Darby's Translation

Myanmar

Job

34

1Moreover Elihu answered and said,
1တဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊
2Hear my words, ye wise [men]; and give ear unto me, ye that have knowledge.
2အကြားအမြင်များသော ပညာရှိတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။
3For the ear trieth words, as the palate tasteth food.
3ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။
4Let us choose for ourselves what is right; let us know among ourselves what is good!
4ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။
5For Job hath said, I am righteous, and ùGod hath taken away my judgment:
5ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။
6Should I lie against my right? My wound is incurable without transgression.
6ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။
7What man is like Job? he drinketh up scorning like water,
7ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ်၏။
8And goeth in company with workers of iniquity, and walketh with wicked men.
8မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော် ၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။
9For he hath said, It profiteth not a man if he delight himself in God.
9လူသည်ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ။
10Therefore hearken unto me, ye men of understanding: Far be wickedness from ùGod, and wrong from the Almighty!
10သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
11For a man's work will he render to him, and cause every one to find according to [his] way.
11လူပြုသော အမှု၏အကျိုးအပြစ်ကို ပေးတော်မူ မည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက် ခံစေတော်မူမည်။
12Yea, surely, ùGod acteth not wickedly, and the Almighty perverteth not judgment.
12အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင် တော်မမူ။
13Who hath entrusted to him the earth? and who hath disposed the whole world?
13မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင် သနည်း။
14If he only thought of himself, [and] gathered unto him his spirit and his breath,
14ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
15All flesh would expire together, and man would return to the dust.
15ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။
16If now [thou hast] understanding, hear this: give ear to the voice of my words!
16ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။
17Should he that hateth right indeed govern? and wilt thou condemn the All-just?
17တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။
18Shall one say to a king, Belial? to nobles, Wicked?
18သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကို၎င်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟုမင်းတို့ကို၎င်း ဆိုသင့် သလော။
19[How then to him] that accepteth not the persons of princes, nor regardeth the rich man more than the poor? for they are all the work of his hands.
19ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
20In a moment they die, even at midnight the people are convulsed and pass away; and the strong are taken away without hand.
20တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
21For his eyes are upon the ways of man, and he seeth all his steps.
21အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရား သခင်ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။
22There is no darkness, nor shadow of death, where the workers of iniquity may hide themselves.
22မတရားသဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစုံတခုမျှမရှိ။
23For he doth not long consider a man, to bring him before ùGod in judgment.
23ဘုရားသခင့်ရှေ့တော်၌ လူသည် တရားတွေ့ သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်း မရှိ။
24He breaketh in pieces mighty men without inquiry, and setteth others in their stead;
24အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ ၏။
25Since he knoweth their actions; and he overthroweth [them] in the night, and they are crushed.
25သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညဉ့်မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏။
26He striketh them as wicked men in the open sight of others,
26သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။
27Because they have turned back from him, and would consider none of his ways;
27အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ်ကြ၏။ ပြုတော်မူသော အမှုတို့ကို အလျှင်းမဆင် ခြင်ကြ။
28So that they cause the cry of the poor to come unto him, and he heareth the cry of the afflicted.
28ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။
29When he giveth quietness, who then will disturb? and when he hideth [his] face, who shall behold him? and this towards a nation, or towards a man alike;
29ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
30That the ungodly man reign not, that the people be not ensnared.
30ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။
31For hath he said unto ùGod, I bear [chastisement], I will not offend;
31အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ။ နောက်တဖန် မပြစ်မှားပါ။
32What I see not, teach thou me; if I have done wrong, I will do so no more?
32အကျွန်ုပ်နားမလည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့် သည် မဟုတ်လော။
33Shall he recompense according to thy mind? for thou hast refused [his judgment]; for thou so choosest, and not I; speak then what thou knowest.
33သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍၊ အလို တော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည် လော။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ။
34Men of understanding will say to me, and a wise man who heareth me:
34ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ။
35Job hath spoken without knowledge, and his words were not with intelligence.
35ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြော သောစကားသည် ပညာစကားမဟုတ်။
36Would that Job may be tried unto the end, because of [his] answers after the manner of evil men!
36ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏။
37For he addeth rebellion unto his sin, he clappeth [his hands] among us, and multiplieth his words against ùGod.
37ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင် ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို၏။