Latvian: New Testament

Myanmar

Matthew

28

1Bet, kad sabats beidzās, pirmajai nedēļas dienai austot, Marija Magdalēna un otra Marija nāca apskatīt kapu.
1ဥပုသ်နေ့လွန် ခုနစ်ရက်တွင် ပဌမနေ့ရက်မိုဃ်းလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။
2Un, lūk, notika liela zemestrīce, jo Kunga eņģelis nāca no debesīm un piegājis novēla akmeni, un apsēdās uz tā.
2ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။
3Un viņa skats bija kā zibens un viņa drēbes baltas kā sniegs.
3သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုဃ်းပွင့်ကဲ့သို့ ဖြူ၏။
4Bet sargi bailēs drebēja un bijās no viņa, un kļuva kā miruši.
4လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏။
5Bet eņģelis uzrunāja sievietes un sacīja: Nebīstieties, jo es zinu, ka jūs meklējat Jēzu, krustā sisto.
5ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင် တို့ရှာကြသည်ကို ငါသိ၏။
6Viņa šeit nav, jo Viņš ir augšāmcēlies, kā bija sacījis. Nāciet un aplūkojiet to vietu, kur Kungs bija nolikts!
6ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာ အ ရပ်ကို ကြည့်ကြလော့။
7Un ejiet steigšus un pasakiet Viņa mācekļiem, ka Viņš ir augšāmcēlies, un, lūk, Viņš pirms jums aizies uz Galileju. Tur jūs Viņu redzēsiet. Lūk, es jums to vēstīju.
7အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။
8Un viņas bailēs un lielā priekā ātri izgāja no kapa un steidzās to vēstīt Viņa mācekļiem.
8ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်၎င်း၊ အလွန်ဝမ်းမြောက်သဖြင့်၎င်း၊ သင်္ချိုင်းတော်မှ အလျင် အမြန်သွား၍ တပည့်တော်တို့အား ထိုသိတင်းစကားကို ကြားပြောခြင်းငှါ ပြေးကြ၏။
9Un, lūk, Jēzus sastapa viņas un sacīja: Esiet sveicinātas! Bet tās piegāja, apskāva Viņa kājas un pielūdza Viņu.
9လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော် မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ကြ၏။
10Tad Jēzus sacīja viņām: Nebīstieties, ejiet un paziņojiet maniem brāļiem, lai viņi iet uz Galileju! Tur viņi mani redzēs.
10ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်း ငှါ ဤသိတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏။
11Kad viņas bija aizgājušas, lūk, daži no sargiem, iegājuši pilsētā, paziņoja augstajiem priesteriem visu, kas bija noticis.
11ထိုမိန်းမတို့သည် သွားကြစဉ်အခါ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင်၍ ဖြစ်လေသမျှသောအခြင်း အရာတို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ၏။
12Un viņi, sapulcējušies ar vecākajiem, nolēma dot kareivjiem daudz naudas
12ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများ ကို ပေး၍၊
13Un teica: Sakiet: Viņa mācekļi atnāca naktī un, mums guļot, nozaga Viņu.
13ညဉ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏ တပည့်တို့သည်လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။
14Un mēs, ja zemes pārvaldnieks par to dabūs zināt, viņu pārliecināsim un gādāsim par jūsu drošību.
14ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ၍သင်တို့၌ အမှုမရှိစေခြင်းငှါ ပြုမည်ဟု၊
15Un sargi, saņēmuši naudu, darīja, kā bija mācīti. Un šī valoda izpaudās starp jūdiem līdz pat šai dienai.
15သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့ သည် အနှံ့အပြားပြောဆိုကြ၏။
16Bet vienpadsmit mācekļi aizgāja Galilejā uz to kalnu, kur Jēzus bija viņiem pavēlējis.
16တကျိပ်တပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင် ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပြပ်ဝပ်ကိုးကွယ်ကြ၏။
17Un tie, Viņu ieraudzījuši, pielūdza Viņu, bet daži šaubījās.
17အချို့တို့သည် ယုံမှားခြင်းရှိကြ၏။
18Un Jēzus piegāja un runāja viņiem, sacīdams: Man dota visa vara debesīs un virs zemes.
18ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင် သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။
19Tāpēc ejiet un māciet visas tautas, kristīdami tās Tēva un Dēla, un Svētā Gara vārdā,
19သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။
20Mācīdami tās pildīt visu, ko es jums esmu pavēlējis, un, lūk, es esmu ar jums līdz pasaules galam.
20ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။