Welsh

Myanmar

Genesis

36

1 Dyma genedlaethau Esau, hynny yw Edom.
1ဧဒုံအမည်ရှိသော ဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊
2 Priododd Esau wragedd o blith merched Canaan, sef Ada merch Elon yr Hethiad, Oholibama merch Ana fab Sibeon yr Hefiad,
2ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန၏ သမီး အဟောလိဗာမတယောက်၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊
3 a Basemath merch Ismael a chwaer Nebaioth.
3ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့်၎င်း အိမ်ထောင်လေ၏။
4 Ac i Esau esgorodd Ada ar Eliffas; esgorodd Basemath ar Reuel;
4ဧသောမယား အာဒဘွားသော သားကား၊ ဧလိဖတ်၊ ဗာရှမတ် ဘွားသောသားရွေလတည်း။
5 ac esgorodd Oholibama ar Jeus, Jalam a Cora. Dyma feibion Esau a anwyd iddo yng ngwlad Canaan.
5အဟောလိဗာမဘွားသော သားကား၊ယုရှ၊ ယာလံ၊ ကောရတည်း။ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။
6 Cymerodd Esau ei wragedd, ei feibion a'i ferched, a phob aelod o'i deulu, ei wartheg a'i holl anifeiliaid, a'r holl feddiant a gafodd yng ngwlad Canaan, ac aeth draw i wlad Seir oddi wrth ei frawd Jacob.
6ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကို၎င်း၊ သိုးနွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည်၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်း ယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွား လေ၏။
7 Yr oedd eu cyfoeth mor fawr fel na allent gyd-fyw, ac ni allai'r wlad lle'r oeddent yn byw eu cynnal o achos eu hanifeiliaid.
7အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာ များလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ။ သူတို့ နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။
8 Felly arhosodd Esau, hynny yw Edom, ym mynydd-dir Seir.
8သို့ဖြစ်၍ ဧဒုံအမည်ရှိသော ဧသောသည် စိရတောင်ပေါ်မှာ နေလေ၏။
9 Dyma genedlaethau Esau, tad yr Edomiaid ym mynydd-dir Seir.
9စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏ အဘ ဧသော၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။
10 Dyma enwau meibion Esau: Eliffas fab Ada gwraig Esau, Reuel fab Basemath gwraig Esau.
10ဧသော၏ သားတို့အမည်ကား၊ မယားအာဒ ဘွားသောသား ဧလိဖတ်၊ မယားဗာရှမတ် ဘွားသော သားရွေလတည်း။
11 A meibion Eliffas oedd Teman, Omar, Seffo, Gatam a Cenas.
11ဧလိဖတ် သားကား၊ တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ်တည်း။
12 Yr oedd Timna yn wraig ordderch i Eliffas fab Esau, ac i Eliffas esgorodd ar Amalec. Dyna ddisgynyddion Ada gwraig Esau.
12ဧသောသား ဧလိဖတ်၏မယားငယ်၊ တိမန ဘွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယား အာဒ၏အနွှယ်ဖြစ်သတည်း။
13 Meibion Reuel oedd Nahath, Sera, Samma a Missa. Dyna ddisgynyddion Basemath gwraig Esau.
13ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်ဖြစ် သတည်း။
14 Dyma feibion Oholibama, merch Ana fab Sibeon, gwraig Esau: i Esau esgorodd ar Jeus, Jalam a Cora.
14ဇိဘောင်သား အာန၏သမီး၊ ဧသောမယား အဟောလိဗာမ ဘွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။
15 Dyma benaethiaid disgynyddion Esau: meibion Eliffas, mab hynaf Esau, y penaethiaid Teman, Omar, Seffo, Cenas,
15ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူ ကား၊သားဦး ဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖေါ၊ ဗိုလ်ကေနတ်၊
16 Cora, Gatam ac Amalec. Dyna benaethiaid Eliffas yng ngwlad Edom; meibion Ada oeddent.
16ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့ သည် အာဒ၏အနွှယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသော သားဖြစ်သတည်း။
17 Yna meibion Reuel fab Esau: y penaethiaid Nahath, Sera, Samma a Missa. Dyna benaethiaid Reuel yng ngwlad Edom; meibion Basemath gwraig Esau oeddent.
17ဧသောသား ရွေလ၏ သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်၊ ဧဒုံပြည်၌ ရွေလ ရသောသားဖြစ်သတည်း။
18 Yna meibion Oholibama gwraig Esau: y penaethiaid Jeus, Jalam a Cora. Dyna'r penaethiaid a anwyd i Oholibama merch Ana, gwraig Esau.
18ဧသောမယား အဟောလိဗာမ၏ သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။
19 Dyna ddisgynyddion Esau, hynny yw Edom, a dyna'u penaethiaid.
19ဧဒုံအမည်ရှိသော ဧသော၏ သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။
