Croatian

Myanmar

Matthew

25

1"Tada će kraljevstvo nebesko biti kao kad deset djevica uzeše svoje svjetiljke i iziđoše u susret zaručniku.
1ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။
2Pet ih bijaše ludih, a pet mudrih.
2ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။
3Lude uzeše svjetiljke, ali ne uzeše sa sobom ulja.
3မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။
4Mudre pak zajedno sa svjetiljkama uzeše u posudama ulja."
4ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။
5"Budući da je zaručnik okasnio, sve one zadrijemaše i pozaspaše.
5မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။
6O ponoći nasta vika: 'Evo zaručnika! Iziđite mu u susret!'
6သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊
7Tada ustadoše sve one djevice i urediše svoje svjetiljke.
7ထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။
8Lude tada rekoše mudrima: 'Dajte nam od svoga ulja, gase nam se svjetiljke!'
8မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။
9Mudre im odgovore: 'Nipošto! Ne bi doteklo nama i vama. Pođite radije k prodavačima i kupite!'"
9ပညာရှိသောသူတို့ကလည်း သင်တို့အဘို့နှင့် ငါတို့အဘို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။
10"Dok one odoše kupiti, dođe zaručnik: koje bijahu pripravne, uđoše s njim na svadbu i zatvore se vrata.
10ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။
11Poslije dođu i ostale djevice pa stanu dozivati: 'Gospodine! Gospodine! Otvori nam!'
11ထိုနောက် ကြွင်းသောသတို့သမီးတို့သည်လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော်၊
12A on im odgovori: 'Zaista kažem vam, ne poznam vas!'
12အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။
13Bdijte dakle jer ne znate dana ni časa!"
13သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့။
14"Doista, kao kad ono čovjek, polazeći na put, dozva sluge i dade im svoj imetak.
14ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း၊ တဦး၌ ငွေအခွက်ငါးဆယ်၊
15Jednomu dade pet talenata, drugomu dva, a trećemu jedan - svakomu po njegovoj sposobnosti.
15တဦး၌ အခွက်နှစ်ဆယ်၊ တဦး၌ အခွက်တဆယ်ကို အပ်ပေးပြီးမှ ချက်ခြင်းသွားလေ၏။
16I otputova. Onaj koji je primio pet talenata odmah ode, upotrijebi ih i stekne drugih pet.
16အခွက်ငါးဆယ်ကိုခံသောသူသည် သွား၍ကုန်သွယ်ခြင်းကိုပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။
17Isto tako i onaj sa dva stekne druga dva.
17ထိုနည်းတူ အခွက်နှစ်ဆယ်ကိုခံသောသူသည်လည်း၊ အခြားသောအခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။
18Onaj naprotiv koji je primio jedan ode, otkopa zemlju i sakri novac gospodarov."
18အခွက်တဆယ်ကို ခံသောသူမူကား၊ သွား၍ မြေ၌တွင်းတူးပြီးလျှင် အရှင်၏ငွေကိုဝှက်ထားလေ၏။
19"Nakon dugo vremena dođe gospodar tih slugu i zatraži od njih račun.
19ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏ အရှင်သည်လာ၍ သူတို့ကိုစာရင်းယူလေ၏။
20Pristupi mu onaj što je primio pet talenata i donese drugih pet govoreći: 'Gospodaru! Pet si mi talenata predao. Evo, drugih sam pet talenata stekao!'
20အခွက်ငါးဆယ်ကို ခံသောသူသည်ချဉ်းကပ်၍ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ၏။
21Reče mu gospodar: 'Valjaš, slugo dobri i vjerni! U malome si bio vjeran, nad mnogim ću te postaviti! Uđi u radost gospodara svoga!'"
21အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။
22"Pristupi i onaj sa dva talenta te reče: 'Gospodaru! Dva si mi talenta predao. Evo, druga sam dva talenta stekao!'
22အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်းချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်နှစ် ဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော်၊
23Reče mu gospodar: 'Valjaš, slugo dobri i vjerni! U malome si bio vjeran, nad mnogim ću te postaviti! Uđi u radost gospodara svoga.'"
23အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။
24"A pristupi i onaj koji je primio jedan talenat te reče: 'Gospodaru! Znadoh te: čovjek si strog, žanješ gdje nisi sijao i kupiš gdje nisi vijao.
24အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ် သည်နှင့် ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းတတ်သည်ကို အကျွန်ုပ် သိ၍၊
25Pobojah se stoga, odoh i sakrih talenat tvoj u zemlju. Evo ti tvoje!'
