1Now concerning the collection for the saints, as I directed the assemblies of Galatia, so do *ye* do also.
1သန့်ရှင်းသူတို့အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။
2On [the] first of [the] week let each of you put by at home, laying up [in] whatever [degree] he may have prospered, that there may be no collections when I come.
2ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။
3And when I am arrived, whomsoever ye shall approve, these I will send with letters to carry your bounty to Jerusalem:
3ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။
4and if it be suitable that *I* also should go, they shall go with me.
4သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင်၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည်။
5But I will come to you when I shall have gone through Macedonia; for I do go through Macedonia.
5မာကေဒေါနိပြည်လမ်းကိုငါသွားမည်ဖြစ်၍၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည်။
6But perhaps I will stay with you, or even winter with you, that *ye* may set me forward wheresoever I may go.
6နောက်မှအခြားသို့ ငါသွားသောအခါ၊ သင်တို့ ပို့သောကျေးဇူးကို ခံခြင်းငှါ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်းနေလိမ့်မည်။
7For I will not see you now in passing, for I hope to remain a certain time with you, if the Lord permit.
7ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါသာ အလိုမရှိ၊ နောက်မှသခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မြော်လင့် ခြင်း ရှိ၏။
8But I remain in Ephesus until Pentecost.
8ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့၌ ငါနေရမည်။
9For a great door is opened to me and an effectual [one], and [the] adversaries many.
9အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသော သူအများလည်း ရှိကြ၏။
10Now if Timotheus come, see that he may be with you without fear; for he works the work of the Lord, even as I.
10တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင်၊ သူသည်စိုးရိမ်ခြင်း အကြောင်းမရှိဘဲ၊ သင်တို့နှင့်အတူ နေစေခြင်းငှါ သတိပြုကြလော့။ သူသည်ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သောသူ ဖြစ်၏။
11Let not therefore any one despise him; but set him forward in peace, that he may come to me; for I expect him with the brethren.
11ထိုကြောင့် အဘယ်သူမျှသူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည် အကြောင်းပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့်လျက်နေ၏။
12Now concerning the brother Apollos, I begged him much that he would go to you with the brethren; but it was not at all [his] will to go now; but he will come when he shall have good opportunity.
12ငါ့ညီအာပေါလု၏ အကြောင်းမှာ၊ ညီအစ်ကိုတို့ နှင့်အတူ သင်တို့ ဆီသို့သွားမည်အကြောင်း ငါသည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခုတွင်သွားခြင်းငှါ အလျှင်းအလိုမရှိ၊ နောက်မှ အဆင်သင့်လျှင်သွားလိမ့်မည်။
13Be vigilant; stand fast in the faith; quit yourselves like men; be strong.
13သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့။
14Let all things ye do be done in love.
14သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။
15But I beseech you, brethren, (ye know the house of Stephanas, that it is the first-fruits of Achaia, and they have devoted themselves to the saints for service,)
15ညီအစ်ကိုတို့၊ သတေဖန်၏အိမ်သူအိမ်သား တို့သည် အခါယပြည်တွင်အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှါ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ၊
16that *ye* should also be subject to such, and to every one joined in the work and labouring.
16ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကို၎င်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါ တောင်းပန်၏။
17But I rejoice in the coming of Stephanas and Fortunatus and Achaicus; because *they* have supplied what was lacking on your part.
17သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။
18For they have refreshed my spirit and yours: own therefore such.
18အကြောင်းမူကား၊ သင်တို့သည် ပြုစု၍မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။
19The assemblies of Asia salute you. Aquila and Priscilla, with the assembly in their house, salute you much in [the] Lord.
19အာရှိပြည်၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့သည် သူတို့ အိမ်၌ရှိသော အသင်းတော်နှင့်တကွ၊ သခင်ဘုရားကို ထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။
20All the brethren salute you. Salute one another with a holy kiss.
20ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
21The salutation of [me] Paul with my own hand.
21ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား၏။
22If any one love not the Lord [Jesus Christ] let him be Anathema Maranatha.
22အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာဖြစ်စေသတည်း။ သခင်ဘုရား သည် ကြွလာတော်မူ၏။
23The grace of the Lord Jesus Christ [be] with you.
23ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၌ရှိစေသတည်း။ ယေရှုခရစ်၏ တပည့်တော်ဖြစ် သမျှသော သင်တို့၌ ငါ၏ချစ် ခြင်းမေတ္တာရှိ၏။ အာမင်။
24My love [be] with you all in Christ Jesus. Amen.