Coptic: New Testament

Myanmar

Titus

1

1ⲡⲁⲩⲗⲟⲥ ⳿ⲫⲃⲱⲕ ⳿ⲙⲫϯ ⳿ⲡ⳿ⲁⲡⲟⲥⲧⲟⲗⲟⲥ ⳿ⲛⲧⲉ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⲕⲁⲧⲁ ⳿ⲫⲛⲁϩϯ ⳿ⲛⲛⲓⲥⲱⲧⲡ ⳿ⲛⲧⲉ ⲫϯ ⲛⲉⲙ ⳿ⲡⲥⲟⲩⲉⲛ ϯⲙⲉⲑⲙⲏⲓ ⲕⲁⲧⲁ ϯⲙⲉⲧⲉⲩⲥⲉⲃⲏⲥ.
1မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍၊ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊
2ϧⲉⲛ ⲟⲩϩⲉⲗⲡⲓⲥ ⳿ⲛⲧⲉ ⲟⲩⲱⲛϧ ⳿ⲛⲉⲛⲉϩ ⲫⲁⲓ ⲉⲧⲁϥⲱϣ ⳿ⲙⲙⲟϥ ⳿ⲛϫⲉ ⲡⲓⲁⲧⲙⲉⲑⲛⲟⲩϫ ⲫϯ ϧⲁϫⲱⲟⲩ ⳿ⲛⲛⲓⲥⲏⲟⲩ ⳿ⲛⲉⲛⲉϩ.
2ငါ၌အပ်ထားသော တရားဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံခြင်းအလိုငှါ၎င်း၊
3ⲁϥⲟⲩⲟⲛϩ ⲇⲉ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲉϥⲥⲏⲟⲩ ⳿ⲙⲡⲉϥⲥⲁϫⲓ ϧⲉⲛ ⲟⲩϩⲓⲱⲓϣ ⲫⲁⲓ ⳿ⲁⲛⲟⲕ ⲉⲧⲁⲩⲧⲉⲛϩⲟⲩⲧ ⳿ⲉⲣⲟϥ ⲕⲁⲧⲁ ⲡⲓⲟⲩⲁϩⲥⲁϩⲛⲓ ⳿ⲛⲧⲉ ⲫϯ ⲡⲉⲛⲥⲱⲧⲏⲣ.
3ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်းအလိုငှါ၎င်း၊ ဘုရားသခင်၏ ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
4⳿ⲛⲧⲓⲧⲟⲥ ⲡⲁⲙⲉⲛⲣⲓⲧ ⳿ⲛϣⲏⲣⲓ ⲕⲁⲧⲁ ϯ ⲙⲉⲧ⳿ϣⲫⲏⲣ ⳿ⲛⲧⲉ ⳿ⲫⲛⲁϩϯ ⳿ⲡ⳿ϩⲙⲟⲧ ⲛⲉⲙ ⳿ⲧϩⲓⲣⲏ ⲛⲏ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲫϯ ⳿ⲫⲓⲱⲧ ⲛⲉⲙ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅ ⲡⲉⲛⲥⲱⲧⲏⲣ.
4ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကိုကြားလိုက်ပါ၏။ ငါတို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။
5ⲉⲑⲃⲉⲫⲁⲓ ⲁⲓⲥⲟϫⲡⲕ ϧⲉⲛ ⳿ⲕⲣⲓⲑⲏ ϩⲓⲛⲁ ⲛⲓⲥⲱϫⲡ ⳿ⲛⲧⲉⲕⲧⲁϩⲱⲟⲩ ⳿ⲉⲣⲁⲧⲟⲩ ⲟⲩⲟϩ ⳿ⲛⲧⲉⲕⲥⲉⲙⲛⲓ ⳿ⲛϩⲁⲛ⳿ⲡⲣⲉⲥⲃⲩⲧⲉⲣⲟⲥ ⲕⲁⲧⲁ ⲃⲁⲕⲓ ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲉⲧⲁⲓⲟⲩⲁϩⲥⲁϩⲛⲓ ⲛⲁⲕ.
5ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာ များ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။
6ⲟⲩⲁⲓ ⲉϥⲟⲓ ⳿ⲛⲁⲧⲗⲱⲓϫⲓ ⳿ⲉⲁϥⲉⲣϩⲁⲓ ⳿ⲛⲟⲩ⳿ⲥϩⲓⲙⲓ ⳿ⲛⲟⲩⲱⲧ ⳿ⲉⲟⲩⲟⲛⲧⲁϥ ⳿ⲙⲙⲁⲩ ⳿ⲛϩⲁⲛϣⲏ ⲣⲓ ⳿ⲙⲡⲓⲥⲧⲟⲥ ⳿ⲛⲥⲉϧⲉⲛ ⲟⲩⲕⲁⲧⲏⲅⲟⲣⲓⲁ ⲁⲛ ⳿ⲙⲙⲉⲧⲁⲧⲟⲩϫⲁⲓ ⲓⲉ ⲉⲩⲟⲓ ⳿ⲛⲁⲧϭⲛⲉϫⲱⲟⲩ.
6အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီး တို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့် လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့ သောသူကို ခန့်ထားအပ်၏။
7⳿ⲥϣⲉ ⲅⲁⲣ ⳿ⲛⲧⲉ ⲡⲓⲉⲡⲓⲥⲕⲟⲡⲟⲥ ϣⲱⲡⲓ ⲉϥⲟⲓ ⳿ⲛⲁⲧⲗⲱⲓϫⲓ ϩⲱⲥ ⲟⲩⲟⲓⲕⲟⲛⲟⲙⲟⲥ ⳿ⲛⲧⲉ ⲫϯ ⳿ⲛⲟⲩⲁⲩⲑⲁⲧⲏⲥ ⲁⲛ ⲡⲉ ⳿ⲛⲟⲩⲣⲉϥϫⲱⲛⲧ ⲁⲛ ⲡⲉ ⳿ⲛⲟⲩⲥⲉ ϩⲟⲩ⳿ⲟ ⲏⲣⲡ ⲁⲛ ⲡⲉ ⳿ⲛⲟⲩⲣⲉϥϯⲧⲉⲛϣⲓ ⲁⲛ ⲡⲉ ⳿ⲛⲟⲩⲙⲁⲓϩⲏⲟⲩ ⲉϥϣⲏϣ ⲁⲛ ⲡⲉ.
7အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ၊
8⳿ⲉⲟⲩⲙⲁⲓϣⲉⲙⲙⲟ ⲡⲉ ⳿ⲙⲙⲁⲓⲡⲉⲑⲛⲁⲛⲉϥ ⳿ⲛⲥⲁⲃⲉ ⳿ⲛ⳿ⲑⲙⲏⲓ ⲉϥⲧⲟⲩⲃⲏⲟⲩⲧ ⳿ⲉⲟⲩⲉⲅ⳿ⲕⲣⲁⲧⲏⲥ ⲡⲉ.
8ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည်။
9ⲉϥ⳿ⲁⲙⲟⲛⲓ ⳿ⲙⲡⲓⲥⲁϫⲓ ⲉⲧⲉⲛϩⲟⲧ ⳿ⲉϯ⳿ⲥⲃⲱ ϩⲓⲛⲁ ⳿ⲛⲧⲉϥϫⲉⲙϫⲟⲙ ⳿ⲛϯⲛⲟⲙϯ ϧⲉⲛ ϯ⳿ⲥⲃⲱ ⲉⲑⲟⲩⲟϫ ⲟⲩⲟϩ ⳿ⲛⲧⲉϥⲥⲟϩⲓ ⳿ⲛⲛⲏⲉⲧⲉⲣ⳿ⲁⲛⲧⲓⲗⲉⲅⲓⲛ.
9စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။
10ⲟⲩⲟⲛ ⲟⲩⲙⲏϣ ⲅⲁⲣ ⲉⲩⲟⲓ ⳿ⲛⲁⲧϭⲛⲉϫⲱⲟⲩ ⲟⲩⲟϩ ⳿ⲛⲣⲉϥⲥⲁϫⲓ ⳿ⲙⲙⲉⲧⲉⲫⲗⲏⲟⲩ ⲉⲩⲟⲓ ⳿ⲛⲣⲉϥⲉⲣϩⲁⲗ ⳿ⲛϩⲏⲧ ⲙⲁⲗⲓⲥⲧⲁ ⲛⲓ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲡⲥⲉⲃⲓ.
10အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူအများ ရှိကြ၏။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ၏။
11ⲛⲁⲓ ⲉⲧ⳿ⲥϣⲉ ⳿ⲛⲑⲱⲙ ⳿ⲉⲣⲱⲟⲩ ⲛⲏⲉⲧⲣⲓⲕⲓ ⳿ⲉⲃⲟⲗ ⳿ⲙ⳿ⲡⲧⲏⲣϥ ⳿ⲛⲧⲉ ϩⲁⲛⲏⲓ ⲉⲩϯ⳿ⲥⲃⲱ ⳿ⲛⲛⲏⲉⲧ⳿ⲥϣⲉ ⲁⲛ ⲉⲑⲃⲉ ⲟⲩϩⲏⲟⲩ ⲉϥϣⲟϣϥ.