25ကြောက်သောကြောင့်၊ အခြားသို့သွား၍ ကိုယ်တော်၏ ငွေအခွက်တဆယ်ကို မြေ၌ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်ဟု လျှောက်၏။
26A gospodar mu reče: 'Slugo zli i lijeni! Znao si da žanjem gdje nisam sijao i kupim gdje nisam vijao!
26အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသောငယ်သား၊ ငါသည် ကိုယ်မစိုက်မပျိုးသောအရပ်၌ ရိတ်၍၊ ကိုယ် မဖြန့်မကြဲသောအရပ်၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင်၊
27Trebalo je dakle da uložiš moj novac kod novčara i ja bih po povratku izvadio svoje s dobitkom.'"
27ငါ့ငွေကို ပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင်၏။
28"'Uzmite stoga od njega talenat i podajte onomu koji ih ima deset.
28ထို့ကြောင့် အခွက်တဆယ်ကို ထိုသူ၏ လက်မှနှုတ်ကြ။ အခွက်တရာရှိသောသူကို ပေးကြ။
29Doista, onomu koji ima još će se dati, neka ima u izobilju, a od onoga koji nema oduzet će se i ono što ima.
29အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။
30A beskorisnoga slugu izbacite van u tamu. Ondje će biti plač i škrgut zubi.'"
30အသုံးမရသော ထိုငယ်သားကိုငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။
31"Kad Sin Čovječji dođe u slavi i svi anđeli njegovi s njime, sjest će na prijestolje slave svoje.
31လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊
32I sabrat će se pred njim svi narodi, a on će ih jedne od drugih razlučiti kao što pastir razlučuje ovce od jaraca.
32ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို အသီးအခြားခွဲ၍၊
33Postavit će ovce sebi zdesna, a jarce slijeva."
33သိုးတို့ကို လက်ျာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတံ့။
34"Tada će kralj reći onima sebi zdesna: 'Dođite, blagoslovljeni Oca mojega! Primite u baštinu Kraljevstvo pripravljeno za vas od postanka svijeta!
34ထိုအခါ လက်ျာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။
35Jer ogladnjeh i dadoste mi jesti; ožednjeh i napojiste me; stranac bijah i primiste me;
35အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။
36gol i zaogrnuste me; oboljeh i pohodiste me; u tamnici bijah i dođoste k meni.'"
36ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလျှင်၊
37"Tada će mu pravednici odgovoriti: 'Gospodine, kada te to vidjesmo gladna i nahranismo te; ili žedna i napojismo te?
37ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ် တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း။
38Kada te vidjesmo kao stranca i primismo; ili gola i zaogrnusmo te?
38ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြုပါသနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော် ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။
39Kada te vidjesmo bolesna ili u tamnici i dođosmo k tebi?'
39အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ ရောက်ပါသနည်းဟု ပြန်၍လျှောက်ကြသော်၊
40A kralj će im odgovoriti: 'Zaista, kažem vam, što god učiniste jednomu od ove moje najmanje braće, meni učiniste!'"
40မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။
41"Zatim će reći i onima slijeva: 'Odlazite od mene, prokleti, u oganj vječni, pripravljen đavlu i anđelima njegovim!
41ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရန်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့။
42Jer ogladnjeh i ne dadoste mi jesti; ožednjeh i ne dadoste mi piti;
42အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင် တို့သည် သောက်ဘို့မပေး။
43stranac bijah i ne primiste me; gol i ne zaogrnuste me; bolestan i u tamnici i ne pohodiste me!'"
43ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌၎င်း၊ ထောင်ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊
44"Tada će mu i oni odgovoriti: 'Gospodine, a kada te to vidjesmo gladna, ili žedna, ili stranca, ili gola, ili bolesna, ili u tamnici, i ne poslužismo te?'
44ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူ ခြင်း၊ အဝတ်အချည်းစည်းရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက်ကြသော်၊
45Tada će im on odgovoriti: 'Zaista, kažem vam, što god ne učiniste jednomu od ovih najmanjih, ni meni ne učiniste.'"
45မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။
46"I otići će ovi u muku vječnu, a pravednici u život vječni."
46ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာ သို့၎င်း သွားရကြလတံ့ဟု မိန့်တော်မူ၏။