1ဖိလိတ္တိလူတို့သည် ကိလမြို့ကို တိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ
1Huan, ngaiin, Philistia miten Keila khua a sual ua, phuala buhte a laksak vek uh, chiin David a hilh ua.
2အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍ လုပ်ကြံရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ ကိလမြို့ကို ကယ်တင် လော့ဟု ဒါဝိဒ်အား မိန့်တော်မူ၏။
2Huchiin Davidin, TOUPA, huai Philistia mite ka vasual diam? Chiin a donga. Huan, TOUPAN David kiangah, Philistia mite vasual inla, Keila khua vahumbitin, a chi a.
3ဒါဝိဒ်၏လူတို့ကလည်း၊ ငါတို့သည် ယုဒပြည်၌ပင် ကြောက်ကြ၏။ ထိုမျှမက ကိလမြို့သို့ရောက်၍ ဖိလိတ္တိဗိုလ်ခြေတို့နှင့် စစ်ပြိုင်သောအခါသာ၍ ကြောက်စရာရှိပါသည်တကားဟု ဆိုကြ၏။
3Huan, David miten a kiangah, ngaiin juda gama om nangawna lau I hi ua, Keila khuaa hoh suka Philistia sepaihte vasual lauhuai semnatel inchia: a chi ua.
4တဖန်ဒါဝိဒ်သည် ထပ်၍ ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ထ၍ ကိလမြို့သို့ သွားလော့။ ဖိလိတ္တိလူတို့ကို သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
4Huchiin Davidin TOUPA a dong nawna. Huan, TOUPAN a dawnga, a kiangah, thou inla, Keila khua ah hohsukin, Philistia mite na khut ah ka hon pe ding, a chi a.
5ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့် တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကို ယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။
5Huchiin David leh a mite Keila khua ah a hoh ua, Philistia mite a vasual ua, a gante uh a laksak ua, a that ek uh. Huchibangin Davidin Keila khua mite a humbitta hi.
6အဟိမလက်၏သား အဗျာသာသည်၊ ဒါဝိဒ်ရှိရာ ကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော် ပါလျက်ရောက်လာသတည်း။
6Huan, hichi ahi a, Ahimelek tapa Abiathar Keila khua a David kianga a tai laiin siampu puannak tawia pai suk ahi a.
7ဒါဝိဒ်သည် ကိလမြို့သို့ ရောက်ကြောင်းကို ရှောလုကြားလျှင်၊ ဘုရားသခင်သည် သူ့ကို ငါ့လက်သို့ အပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက်၊
7Huan, Keila khua ah David a hoh chih Saula a hilh ua. Huan, Saulain, Pathianin ka khuta amah honpia ei ve; kulh kongpi leh a kalhna nei khua ah lah lutin a kikhumta ngala, a chi a.
8ကိလမြို့သို့ စစ်ချီ၍ ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်းထားခြင်းငှါ မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
8Huan, Saulain mi tengteng kidou dingin Keila khua vasuala David leh a mite vaum dingin a sam khawma.
9ရှောလုသည် မကောင်းသော အကြံနှင့် ကြိုးစားသည်ကို ဒါဝိဒ်သည် သိ၍၊ ယဇ်ပုရောဟိတ် အဗျာသာအား၊ သင်တိုင်းတော်ကို ယူခဲ့ပါဟု ဆို၏။
9Huan, Davidin Saulain a tungah thil hoihlou a sawm chih a natheia, siampu Abiathar kiangah, Siampu puannak honla dih ve, a chi a.
10ထိုအခါ ဒါဝိဒ်က၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့ လာ၍ ကိုယ်တော်ကျွန်အတွက် ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။
10Huchiin Davidin, Aw TOUPA Israelte Pathian, Saula kei jiaka khua hihse dingin Keila ah hongpai suk a tum chih kei na sikhain ka jaa.
11ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ၏လက်၌ အပ်ကြပါလိမ့်မည်လော။ ကိုယ်တော်၏ ကျွန်ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်အား အမိန့်ရှိတော်မူမည်အကြောင်း တောင်းပန်ပါ၏ဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ ရှောလုသည် လာလိမ့်မည်ဟု မိန့်တော်မူ၏။
11Keila khua a miten a khut ah honpe ding uam? Na sikhain ka jak bangin Saula a hongpai suk sin hia? Aw TOUPA, Israelte Pathian, hehpih tekin na sikha hon hilhin, a chi a.
12တဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။
12Huan, TOUPAN, a hong suk sin, a chi a. Huchiin Davidin, Keila khuaa miten kei leh ka mite Saula khut ah honpe diam? A chi a. Huan, TOUPAN, a honpe ding uh, a chi a.
13ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့် ရှိသော မိမိလူတို့နှင့် ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင် ရာအရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား၍ ကိုယ်တိုင်မသွားဘဲ နေ၏။
13Huchiin David leh a mite, guk hiam tak a thou ua Keila khua akipan pawt ua, paina lemna lamlam ah a paita uh. Huan, David Keila khua akipan a tai kheta chih Saula a hilh ua; huchiin kuankhiak a kikhelsakta hi.
14ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်း ရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင် အပ်တော်မမူ။
14Huan, David bel gamdai ah, leikohawm khawngah a oma, Ziph gamdaia sangtanggam ah a om nilouh hi. Huan, Saulain nitengin amah a zonga, himahleh Pathianin a khut ah a pe kei.
15တရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ရှိ၍၊ သူ၏ အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ၊
15Huan, Davidin amah hihlup tumin Saula hongkisa chih a theia; huchiin David Ziph gamdai gamnuaiah a om hi.
