Welsh

Myanmar

Genesis

37

1 Preswyliodd Jacob yng ngwlad Canaan, y wlad yr ymdeithiodd ei dad ynddi.
1ယာကုပ်သည် မိမိအဘတည်းခိုရာ ခါနာန်ပြည် ၌နေ၏။
2 Dyma hanes tylwyth Jacob. Yr oedd Joseff yn ddwy ar bymtheg oed, ac yn bugeilio'r praidd gyda'i frodyr, gan helpu meibion Bilha a Silpa, gwragedd ei dad; a chariodd Joseff straeon drwg amdanynt i'w tad.
2ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများ ဟူမူကား၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ၏။ အဘ ၏မယား ဗိလဟာနှင့် ဇိလပ၏သားတို့နှင့်အတူ နေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။
3 Yr oedd Israel yn caru Joseff yn fwy na'i holl blant, gan mai mab ei henaint ydoedd; a gwnaeth wisg laes iddo.
3ဣသရေလသည် အသက်ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့်၊ အခြားသော သားအပေါင်း တို့ကို ချစ်သည်ထက် ယောသပ်ကို သာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကို ချုပ်၍ ပေး၏။
4 Pan welodd ei frodyr fod eu tad yn ei garu yn fwy na'r un ohonynt, rhoesant eu cas arno fel na fedrent ddweud gair caredig wrtho.
4အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သော အခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကို သူ့အား မပြော နိုင်ကြ။
5 Cafodd Joseff freuddwyd, a phan ddywedodd wrth ei frodyr amdani, aethant i'w gas�u yn fwy fyth.
5ယောသပ်သည် အိပ်မက်ကို မြင်၍၊ အစ်ကို တို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။
6 Dywedodd wrthynt, "Gwrandewch, dyma'r freuddwyd a gefais:
6အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်းဟူမူ ကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါ လော့။
7 yr oeddem yn rhwymo ysgubau yn y maes, a dyma f'ysgub i yn codi ar ei sefyll, a daeth eich ysgubau chwi yn gylch o'i chwmpas ac ymgrymu i'm hysgub i."
7ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။
8 Yna gofynnodd ei frodyr iddo, "Ai ti sydd i deyrnasu arnom? A fyddi di'n arglwydd arnom ni?" Ac aethant i'w gas�u ef yn fwy eto o achos ei freuddwydion a'i eiriau.
8အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌ မင်းပြု ရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို ၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။
9 Yna cafodd freuddwyd arall, ac adroddodd amdani wrth ei frodyr a dweud, "Cefais freuddwyd arall: dyna lle'r oedd yr haul a'r lleuad ac un seren ar ddeg yn ymgrymu i mi."
9တဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသော အိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြား ပြောလေ၏။
10 Wedi iddo ei hadrodd wrth ei dad a'i frodyr, ceryddodd ei dad ef, a dweud, "Beth yw'r freuddwyd hon a gefaist? A ddown ni, myfi a'th fam a'th frodyr, i ymgrymu i'r llawr i ti?"
10ထိုသို့အဘနှင့် အစ်ကိုတို့အား ကြားပြောသော အခါ၊ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့ နည်း။ ငါနှင့်သင်၏အမိ၊ သင်၏ အစ်ကိုတို့သည် သင့်ထံ သို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကို ဆုံးမ လေ၏။
11 A chenfigennodd ei frodyr wrtho, ond cadwodd ei dad y peth yn ei gof.
11အစ်ကိုတို့သည် သူ့ကိုငြူစူကြ၏။ အဘသည် ထိုအရာကို မှတ်လေ၏။
12 Yr oedd ei frodyr wedi mynd i fugeilio praidd eu tad ger Sichem.
12အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်းခြင်းငှါ သွားကြ၏။
13 A dywedodd Israel wrth Joseff, "Onid yw dy frodyr yn bugeilio ger Sichem? Tyrd, fe'th anfonaf di atynt." Atebodd yntau, "o'r gorau."
13ဣသရေလသည် ယောသပ်ကိုခေါ်၍၊ သင်၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြ သည် မဟုတ်လော။ လာပါ။ သင့်ကို သူတို့ရှိရာသို့ ငါ စေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊
14 Yna dywedodd wrtho, "Dos i weld sut y mae dy frodyr a'r praidd, a thyrd � gair yn �l i mi." Felly anfonodd ef o ddyffryn Hebron, ac aeth tua Sichem.
14အဘကသွားပါ၊ အစ်ကိုတို့သည် ချမ်းသာ သလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလော ဟူ၍ ကြည့်ရှုပြီးလျှင်၊ ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှ စေလွှတ်သဖြင့်၊သူသည် ရှေခင်မြို့သို့ ရောက်လေ၏။
15 Cyfarfu gu373?r ag ef pan oedd yn crwydro yn y fro, a gofyn iddo, "Beth wyt ti'n ei geisio?"
15တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက် သောသူနှင့်တွေ့၍ ထိုသူက၊ သင်သည် ဘာကိုရှာသနည်း ဟု မေးလျှင်၊
16 Atebodd yntau, "Rwy'n ceisio fy mrodyr; dywed wrthyf ble maent yn bugeilio."
16အစ်ကိုများကို ရှာ၏။ အဘယ်မှာထိန်းကြသည် ကို ပြောပါဟုဆိုသော်၊
17 A dywedodd y gu373?r, "Y maent wedi mynd oddi yma, oherwydd clywais hwy'n dweud, 'Awn i Dothan.'" Felly aeth Joseff ar �l ei frodyr, a chafodd hyd iddynt yn Dothan.
17ထိုသူက၊ ဤအရပ်မှထွက်သွားပြီ။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ယောသပ်သည်လည်း၊ အစ်ကိုတို့ကို လိုက်ရှာ၍ ဒေါသန် မြို့မှာ တွေ့လေ၏။
