1Bet rīta agrumā visi augstie priesteri un tautas vecākie apspriedās par Jēzu, lai Viņu nodotu nāvei.
1နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူအပေါင်း တို့သည် ယေရှုကို သတ်အံ့သောငှါ တိုင်ပင်၍၊
2Un tie, saistījuši Viņu, aizveda un nodeva zemes pārvaldniekam Poncijam Pilātam.
2ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။
3Tad Jūdass, Viņa nodevējs, redzēdams, ka Viņš notiesāts, žēluma pamudināts, aiznesa trīsdesmit sudraba gabalus augstajiem priesteriem
3ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊
4Un sacīja: Es esmu grēkojis, nododams nevainīgas asinis. Bet tie sacīja: Kāda mums daļa? Skaties pats!
4အကျွန်ုပ်ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကိုအပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊
5Un viņš, nometis sudraba gabalus svētnīcā, aizgāja un pakārās cilpā.
5သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။
6Bet augstie priesteri paņēma sudraba gabalus un sacīja: Nav brīv tos mest upurlādē, jo tā ir asins nauda.
6ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကို ယူ၍ အသွေး၏အဘိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊
7Un apspriedušies viņi nopirka par tiem podnieka tīrumu svešinieku kapsētai.
7တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တပါးအမျိုးသားတို့၏သင်္ချိုင်းဖြစ်စေဘို့ရာ ထိုငွေနှင့် ဝယ်ကြ၏။
8Tāpēc šis tīrums līdz šai dienai saucas Hakeldama, tas ir, asins tīrums.
8ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။
9Tā piepildījās pravieša Jeremija sludinājums, kas saka: Un tie saņēma trīsdesmit sudraba gabalus, novērtētā maksu, kādu Izraēļa dēli bija noteikuši,
9ပရောဖက်ယေရမိဟောသည်ကား၊ ဣသရေလလူတို့သည် အဘိုးပြက်သောသူ၏ ကိုယ်ဘိုးငွေသုံး ဆယ်ကို သူတို့သည် ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊
10Un atdeva tos par podnieka tīrumu, kā Kungs man pavēlējis.
10အိုးထိန်းသမား၏မြေအကွက်ကို ဝယ်ကြ၏ဟူသော စကားသည်ထိုအခါပြည့်စုံခြင်းသို့ ရောက်လေ၏။
11Bet Jēzus nostājās zemes pārvaldnieka priekšā; un pārvaldnieks Viņam jautāja, sacīdams: Vai Tu esi jūdu ķēniņš? Jēzus viņam atbildēja: Tu to saki.
11ယေရှုသည် မြို့ဝန်မင်းရှေ့သို့ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။
12Un kad augstie priesteri un vecākie Viņu apsūdzēja, Viņš nekā neatbildēja.
12ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တခွန်းကိုမျှ ပြန်တော်မမူ၊
13Tad Pilāts sacīja Viņam: Vai Tu nedzirdi, cik smagu liecību viņi nodod pret Tevi?
13ပိလတ်မင်းကလည်း၊ သင့်တဘက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း၊
14Un Viņš tam neatbildēja ne uz vienu vārdu, tā ka pārvaldnieks ļoti brīnījās.
14စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံဩလေ၏။
15Bet augstos svētkos zemes pārvaldnieks mēdza atbrīvot vienu cietumnieku, kuru viņi vēlējās.
15ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူတယောက်ယောက် ကို လွှတ်မြဲထုံးစံရှိ၏။
16Bet tanī laikā viņam bija sevišķi ļaunas slavas cietumnieks, vārdā Baraba.
16ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူတယောက်ရှိ၏။
17Un kad viņi bija sapulcējušies, Pilāts sacīja tiem: Kuru jūs gribat, lai es jums atlaižu, Barabu vai Jēzu, kuru sauc Kristus?
17လူများ စည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကိုလွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေး လေ၏။
18Jo viņš zināja, ka tie skaudības dēļ Viņu bija nodevuši.
