⲱⲃ ⲛⲓⲃⲉⲛ ϣⲉⲡ⳿ⲙⲕⲁϩ ⲁⲣⲓϩⲱⲃ ⳿ⲛⲟⲩⲣⲉϥϩⲓϣⲉⲛⲛⲟⲩϥⲓ ⲡⲉⲕϣⲉⲙϣⲓ ϫⲟⲕϥ ⳿ⲉⲃⲟⲗ.
5သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။
6⳿ⲁⲛⲟⲕ ⲅⲁⲣ ϩⲏⲇⲏ ⲥⲉⲛⲁⲟⲩⲟⲑⲃⲉⲧ ⳿ⲉⲃⲟⲗ ⲟⲩⲟϩ ⳿ⲡⲥⲏⲟⲩ ⳿ⲛⲧⲉ ⲡⲁⲃⲱⲗ ⳿ⲉⲃⲟⲗ ⲁϥϧⲱⲛⲧ.
6အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ။
7ⲡⲓⲁⲅⲱⲛ ⲉⲑⲛⲁⲛⲉϥ ⲁⲓⲉⲣⲁⲅⲱⲛⲓⲍⲉⲥⲑⲉ ⳿ⲙⲙⲟϥ ⲡⲓ⳿ⲇⲣⲟⲙⲟⲥ ⲁⲓϫⲟⲕϥ ⳿ⲉⲃⲟⲗ ⲡⲓⲛⲁϩϯ ⲁⲓⲁⲣⲉϩ ⳿ⲉⲣⲟϥ.
7ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။
8ⲗⲟⲓⲡⲟⲛ ⳿ϥⲭⲏ ⲛⲏⲓ ⳿ⲛϫⲉ ⲡⲓ⳿ⲭⲗⲟⲙ ⳿ⲛⲧⲉ ϯⲇⲓⲕⲉⲟⲥⲩⲛⲏ ⲫⲏⲉⲧⲉ Ⲡ⳪ ⲛⲁⲧⲏⲓϥ ⲛⲏⲓ ϧⲉⲛ ⲡⲓ⳿ⲉϩⲟⲟⲩ ⳿ⲉⲧⲉ⳿ⲙⲙⲁⲩ ⲡⲓⲣⲉϥϯϩⲁⲡ ⳿ⲙⲙⲏⲓ ⲟⲩ ⲙⲟⲛⲟⲛ ⲇⲉ ⲛⲏⲓ ⳿ⲙⲙⲁⲩⲁⲧ ⲁⲗⲗⲁ ⲛⲉⲙ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲧⲁⲩⲙⲉⲛⲣⲉ ⲡⲉϥⲟⲩⲟⲛϩ ⳿ⲉⲃⲟⲗ.
8ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။
9ⲓⲏⲥ ⳿ⲛⲧⲟⲧⲕ ⳿ⲉ⳿ⲓ ϩⲁⲣⲟⲓ ⳿ⲛⲭⲱⲗⲉⲙ.
9ငါ့ထံသို့ မြန်မြန်လာခြင်းငှါ ကြိုးစားလော့။ အကြောင်းမူကား၊ ဒေမသည် ယခုဘဝကို နှစ်သက်သော စိတ်ရှိသည်နှင့် ငါ့ကိုစွန့်ပစ်၍၊ သက်သာလောနိတ်မြို့သို့သွားပြီ။
10ⲇⲏⲙⲁⲥ ⲅⲁⲣ ⲁϥⲭⲁⲧ ⳿ⲛⲥⲱϥ ⳿ⲉⲁϥⲙⲉⲛⲣⲉ ⲡⲁⲓⲉⲛⲉϩ ⳿ⲛⲧⲉ ϯⲛⲟⲩ ⲁϥϣⲉ ⲛⲁϥ ⳿ⲉⲑⲉⲥⲥⲁⲗⲟⲛⲓⲕⲓⲁ ⳿ⲕⲣⲓⲥⲕⲏⲥ ⳿ⲉϯⲅⲁⲗⲁⲧⲓⲁ ⲧⲓⲧⲟⲥ ⳿ⲉⲇⲁⲗⲙⲁⲧⲓⲁ.
10ကရက္ကေသည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာတိပြည်သို့၎င်း သွားပြီ။
11ⲗⲟⲩⲕⲁⲥ ⳿ⲙⲙⲁⲩⲁⲧϥ ⲉⲑⲛⲉⲙⲏⲓ ⲙⲁⲣⲕⲟⲥ ⲙⲁⲗⲟϥ ⲁⲛⲓⲧϥ ⲛⲉⲙⲁⲕ ⳿ϥⲉⲣϣⲁⲩ ⲅⲁⲣ ⲛⲏⲓ ⲉⲩⲇⲓⲁⲕⲟⲛⲓⲁ.