18 Gwelsant ef o bell, a chyn iddo gyrraedd atynt gwnaethant gynllwyn i'w ladd,
18အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်ပင်၊ အစ်ကို တို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊
19 a dweud wrth ei gilydd, "Dacw'r breuddwydiwr hwnnw'n dod.
19ကြည့်လော့။ အိပ်မက်ဆရာလာပြီ။
20 Dewch, gadewch inni ei ladd a'i daflu i ryw bydew, a dweud fod anifail gwyllt wedi ei ddifa; yna cawn weld beth a ddaw o'i freuddwydion."
20ကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသော တွင်းထဲ သို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ၏။
21 Ond pan glywodd Reuben, achubodd ef o'u gafael a dweud, "Peidiwn �'i ladd."
21ထိုစကားကို ရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲ နေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကို နှုတ် လေ၏။
22 Dywedodd Reuben wrthynt, "Peidiwch � thywallt gwaed; taflwch ef i'r pydew hwn sydd yn y diffeithwch, ond peidiwch � gwneud niwed iddo." Dywedodd hyn er mwyn ei achub o'u gafael a'i ddwyn yn �l at ei dad.
22တဖတ် ရုဗင်က၊ သူ၏အသွေးကို မသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ ချကြစို့ဟု သူတို့လက်မှ ယောသပ်ကို နှုတ်ယူ၍၊ အဘ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ၏။
23 A phan ddaeth Joseff at ei frodyr, tynasant ei wisg oddi arno, y wisg laes yr oedd yn ei gwisgo,
23ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သော အခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်း ထူးခြားသောအင်္ကျီကို ချွတ်ပြီးမှ၊
24 a'i gymryd a'i daflu i'r pydew. Yr oedd y pydew yn wag, heb ddu373?r ynddo.
24သူ့ကိုကိုင်ယူ၍ တွင်းထဲသို့ ချကြ၏။ထိုတွင်း၌ ရေမရှိ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း။
25 Tra oeddent yn eistedd i fwyta, codasant eu golwg a gweld cwmni o Ismaeliaid yn dod ar eu taith o Gilead, a'u camelod yn dwyn glud p�r, balm a myrr, i'w cludo i lawr i'r Aifft.
25ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများ ကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊
26 A dywedodd Jwda wrth ei frodyr, "Faint gwell fyddwn o ladd ein brawd a chelu ei waed?
26ယုဒက၊ ငါတို့သည် ညီကိုသတ်၍သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။
27 Dewch, gadewch inni ei werthu i'r Ismaeliaid; peidiwn � gwneud niwed iddo, oherwydd ein brawd ni a'n cnawd ydyw." Cytunodd ei frodyr.
27ကိုင်ကြ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ်ကိုတို့ သည် ဝန်ခံကြ၏။
28 Yna, pan ddaeth marchnatwyr o Midian heibio, codasant Joseff o'r pydew, a'i werthu i'r Ismaeliaid am ugain sicl o arian. Aethant hwythau � Joseff i'r Aifft.
28ထိုအခါ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။
29 Pan aeth Reuben yn �l at y pydew a gweld nad oedd Joseff ynddo, rhwygodd ei ddillad
29ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင်၊ မိမိအဝတ်ကို ဆွဲဆုတ် လျက်၊
30 a mynd at ei frodyr a dweud, "Nid yw'r bachgen yno; a minnau, i ble'r af?"
30ညီတို့ရှိရာသို့ သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့ သွားရပါ မည်နည်းဟု ဆိုလေ၏။
31 Cymerasant wisg Joseff, a lladd gafr, a throchi'r wisg yn y gwaed.
31သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကို သတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌ နှစ်လေ၏။
32 Yna aethant �'r wisg laes yn �l at eu tad, a dweud, "Daethom o hyd i hon; edrych di ai gwisg dy fab ydyw."
32ထိုနောက်မှ၊ အဆင်းထူးခြားသော ထိုအင်္ကျီကို ပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက်၊ ဤအင်္ကျီကို အကျွန်ုပ်တို့ တွေ့ပါပြီ။ သား၏အင်္ကျီ ဟုတ်သည် မဟုတ်သည်ကို ကြည့်ပါဟုဆိုလျှင်၊
33 Fe'i hadnabu a dywedodd, "Gwisg fy mab yw hi; anifail gwyllt sydd wedi ei ddifa. Yn wir, y mae Joseff wedi ei larpio."
33ထိုအင်္ကျီကို အဘမှတ်မိ၍၊ ငါ့သား၏ အင်္ကျီ မှန်၏။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ။ အကယ်၍ ယောသပ်ကိုအပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊
34 Yna rhwygodd Jacob ei ddillad a gwisgo sachliain am ei lwynau, a galarodd am ei fab am amser hir.
34မိမိအဝတ်ကို ဆွဲဆုတ်၍၊ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာ ညည်းတွားလျက် နေလေ၏။
35 A daeth pob un o'i feibion a'i ferched i'w gysuro, ond gwrthododd dderbyn cysur, a dywedodd, "Mewn galar yr af finnau i lawr i'r bedd at fy mab." Ac wylodd ei dad amdano.
35သားသမီးအပေါင်းတို့သည်၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။
36 Gwerthodd y Midianiaid ef yn yr Aifft i Potiffar, swyddog Pharo, pennaeth y gwarchodwyr.
36ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား၍၊ ဖါရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖါထံမှာ ရောင်းကြ၏။