18အဘယ်ကြောင့် ဤသို့ မေးသနည်းဟုမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကို အပ်နှံ ကြောင်းကို ပိလတ်မင်းသိ၏။
19Bet kad viņš sēdēja soģa krēslā, viņa sieva sūtīja pie tā, sacīdama: Neaiztiec šo Taisnīgo, jo es šodien sapnī Viņa dēļ daudz cietu!
19ထိုမှတပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တယောက်ကို စေလွှတ်၍၊ ထို ဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရ ပါပြီဟု မှာလိုက်၏။
20Bet augstie priesteri un vecākie pamudināja tautu, lai tā pieprasa Barabu, bet Jēzu nogalina.
20လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူ အကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။
21Un zemes pārvaldnieks atbildēja un sacīja viņiem: Kuru no šiem diviem gribat, lai es jums atlaižu? Bet viņi sacīja: Barabu.
21ထို့ကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။
22Pilāts viņiem sacīja: Ko tad man darīt ar Jēzu, kas saucas Kristus?
22ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟု ခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။
23Visi viņi sacīja: Sist Viņu krustā! Zemes pārvaldnieks viņiem sacīja: Ko tad Viņš ļaunu darījis? Bet viņi vēl skaļāk kliedza un sacīja: Sist Viņu krustā!
23မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟုမေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ဟစ်ကြ၏။
24Bet Pilāts, redzēdams to, ka viņš nekā nepanāk, bet troksnis pavairojas, ņēma ūdeni, mazgāja rokas tautas priekšā, sacīdams: Es esmu nevainīgs pie šī Taisnīgā asinīm. Skatieties paši!
24ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများ ရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သော သူ၏အသွေးနှင့်ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။
25Un visi ļaudis atbildēja un sacīja: Viņa asinis lai nāk pār mums un pār mūsu bērniem.
25ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း တည်ရှိပါစေဟု ပြန်ပြောကြ၏။
26Tad viņš tiem atlaida Barabu, bet Jēzu, šaustītu, nodeva tiem, lai Viņu sit krustā.
26ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။
27Tad pārvaldnieka kareivji ņēma Jēzu tiesas namā un sapulcināja pie Viņa visu pulku.
27ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ဆောင်သွား၍ စစ်သူရဲတတပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊
28Un tie, izģērbuši Viņu, apvilka Viņam purpura mēteli.
28အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။
29Un tie, nopinuši kroni no ērkšķiem, lika to Viņam galvā un niedri Viņa labajā rokā. Un tie, Viņa priekšā ceļos mezdamies, izsmēja Viņu, sacīdami: Esi sveicināts, jūdu ķēniņ!
29ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်းတော်၌တင်ကြ၏။ ကျူတလုံးကိုလည်း လက်ျာလက်တော်နှင့် ကိုင် စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။
30Un tie spļāva uz Viņu, paņēma niedri un sita Viņam pa galvu.
30ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။
31Un tie, kad bija Viņu izsmējuši, novilka Viņam mēteli un ietērpa Viņu Viņa paša drēbēs un aizveda, lai Viņu sistu krustā.
31ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ မင်းဝတ်လုံကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီး လျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။
32Bet izgājuši, viņi sastapa cilvēku no Kirēnes, vārdā Sīmani; tie piespieda šo nest Viņa krustu.
32သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတယောက်ကိုတွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါး ကပ်တိုင်တော်ကို ထမ်းစေကြ၏။
33Un viņi nonāca tai vietā, ko sauc par Golgātu, tas ir, Kalvārijas vietu.
33ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို့ ရောက်ကြသော်၊
34Un tie Viņam deva dzert vīnu, sajauktu ar žulti. Un Viņš, baudījis, negribēja to dzert.
34ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှါပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။
35Bet kad tie bija Viņu krustā piesituši, tie lozējot izdalīja Viņa drēbes, lai izpildītos pravieša priekšsludinājums, kas saka: Viņi izdalīja manas drēbes un par maniem svārkiem meta kauliņus.
35ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏။
36Un tie sēdēja un apsargāja Viņu.
36ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။
37Un virs Viņa galvas tie uzlika Viņa vainas uzrakstu: Šis ir Jēzus, jūdu ķēniņš.
37အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်းဟု ရေး ၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။
38Tad divi slepkavas reizē ar Viņu tika sisti krustā: viens pa labi, otrs pa kreisi.
38ထိုအခါ ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျာတော်ဘက်၌ တယောက်၊ လက်ဝဲတော် ဘက်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
39Bet garāmgājēji zaimoja Viņu, galvas kratīdami,
39လမ်းမှာ သွားလာသောသူတို့ကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့။
40Un sacīja: Tu, kas noplēs Dieva svētnīcu un to trijās dienās atkal uzcel, atpestī pats sevi! Ja Tu esi Dieva Dēls, nokāp no krusta!
40ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ်၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ၏။
41Tāpat augstie priesteri ar rakstu mācītājiem un vecākie izsmiedami sacīja:
41ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။
42Citiem Viņš palīdzēja, pats sev nevar palīdzēt. Ja Viņš ir Izraēļa ķēniņš, lai nokāpj tagad no krusta, un mēs ticēsim Viņam.
42ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေ စေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။
43Viņš paļāvās uz Dievu, lai tagad glābj, ja Viņš to vēlas, jo Viņš sacījis: Es esmu Dieva Dēls.
43သူသည် ဘုရားသခင်ကိုကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟုဆိုပြီ။ သို့ဖြစ်၍ ဘုရား သခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ယယ်ပြု၍ ပြောဆိုကြ၏။
44Bet arī slepkavas, kas līdz ar Viņu bija krustos piesisti, tāpat nievāja Viņu.
44ထိုနည်းတူ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောထားပြတို့သည်လည်း ကဲ့ရဲ့အပြစ် တင်ကြ၏။
45Bet no sestās stundas tumsa iestājās pār visu zemi līdz pat devītajai stundai.
45မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
46Bet ap devīto stundu Jēzus sauca stiprā balsī, sacīdams: Eli, Eli, lema sabahtani? Tas ir: Mans Dievs, mans Dievs, kāpēc Tu mani atstāji?
46သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော် တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ဟု ဆိုလိုသတည်း။
47Bet daži, kas tur stāvēja, to dzirdēdami, teica: Viņš sauc Eliju.
47ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည် ကြားလျှင်၊ သူသည် ဧလိယကိုခေါ်သည်ဟု ဆိုကြ၏။
48Un tūdaļ viens no tiem aizskrēja, paņēma sūkli, piesūcināja to etiķī, uzsprauda niedrē un deva Viņam dzert.
48လူတယောက်သည် ချက်ခြင်းပြေး၍ ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌ တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလေ၏။
49Bet citi sacīja: Pagaidi, redzēsim, vai Elijs nāks Viņu glābt.
49ကြွင်းသောသူတို့က၊ ရှိစေတော့။ ဧလိယသည် သူ့ကိုကယ်တင်ခြင်းငှါလာမည်မလာမည်ကို ကြည့်ကြ ကုန်အံ့ဟု ဆိုကြ၏။
50Bet Jēzus atkal sauca skaļā balsī un atdeva savu garu.
50ယေရှုသည် ကြီးသောအသံနှင့်တဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။
51Un, lūk, svētnīcas priekškars pārplīsa divās daļās no augšas līdz apakšai, un zeme trīcēja, un klintis plīsa,
51ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြားကြ၏။
52Un kapi atvērās, un daudz svēto miesas, kas dusēja, uzcēlās no miroņiem.
52သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့ သည် ထကြ၍၊
53Un pēc Viņa augšāmcelšanās tie izgāja no kapiem, nāca svētajā pilsētā un parādījās daudziem.