11လုကာတယောက်တည်းသာ ငါ့ထံမှာရှိ၏။ မာကုကိုသင်နှင့် အတူခေါ်ခဲ့လော့။ သူသည်ဆရာအမှုကို ပြုရာမှာ ငါအကျိုးရှိ၏။
12ⲧⲩⲭⲓⲕⲟⲥ ⲇⲉ ⲁⲓⲟⲩⲟⲣⲡϥ ⳿ⲛⲧⲉ ⲉⲫⲉⲥⲟⲥ.
12တုခိတ်ကိုလည်း ဧဖက်မြို့သို့ ငါစေလွှတ်ပြီ။
13ϯⲫⲩⲗⲟⲛⲏⲉⲧⲁⲓⲥⲟϫⲡⲥ ϧⲉⲛ ⳿ⲧⲣⲱⲁⲥ ϧⲁⲧⲉⲛ ⲕⲁⲣⲡⲱ ⲁⲛⲓⲧⲥ ⲉⲕⲛⲏⲟⲩ ⲛⲉⲙ ⲛⲓⲕⲉϫⲱⲙ ⲙⲁⲗⲓⲥⲧⲁ ⲛⲓⲙⲉⲛ⳿ⲃⲣⲁⲛⲁ.
13တရောမြို့တွင်ကာပုလက်၌ ငါထားခဲ့သော ဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့်သားရေစာ ကို၎င်း၊ သင်သည်လာသောအခါ ယူခဲ့လော့။
14ⲁⲗⲉⲝⲁⲛⲇⲣⲟⲥ ⲡⲓⲃⲉⲥⲛⲏⲧ ⲁϥⲉⲣⲟⲩⲙⲏϣ ⳿ⲙⲡⲉⲧϩⲱⲟⲩ ⲛⲏⲓ ⲉⲣⲉ Ⲡ⳪ ϯϣⲉⲃⲓⲱ ⲛⲁϥ ⲕⲁⲧⲁ ⲛⲉϥ⳿ϩⲃⲏⲟⲩ⳿ⲓ.
14ပန်းတိမ်သမားအာလေဇန္ဒြုသည် ငါ၌မကောင်း သောအမှုအများကို ပြုလေပြီ။ ထိုသူကျင့်သော အကျင့် တို့၏ အကျိုးအပြစ်ကို သခင်ဘုရား ဆပ်ပေးတော်မူပါစေသော။
15ⲫⲁⲓ ⲉⲧⲉ ⳿ⲛⲑⲟⲕ ϩⲱⲕ ⲁⲣⲉϩ ⳿ⲉⲣⲟⲕ ⲥⲁⲃⲟⲗ ⳿ⲙⲙⲟϥ ⲁϥϯ ⲅⲁⲣ ⳿ⲉϧⲟⲩⲛ ⳿ⲉ⳿ϩⲣⲉⲛ ⲛⲁⲥⲁϫⲓ ⳿ⲉⲙⲁϣⲱ.
15သူတို့သတိပြုလော့။ ငါတို့စကားကို အလွန်ငြင်းပယ်လေပြီ။
16ϧⲉⲛ ⲧⲁϩⲟⲩⲓϯ ⳿ⲛⲁⲡⲟⲗⲟⲅⲓⲁ ⳿ⲙⲡⲉϥⲭⲁ ⳿ϩⲗⲓ ⳿ⲉ⳿ⲓ ϩⲁⲣⲟⲓ ⲁⲗⲗⲁ ⲁⲩⲭⲁⲧ ⳿ⲛⲥⲱⲟⲩ ⲧⲏⲣⲟⲩ ⳿ⲛⲛⲟⲩⲱⲡ ⲛⲉⲙⲱⲟⲩ.
16ပဌမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။
17Ⲡ⳪ ⲇⲉ ⲁϥⲟϩⲓ ⳿ⲉⲣⲁⲧϥ ⲛⲉⲙⲏⲓ ⲁϥ ϯϫⲟⲙ ⲛⲏⲓ ϩⲓⲛⲁ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧ ⳿ⲛⲧⲉ ⲡⲓϩⲓⲱⲓϣ ϫⲱⲕ ⳿ⲉⲃⲟⲗ ⲟⲩⲟϩ ⳿ⲛⲧⲟⲩⲥⲱⲧⲉⲙ ⳿ⲛϫⲉ ⲛⲓⲉⲑⲛⲟⲥ ⲧⲏⲣⲟⲩ ϫⲉ ⲁⲓⲛⲟϩⲉⲙ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲣⲱϥ ⲛⲟⲩⲙⲟⲩ⳿ⲓ.
17သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှါ၊ သခင်ဘုရားသည် ငါ့ဘက်၌ နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကို ငါရ၏။
18ⲉϥ⳿ⲉⲧⲟⲩϫⲟⲓ ⳿ⲛϫⲉ Ⲡ⳪ ⳿ⲉⲃⲟⲗ ϩⲁ ϩⲱⲃ ⲛⲓⲃⲉⲛ ⲉⲧϩⲱⲟⲩ ⲟⲩⲟϩ ⲉϥ⳿ⲉⲛⲁϩⲙⲉⲧ ⳿ⲉϧⲟⲩⲛ ⳿ⲉⲧⲉϥⲙⲉⲧⲟⲩⲣⲟ ⳿ⲛⲧⲉ ⳿ⲧⲫⲉ ⲫⲁⲓ ⲉⲧⲉ ⲫⲱϥ ⲡⲉ ⲡⲓⲱⲟⲩ ϣⲁ ⲉⲛⲉϩ ⳿ⲛⲧⲉ ⲛⲓⲉⲛⲉϩ ⲁⲙⲏⲛ.
18ထိုမျှမက၊ သခင်ဘုရားသည် မကောင်းသော အမှုရှိသမျှကို ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော် မူစေ သတည်း။ အာမင်။
19ϣⲓⲛⲓ ⳿ⲉ⳿ⲡⲣⲓⲥⲕⲩⲗⲗⲁ ⲛⲉⲙ ⲁⲕⲩⲗⲗⲁ ⲛⲉⲙ ⳿ⲡⲏⲓ ⳿ⲛⲟⲛⲏⲥⲓⲫⲟⲣⲟⲥ.
19ပြစ်ကိလနှင့်အာကုလမှစ၍ ဩနေသိဇော်၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့။
20ⲉⲣⲁⲥⲧⲟⲥ ⲁϥⲟϩⲓ ϧⲉⲛ ⲕⲟⲣⲓⲛⲑⲟⲥ ⳿ⲧⲣⲟⲫⲏ ⲙⲟⲥ ⲇⲉ ⲁⲓⲥⲟϫⲡϥ ϧⲉⲛ ⲙⲉⲗⲓⲧⲟⲥ ⲉϥϣⲱⲛⲓ.
20ဧရက္ကုသည် ကောရိနသုမြို့၌နေ၏။ တရောဇိမ် သည် နာ၍ မိလက်မြို့၌ငါထားခဲ့၏။
21ⲓⲏⲥ ⳿ⲙⲙⲟⲕ ⳿ⲉ⳿ⲓ ϧⲁϫⲉⲛ ϯ⳿ⲫⲣⲱ ⳿ϥϣⲓⲛⲓ ⳿ⲉⲣⲟⲕ ⳿ⲛϫⲉ ⲉⲩⲃⲟⲩⲗⲟⲥ ⲛⲉⲙ ⲡⲟⲩⲇⲏⲥ ⲛⲉⲙ ⲛⲓⲗⲟⲥ ⲛⲉⲙ ⳿ⲕⲗⲁⲩⲇⲓⲟⲥ ⲛⲉⲙ ⲛⲓ⳿ⲥⲛⲏⲟⲩ ⲧⲏⲣⲟⲩ.
21ဆောင်းကာလမရောက်မှကြိုးစား၍ လာခဲ့ လော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိမှစ၍ ညီအစ်ကို အပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
22Ⲡ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⲛⲉⲙ ⲡⲉⲕⲡ͞ⲛⲁ̅ ⳿ⲛ⳿ϩⲙⲟⲧ ⲛⲉⲙⲱⲧⲉⲛ ⳿ⲡⲣⲟⲥ ⲧⲓⲙⲟⲑ ⲃ̅ ⲁⲩ⳿ⲥϧⲏⲧⲥ ϧⲉⲛ ⲗⲁⲟⲇⲓⲕⲓⲁ ϯⲙⲉⲧⲣⲟⲡⲟⲗⲓⲥ
22သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူရှိတော်မူပါစေသော။ သင်၌ကျေးဇူးတော် ရှိစေ သတည်း။ အာမင်။