11ထိုသူတို့၏နှုတ်ကိုပိတ်ရမည်။ သူတို့သည် မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက်၊ မပေးအပ်သော ဩဝါဒကိုပေး၍၊ တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။
12ⲟⲩⲁⲓ ⲇⲉ ⳿ⲉⲃⲟⲗ ⳿ⲛϧⲏⲧⲟⲩ ⲁϥϫⲟⲥ ⲟⲩ⳿ⲡⲣⲟⲫⲏⲧⲏⲥ ⳿ⲛⲧⲱⲟⲩ ϫⲉ ⲛⲓ⳿ⲕⲣⲏⲧⲏⲥ ϩⲁⲛⲣⲉϥϫⲉⲙⲉⲑⲛⲟⲩϫ ⳿ⲛⲥⲏⲟⲩ ⲛⲓⲃⲉⲛ ϩⲁⲛⲑⲏⲣⲓⲟⲛ ⲉⲩϩⲱⲟⲩ ⲛⲉ ϩⲁⲛⲛⲉϫⲓ ⳿ⲛⲁⲣⲅⲟⲥ ⲛⲉ.
12သူတို့အပါအဝင်၊ အမျိုးသားချင်းပရောဖက် ဆရာတယောက်က၊ ကရက်သားမြဲ၊ မုသာစွဲလမ်း၊ သားရဲ ကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူယုတ်ပေဟု စပ်ဆိုသတည်း။
13ⲧⲁⲓⲙⲉⲧⲙⲉⲑⲣⲉ ⲟⲩⲙⲏⲓ ⲧⲉ ⲉⲑⲃⲉ ⲧⲁⲓⲗⲱⲓϫⲓ ⲥⲟϩⲓ ⳿ⲙⲙⲱⲟⲩ ϧⲉⲛ ⲟⲩϣⲱⲧ ⳿ⲉⲃⲟⲗ ϩⲓⲛⲁ ⳿ⲛⲥⲉⲟⲩϫⲁⲓ ϧⲉⲛ ⳿ⲫⲛⲁϩϯ.
13ဤသက်သေမှန်၏။ ထိုကြောင့်၊ သူတို့သည် ယုဒဒဏ္ဏာရီစကားကို၎င်း၊ သမ္မာတရား ကိုစွန့်သောလူတို့၏ ပညတ်တို့ကို၎င်း၊
14⳿ⲛⲥⲉϯ ⳿ⲛ⳿ϩⲑⲏⲟⲩ ⲁⲛ ⳿ⲛϩⲁⲛ⳿ϣϥⲱ ⳿ⲙⲙⲉⲧⲓⲟⲩⲇⲁⲓ ⲛⲉⲙ ϩⲁⲛⲉⲛⲧⲟⲗⲏ ⳿ⲛⲣⲱⲙⲓ ⲉⲩⲫⲱⲛϩ ⳿ⲙⲙⲱⲟⲩ ⲥⲁⲃⲟⲗ ⳿ⲛ⳿ⲑⲙⲏⲓ.
14အမှုမထားဘဲ ယုံကြည်ခြင်းအမှု၌ စင်ကြယ်စေခြင်းငှါ၊ သူတို့ကို ကျပ်တည်းစွာ ဆုံးမပြစ်တင်လော့။
15ϩⲱⲃ ⲅⲁⲣ ⲛⲓⲃⲉⲛ ⲥⲉⲟⲩⲁⲃ ⳿ⲛⲛⲏⲉⲧⲧⲟⲩⲃⲏ ⲟⲩⲧ ⲛⲏ ⲇⲉ ⲉⲧⲥⲟϥ ⲛⲉⲙ ⲛⲓⲁⲑⲛⲁϩϯ ⳿ⲙⲙⲟⲛ ⳿ϩⲗⲓ ⲉϥⲟⲩⲁⲃ ⲛⲱⲟⲩ ⲁⲗⲗⲁ ⲁϥⲥⲟϥ ⳿ⲛϫⲉ ⲡⲟⲩϩⲏⲧ ⲛⲉⲙ ⲧⲟⲩⲥⲩⲛⲏⲇⲏⲥⲓⲥ.
15စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏ နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ်။
16ⲥⲉⲟⲩⲱⲛϩ ⳿ⲙⲫϯ ⳿ⲉⲃⲟⲗ ϫⲉ ⲥⲉⲥⲱⲟⲩⲛ ⳿ⲙⲙⲟϥ ⳿ⲛ⳿ϩⲣⲏⲓ ⲇⲉ ϧⲉⲛ ⲛⲟⲩ⳿ϩⲃⲏⲟⲩ⳿ⲓ ⲥⲉϫⲱⲗ ⳿ⲙⲙⲟϥ ⳿ⲉⲃⲟⲗ ⲉⲩⲟⲣⲉⲃ ⲉⲩⲟⲓ ⳿ⲛⲁⲧϯⲙⲁϯ ⲉⲩⲟⲓ ⳿ⲛⲁⲧϣⲁⲩ ⳿ⲙ⳿ⲡⲕⲱϯ ⳿ⲛϩⲱⲃ ⲛⲓⲃⲉⲛ ⲉⲑⲛⲁⲛⲉⲩ
16သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း။ အကျင့်အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတခုကိုမျှ ပြုတတ်သော ဥာဏ် မရှိသောသူဖြစ်ကြ၏။