20 Dyma feibion Seir yr Horiad, preswylwyr y wlad: Lotan, Sobal, Sibeon, Ana,
20ထိုပြည်၌နေသော ဟောရိအမျိုး၊ စိရ၏သား ကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊
21 Dison, Eser a Disan. Dyna benaethiaid yr Horiaid, meibion Seir yng ngwlad Edom.
21ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည် ၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း။
22 Hori a Hemam oedd meibion Lotan, a Timna oedd ei chwaer.
22လောတန်သားကား၊ ဟောရိနှင့် ဟေမံတည်း။
23 Dyma feibion Sobal: Alfan, Manahath, Ebal, Seffo ac Onam.
23ရှောဗလ သားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖေါ၊ ဩနံတည်း။
24 Dyma feibion Sibeon: Aia ac Ana. Hwn yw'r Ana a ddaeth o hyd i ddu373?r yn y diffeithwch wrth wylio asynnod ei dad Sibeon.
24ဇိဘောင်သားကား၊ အာယနှင့်အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသော အခါ၊ တော၌နွေးသော စမ်းရေတွင်းတို့ကို တွေ့သော သူပေတည်း။
25 Dyma blant Ana: Dison ac Oholibama ferch Ana.
25အာနသားကား၊ ဒိရှုန်နှင့်သမီးအဟောလိဗာမ တည်း။
26 Dyma feibion Dison: Hemdan, Esban, Ithran a Ceran.
26ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။
27 Dyma feibion Eser: Bilhan, Saafan ac Acan.
27ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန် တည်း။
28 Dyma feibion Disan: Us ac Aran.
28ဒိရှန် သားကား၊ ဥဇနှင့်အာရန်တည်း။
29 Dyma benaethiaid yr Horiaid: Lotan, Sobal, Sibeon, Ana,
29ဟောရိ အမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊
30 Dison, Eser a Disan. Dyna benaethiaid yr Horiaid yn �l eu tylwythau yng ngwlad Seir.
30ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့ သည် စိရပြည်၌ ဗိုလ်လုပ်သော သူတို့တွင်၊ ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း။
31 Dyma'r brenhinoedd a fu'n teyrnasu yng ngwlad Edom, cyn i'r Israeliaid gael brenin.
31ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ၊ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊
32 Teyrnasodd Bela fab Beor yn Edom, a Dinhaba oedd enw ei ddinas.
32ဗောရသား ဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။
33 Pan fu farw Bela, teyrnasodd Jobab fab Sera o Bosra yn ei le.
33ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ် သား၊ ဇေရ၏သား ယောဗပ်သည် မင်းပြုလေ၏။
34 Pan fu farw Jobab, teyrnasodd Husam o wlad y Temaniaid yn ei le.
34ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။
35 Pan fu farw Husam, teyrnasodd Hadad fab Bedad yn ei le, ac ymosododd ef ar Midian yng ngwlad Moab; Afith oedd enw ei ddinas.
35ဟုရှံမင်းသေ၍၊ မောဘ လွင်ပြင်၌ မိဒျန်လူ တို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံ အရာ၌ မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။
36 Pan fu farw Hadad, teyrnasodd Samla o Masreca yn ei le.
36ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။
37 Pan fu farw Samla, teyrnasodd Saul o Rehoboth-ger-Ewffrates yn ei le.
37စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။
38 Pan fu farw Saul, teyrnasodd Baal-hanan fab Achbor yn ei le.
38ရှောလမင်းသေ၍ သူ၏အရာ၌၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ၏။
39 Pan fu farw Baal-hanan fab Achbor, teyrnasodd Hadar yn ei le; Pau oedd enw ei ddinas. Mehetabel merch Matred, merch Mesahab, oedd enw ei wraig.
39အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏ အရာ၌ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီး မဟေတဗေလတည်း။
40 Dyma enwau penaethiaid Esau, yn �l eu llwythau a'u hardaloedd, wrth eu henwau: Timna, Alfa, Jetheth,
40ဧသောမှ ဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ခံရသော ဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူ ဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊
41 Oholibama, Ela, Pinon,
41ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊
42 Cenas, Teman, Mibsar,
42ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊
43 Magdiel ac Iram. Dyna benaethiaid Edom, hynny yw Esau tad yr Edomiaid, yn �l lle'r oeddent yn byw yn y wlad yr oeddent yn ei meddiannu.
43ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည် မိမိနေရာအရပ်၊ မိမိပိုင်သော ပြည်၌၊ ဧဒုံဗိုလ်များ ဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏ အဘ ဖြစ်သတည်း။