1ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူအစ်ကိုများ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။
1Huchiin David bel huai akipan a pawt khiaa, Adullam kokhuk ah a omta a: huan, a unaute leh a pate inkote tengtengin a jak un huaiah a kiangah a hoh suk ua.
2အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူအပေါင်းတို့သည်၊ သူ့ထံမှာ စုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ၏။
2Huan, lungkham peuhmahte, leiba nei peuhmahte, lungkimlouhna nei peuhmahte a kiangah a kikai khawm ua; huchiin, a heutu un a omta a; huan, a kiangah mi za li hiamtak a om uh.
3ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊
3Huan, David bel huai akipanin Moab gama Mizpe ah a hoha; Moab kumpipa kiangah, Pathianin a hon hihsak ding thil ka theih masiah ka nu leh ka pate na kiangah na om le uh, a chi a.
4မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သော ဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။
4Huan, Moab kumpipa maah amau a pi a: huchiin kokhuka David a omlai teng a kiangah a om uh.
5တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။
5Huan, jawlnei Gadin David kiangah, kokhuk ah om nilouh ken; pawt inla Judai gamah paiin, a chi a. Huchiin David a pawta, Hereth gammang ah a lutta hi.
6ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကို ကိုင်လျက်၊ ကျွန်အပေါင်းတို့ သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့်သူ၏ လူတို့သည် ပေါ်ကြောင်းကို ရှောလုကြား၍၊
6Huan, Saulain David leh a kianga omte a muta uh chih a najaa: Saula Gibea ah Rama khuaa tamarisk sing nuaiah teipi tawiin a tu a; huan, akimah a sikhate tengteng ading uh.
7အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတထောင်အုပ်၊ တရာအုပ်အရာ၌ ခန့်ထားနိုင်သလော။
7Huan, Saulain a kima ding a sikhate kiangah, nou Benjamin mite aw, ngaikhia un; Jesai tapain loute leh grep huante a honpe sinin a sepaih sang heutu ding, a sepaih za heutu dingin a honbawl vek sin ahia?
8ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တဘက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိဿဟာယဖွဲ့ကြောင်းကို တယောက်မျှမပြော။ ငါ့အတွက် တယောက်မျှ ဝမ်းမနည်း။ ငါ့ကျွန်သည် ယနေ့ ပြုသည် အတိုင်း၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှါ၊ ငါ့သားနှိုးဆော် ကြောင်းကို တယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော်၊
8Na vek un non sawm ua, ka tapain Jesai tapa kianga thu a khun ka kianga hihlang himhim na om kei ua, ka tapain ka sikha kei hondou ding leh tunite nasan a kei hontang dinga a hasot thu ka kianga hihlang na om louh uh? A chi a.
9ရှောလု၏ ကျွန်အုပ် ဧဒုံ အမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။
9Huchiin Saula sikhate kianga ding Edom mi Doeg in a dawnga, jesai tapa Nob khuaa Ahitub tapa Ahimelek kianga hong kamu.
10အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ထားကို၎င်း ပေးပါ၏ဟု ကြားလျှောက်လျှင်၊
10Huan, aman TOUPA a dotsaka, nekding a piaa, huan, Philistia mi Goliath namsau leng a pe lai, a chi a.
11ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌ နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကို ခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။
11Huchiin kumpipan Ahitub tapa siampu om tengteng a samsaka.
12ရှောလုကလည်း၊ အဟိတုပ်၏သား နားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည် သခင်ဟုလျှောက်၏။
12Huan, Saulain, nang, Ahitub tapa, nangaikhiain, a chi a. Huan, aman, ka pu, hiaiah ka om hi, a chi a.
13ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး၍ သူအဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊
13Huan, Saulain a kiangah, tanghou leh namsau khawng napiaa TOUPA bang dot saka tunia a hih banga kei hondou ding leh hontang dinga bangdinga nang leh Jesai tapa in honsawm vial na hi ua? A chi a.
14အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။
14Huchiin Ahimelekin kumpipa a donga, kumpipa makpa, na mi dotpen sek, na inkuan sung ua mi zahtakhuai David bang himhima mi muanhuai na sikhate tengteng lakah kua a om ua?
15ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။
15Tuni amah adia Pathian thu ka dotsak tung ni ahi hia? A hi kei. Kumpipan a sikha hiam, ka pa inkuante peuhmah hiam honngoh mahmah kei heh; na sikhain hiai thu khawng abangmah mah ka theikei hi, a chi a.
16ရှင်ဘုရင်က၊ အဟိမလက်၊သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟု ဆိုလျက်၊
16Huan, kumpipan, Ahimelek, na sih ngeingei ding ahi, nang leh na pa inkuante tengteng toh, a chi a.
17ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍ သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံ ဘဲ နေကြ၏။
17Huan, kumpipan a kianga ding sepaihte kiangah, kihei unla TOUPA siampute that un, David lama a pan ua, a tai mang chih thei napia ka kianga a gen louh jiakun, a chi a. Himahleh kumpipa sikhaten TOUPA siampute sual dingin khut a jak nuam kei uh.
18တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။
18Huan, kumpipan Doeg kiangah, nang kihei inla, siampute sualin, a chi a. Huan, Edom mi Doeg a kiheia, siampute a suala, huai niin puan malngat siampu puanak silh, mi sawmgiat leh nga a that a.
19ယဇ်ပုရောဟိတ် ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ထားနှင့်လုပ်ကြံလေ၏။
19Huan, Nob, siampu khua namsauin a suala; numei leh pasal naupang leh nawine laite nangawn, bawng khawng, sabengtung khawng, belamte toh namsauin a satlum hi.
20အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာ အမည်ရှိသော သူတယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။
20Huan, Ahitub tapa Ahimelek tapate laka khat, amin Abiathar a tai khiaa, David kiangah a tai hi.
21ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ၊
21Huan, Abiathar in Saulain TOUPA siampute a thah thu David a hilh.
22ဒါဝိဒ်က၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှါပြုမိပါပြီတကား။
22Huan, Davidin Abiathar kiangah, Edom mi Doeg huailaia a om ni mahin Saula a hilh ngeingei ding chih theisa in ka om hi: na pa inkuan tengteng kei jiaka si ahi ua.Nang ka kiangah om inla lau ken; kei thah hontumten nang leng thah a hontum ding uh; ka kiangah om lechin bel na bit ding hi, a chi a.
23ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူ နေပါလော့။ မစိုးရိမ်နှင့်။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။
23Nang ka kiangah om inla lau ken; kei thah hontumten nang leng thah a hontum ding uh; ka kiangah om lechin bel na bit ding hi, a chi a.