53ကိုယ်တော်ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ ထဲသို့ ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။
54Bet virsnieks un tie, kas ar Viņu bija, sargāja Jēzu un, redzēdami zemestrīci un visu, kas notika, ļoti izbijās un sacīja: Patiesi, Viņš bija Dieva Dēls.
54ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျှင် အလွန် ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။
55Bet tur bija daudz sieviešu no tālienes, kas pavadīja Jēzu no Galilejas un kalpoja Viņam.
55ဂါလိလဲပြည်က ယေရှုနောက်တော်၌ အလုပ်အကျွေးလိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။
56Starp tām bija Marija Magdalēna un Marija, Jēkaba un Jāzepa māte, un Zebedeja dēlu māte.
56ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏ သား တို့၏ အမိပါကြသတည်း။
57Bet vakaram iestājoties, nāca kāds bagāts cilvēks no Arimatejas, vārdā Jāzeps, kas arī bija Jēzus māceklis.
57ညအချိန်ရောက်မှ အရိမသဲမြို့သား ယောသပ်အမည်ရှိသောသူဌေးသည် ယေရှု၏တပည့်တော် ဖြစ် သည်နှင့်၊
58Viņš aizgāja pie Pilāta un izlūdzās Jēzus miesas. Tad Pilāts pavēlēja miesas atdot.
58ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်း တော်ကို ပေးစေခြင်းငှါ အမိန့်တော်ရှိသော်၊
59Un kad Jāzeps saņēma miesas, viņš ietina tās tīrā audeklā.
59ယောသပ်သည် အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊
60Un viņš ielika tās savā jaunajā kapā, ko bija izcirtis klintī. Un viņš, pievēlis kapa durvīm lielu akmeni, aizgāja.
60ကျောက်၌ ထွင်းသောမိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ၏။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ ၌ လှိမ့်ထားပြီးမှ သွား၏။
61Bet tur bija Marija Magdalēna un otra Marija; viņas sēdēja iepretim kapam.
61မာဂဒလမာရိနှင့် အခြားသောမာရိသည် ထိုအရပ်၌ သင်္ချိုင်းတော်ရှေ့မှာ ထိုင်လျက်နေရစ်ကြ၏။
62Bet otrā dienā, kas ir pēc sataisīšanās dienas, augstie priesteri un farizeji sapulcējās pie Pilāta
62အဘိတ်နေ့လွန်၍ နက်ဖြန်နေ့ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံ ၌ စုဝေး၍၊
63Un sacīja: Kungs, mēs atminējāmies, ka šis viltnieks, vēl dzīvs būdams, sacīja: Pēc trim dienām es augšāmcelšos.
63ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမှီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။
64Tāpēc pavēli apsargāt kapu līdz trešajai dienai, ka kādreiz neatnāk Viņa mācekļi un nenozog Viņu, un nepasaka tautai: Viņš uzcēlies no miroņiem. Tad pēdējā viltība būtu lielāka nekā pirmā.
64ထိုကြောင့် သူ၏တပည့်တို့သည် ညအခါလာ၍ အလောင်းကိုခိုးယူပြီးလျှင်၊ သူသည် သေခြင်းမှ ထ မြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော်၊ ရှေ့အမှားထက် နောက်အမှားသာ၍ ကြီးမည်ဟု စိုး ရိမ်စရာ အကြောင်းရှိသည်ဖြစ်၍၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှါ အမိန့် ရှိတော်မူပါဟု လျှောက်ကြလျှင်၊
65Pilāts viņiem atbildēja: Ņemiet sardzi, ejiet un apsargājiet, kā zināt!
65ပိလတ်မင်းက၊ သင်တို့၌ လူစောင့်တတပ်ရှိ၏။ သွားကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့်စေကြ ဟု ဆိုလေ၏။
66Un viņi aizgāja, pielika kapam sardzi un apzīmogoja akmeni.
66ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာ ပြုကြ၏။