1Isus iziđe iz Hrama. Putom mu pristupiše učenici pokazujući mu hramsko zdanje.
1ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက် ဆောင်များကို ပြခြင်းငှါ အထံတော်သို့ ချဉ်းကပ်ကြ၏။
2A on im reče: "Ne vidite li sve ovo? Zaista, kažem vam, ne, neće se ovdje ostaviti ni kamen na kamenu nerazvaljen."
2ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည်မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရဟု မိန့်တော်မူ၏။
3Dok je zatim na Maslinskoj gori sjedio, pristupiše k njemu učenici nasamo govoreći: "Reci nam kada će to biti i koji će biti znak tvojega Dolaska i svršetka svijeta?"
3ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။
4Isus im odgovori: "Pazite da vas tko ne zavede!
4ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။
5Mnogi će doista doći u moje ime i govoriti: 'Ja sam Krist!' I mnoge će zavesti."
5အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
6"A čut ćete za ratove i za glasove o ratovima. Pazite, ne uznemirujte se. Doista treba da se to dogodi, ali to još nije svršetak.
6သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့် မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။
7Narod će ustati protiv naroda i kraljevstvo protiv kraljevstva; bit će gladi i potresa po raznim mjestima.
7လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
8Ali sve je to samo početak trudova."
8ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။
9"Tada će vas predavati na muke i ubijati vas. I svi će vas narodi zamrziti zbog imena moga.
9ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှါ အပ်နှံကြလိမ့် မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။
10Mnogi će se tada sablazniti, izdavat će jedni druge i mrziti se među sobom.
10ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်းတယောက်ကိုတယောက် အပ်ကြလိမ့်မည်။
11Ustat će mnogi lažni proroci i mnoge zavesti.
11အချင်းချင်မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍လူအများတို့ကို လှည့်ဖြားကြ လိမ့်မည်။
12Razmahat će se bezakonje i ohladnjeti ljubav mnogih.
12မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်။
13Ali tko ustraje do svršetka, bit će spašen."
13အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
14"I propovijedat će se ovo evanđelje Kraljevstva po svem svijetu za svjedočanstvo svim narodima. Tada će doći svršetak."
14လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။
15"Kada dakle vidite da grozota pustoši, po proroštvu Daniela proroka, stoluje na svetome mjestu - tko čita, neka razumije:
15ထို့ကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံ့ရှာဘွယ်အရာသည် သန့် ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။
16koji se tada zateknu u Judeji, neka bježe u gore;
16ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။
17tko bude na krovu, neka ne silazi uzeti što iz kuće;
17အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။
18i tko bude u polju, neka se ne okreće natrag da uzme haljinu!"
18လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်။
19"A jao trudnicama i dojiljama u one dane!"
19ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။
20"I molite da bijeg vaš ne bude zimi ili subotom
20သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်းမကျမည်အကြောင်း ဆု တောင်းကြလော့။
21jer tada će biti velika tjeskoba kakve ne bijaše od početka svijeta sve do sada, a neće je ni biti."
21အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။
22"I kad se ne bi skratili dani oni, nitko se ne bi spasio. No poradi izabranih skratit će se dani oni."
22ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။
23"Ako vam tada tko rekne: 'Gle, evo Krista!' ili: 'Eno ga!' - ne povjerujte!
23ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။
24Ustat će, doista, lažni kristi i lažni proroci i iznijeti znamenja velika i čudesa da, bude li moguće, zavedu i izabrane."
24အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။
25"Eto, prorekao sam vam."
25ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။
26"Reknu li vam dakle: 'Evo, u pustinji je!', ne izlazite; 'Evo ga u ložnicama!', ne vjerujte.
26ထို့ကြောင့် သူတို့ကခရစ်တော်သည် တော၌ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။
27Jer kao što munja izlazi od istoka i bljesne do zapada, tako će biti i s dolaskom Sina Čovječjega."
27လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။
28"Gdje bude strvine, ondje će se skupljati orlovi."
28အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့။
29"A odmah nakon nevolje onih dana sunce će pomrčati i mjesec neće više svijetljeti i zvijezde će s neba padati i sile će se nebeske poljuljati."
29ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။
30"I tada će se pojaviti znak Sina Čovječjega na nebu. I tada će proplakati sva plemena zemlje. I ugledat će Sina Čovječjega gdje dolazi na oblacima nebeskim s velikom moći i slavom.
30ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။
31I razaslat će anđele svoje s trubljom velikom i sabrat će mu izabranike s četiri vjetra, s jednoga kraja neba do drugoga."
31လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတံ့။
32"A od smokve se naučite prispodobi! Kad joj grana već omekša i lišće potjera, znate: blizu je ljeto.
32သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။
33Tako i vi kad sve to ugledate, znajte: blizu je, na vratima!"
33ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။
34"Zaista, kažem vam, ne, neće uminuti naraštaj ovaj dok se sve to ne zbude.
34ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည်။
35Nebo će i zemlja uminuti, ali riječi moje ne, neće uminuti."
35ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
36"A o onom danu i času nitko ne zna, pa ni anđeli nebeski, ni Sin, nego samo Otac.
36ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ၏။
37Kao u dane Noine, tako će biti i Dolazak Sina Čovječjega.
37လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။
38Kao što su u dane one - prije potopa - jeli i pili, ženili se i udavali do dana kad Noa uđe u korablju
38ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊
39i ništa nisu ni slutili dok ne dođe potop i sve odnije - tako će biti i Dolazak Sina Čovječjega.
39ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။
40Dvojica će tada biti u polju: jedan će se uzeti, drugi ostaviti.
40ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရ လတံ့။
41Dvije će mljeti u mlinu: jedna će se uzeti, druga ostaviti."
41ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
42"Bdijte dakle jer ne znate u koji dan Gospodin vaš dolazi.
42သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြ လော့။
43A ovo znajte: kad bi domaćin znao o kojoj straži kradljivac dolazi, bdio bi i ne bi dopustio potkopati kuće.
43သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ၊ စောင့်နေလိမ့် မည်ကို သင်တို့သိကြ၏။
44Zato i vi budite pripravni jer u čas kad i ne mislite Sin Čovječji dolazi."
44ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။
45"Tko li je onaj vjerni i razumni sluga što ga gospodar postavi nad svojim ukućanima da im izda hranu u pravo vrijeme?
45အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။
46Blago onome sluzi kojega gospodar kada dođe nađe da tako radi!
46အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ ၏။
47Zaista, kažem vam, postavit će ga nad svim imanjem svojim."
47ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။
48"No rekne li taj zli sluga u srcu: 'Okasnit će gospodar moj'
48သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲ့လိမ့်မည်ဟု စိတ်ထဲ၌အောက်မေ့သည်။
49pa stane tući sudrugove, jesti i piti s pijanicama,
49ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ၏။
50doći će gospodar toga sluge u dan u koji mu se ne nada i u čas u koji i ne sluti;
50ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင်၊
51rasjeći će ga i dodijeliti mu udes među licemjerima. Ondje će biti plač i škrgut zubi."
51ထိုကျွန်သည် ပြင်းပြစွာကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတံ့။