16ရှောလု၏ သားယောနသန်သည် ထ၍ဒါဝိဒ်ရှိရာ တောအုပ်သို့သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှါ ထောက်မလျက်၊
16Huan, Saula tapa Jonathan a thou a, gamnuai ah David kiangah a hoha, Pathian ah a khut a hatsak a.
17မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏ လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်းသင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊
17Huan, a kiangah, lau het ken, ka pa Saula khutin a hongzong khe kei ding hi, Israelte kumpipain na om dinga, kei nang hon zompa ka hi ding; huai leng ka pa Saulain a thei kilkel hi, a chi a.
18ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌ နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။
18Huan, a nih un TOUPA maah thu a khung ua; huan, David bel gamnuai ah a om nilouha, Jonathan bel a inlam ah a paita hi.
19တဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ကျွန်တော်တို့နေရာ ယေရှိမုန်မြို့ တောင်ဘက်မှာ၊ ဟခိလတောကြို တောင်ကြား၌ ပုန်းလျက်နေသည်ဖြစ်၍၊
19Huchiin Ziph mite Gibea ah Saula kiangah a hoh tou ua, David ka kiang uah gamnuaia leikohawm ah, gamdai sim lamsang Hakila tangah a nabu nilouh kei maw?
20အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည် အတိုင်းကြွတော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက်တော်သို့အပ်သော အမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင်၊
20Huaijiakin aw toupa, na hong paisuk a utlamtak ahi bangin hong paisuk ta inla, huan, kou na hih tei ding a hihleh kumpipa khut amah nanapiak ahi ding, a chi ua.
21ရှောလုက၊ သင်တို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါစေသော။ သင်တို့သည် ငါ့ကိုသနားကြပြီ။
21Huan, Saulain, TOUPAN hon vualjawl hen; nouten non hehpih mahmah uh.
22ယခုသွား၍ ပြင်ဆင်ကြလော့။ သူ ပုန်းရှောင်၍ နေရာကို၎င်း၊ အဘယ်သူ မြင်ပြီးသည်ကို၎င်း၊ စူးစမ်းကြလော့။ သူသည် အလွန်လိမ္မာသည်ကို ငါကြား၏။
22Pai unla, vachian nawn sem unla, a nung vajui unla, huan a mumi leng vachian hoih nawn sese un; lepchiah pil takin thil a hih sek chih min a honhilh uhi.
23ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တဖန်လာကြလျှင်၊ သင်တို့နှင့် အတူငါလိုက်မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊
23Huaijiakin a bukna mun tengteng thei sipsip unla, huan, ka kiangah hong nawn ngeingei unla, huan, nou kiangah kei leng ka hong tei ding hi; huan, hichi ahi dinga, hiai gama a om peuhmah leh Juda mi sang tampi lak akipan ka zong khe ding, a chi a.
24သူတို့သည် ထ၍ ရှောလုအရင် ဇိဖတောသို့သွားကြ၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည် မောနတော၊ ယေရှိမုန်မြို့ တောင်ဘက်လွင်ပြင်၌ ရှိကြ၏။
24Huan, a thou ua, Saula pai main Ziph ah a hoh ua: himahleh David leh a mite gamdai simlam Araba ah Maon gamdai ah a om uh.
25ရှောလုသည်လည်း လူများနှင့်တကွ လာ၍ ရှာသည်ကို ဒါဝိဒ်သည် ကြားပြန်လျှင်၊ ကျောက်ကြားမှ ထွက်သွား၍ မောနတော၌ နေ၏။ ရှောလုကြားပြန်သော်၊ မောနတော၌ ဒါဝိဒ်ကို လိုက်၍ ရှာ၏။
25Huan, Saula leh a mite amah zong dingin a hoh ua. Huan, David a hilh ua: huchiin suangpi juanin a pawtkhia a, Maon gamdai ah David a delhta a.
26ရှောလုသည် တောင်တဘက်၌၎င်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက်၌၎င်း၊ သွားကြ၍ ရှောလုကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလုနှင့် သူ၏လူတို့သည် ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်း၍ ဘမ်းမိလုကြပြီ။
26Huan, Saula tang langkhat lampang ah a paia, huan, David leh a mite bel tang langkhat lampang ah a pai ua; huan, David bel Saula lauin kintak in a taia; Saula leh a miten lah David leh a mite mat tumin a um kimvel ngal ua.
27ထိုအခါ တမန်ရောက်လာ၍၊ အလျင်အမြန် ကြွလာတော်မူပါ။ ဖိလိတ္တိလူတို့သည် ပြည်တော်ကို တိုက်လာကြပါပြီဟု ရှောလုအား ကြားလျှောက်သောကြောင့်၊
27Himahleh Saula kiangah, kinmeng inla, hongpai in, Philistia miten I gam uh a hongsual uh, chiin thangkou a hongtunga.
28ရှောလုသည် ဒါဝိဒ်ကို လိုက်ရှာရာမှ ပြန်၍ ဖိလိတ္တိလူတို့ရှိရာသို့ ချီသွားလေ၏။ သို့ဖြစ်၍ ထိုအရပ်ကို သေလဟမ္မလေကုပ်အမည်ဖြင့် သမုတ်သတည်း။
28Huchiin Saulain David a delh lai a kiksana, Philistia mite sual dingin a paitaa: huaijiakin huai mun Sela-hama-lekoth a chita uhi.Huan, David huaia akipan a pai toua, En-gedi leikohawm khawngah a om hi.
29ဒါဝိဒ်သည် ထိုအရပ်မှ သွား၍ အင်္ဂေဒိမြို့နယ်၊ ခိုင်ခံ့သော အရပ်တို့၌ နေလေ၏။
29Huan, David huaia akipan a pai toua, En-gedi leikohawm khawngah a om hi.