Myanmar

Paite

2 Chronicles

29

1ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီး အာဘိအမည်ရှိ၏။
1Hezekia bel kum sawmnih leh kum ngaa upa a hihna a lal pana; Jerusalem ah kum sawmnih leh kum kua a lala; a nu min Abija, Zekaria tanu ahi.
2ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။
2Huan, a pu David thilhih hihin TOUPA mitmuhin thil hoih a hih seka.
3နန်းစံပဌမနှစ်၊ ပဌမလတွင် ဗိမာန်တော်တံခါး တို့ကို ဖွင့်၍ ပြုပြင်တော်မူ၏။
3Aman a lal pat kum kha khatnaah TOUPA in kongkhak te a honga, a jem hoiha.
4ယဇ်ပုရောဟိတ်လေဝိသားတို့ကို ခေါ်၍၊ အရှေ့ လမ်းမှာ စုဝေးစေလျက်၊
4Siampute leh Levite a pi luta, suahlam sang mun za laiah a pi khawmna, a kiang uah,
5အိုလေဝိသားတို့၊ နားထောင်ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို၎င်း၊ သန့်ရှင်းစေ၍၊ သန့်ရှင်းရာဌာနထဲက အမှိုက်ကို သုတ်သင်ပယ်ရှင်းကြလော့။
5Nou Levite aw, ka thu ngaikhia un; noute kihihsiangthou phot unla, huan, TOUPA, na pi leh pute uh Pathian in hihsiangthou unla, mun siangthou akipan ninte pai khia un
6ငါတို့အဘများသည် ပြစ်မှား၍၊ ငါတို့၏ ဘုရား သခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုကြပြီ။ ထာဝရဘုရားကိုစွန့်၍၊ ကျိန်းဝပ်တော်မူရာအရပ်မှ မျက်နှာလွှဲလျက် ကျောခိုင်းကြပြီတကား။
6I pi leh pute un thil a nahihkhialta ua, TOUPA Pathian mitmuhin thil hoihlou a nahih ua, a nalehngatsan ua, TOUPA omna a lehngatsan ua, ananung ngat ta uh.
7ဗိမာန်တော်ဦးတံခါးကို ပိတ်လျက်၊ မီးခွက်တို့ကို သတ်လျက်၊ သန့်ရှင်းရာဌာန၌ ဣသရေအမျိုး၏ ဘုရား သခင်အား နံ့သာပေါင်းကို မီးမရှို့။ မီးရှို့ရာယဇ်ကို မပူဇော်ဘဲနေကြပြီ။
7Inlim kongkhakte a khak ua, khawnvakte a hihmit ua, Israelte Pathian mun siangthou ah gimlimte a hal kei ua, halmang thillatte leng a lan kei uh.
8ထိုကြောင့် ထာဝရဘုရားသည် ယုဒပြည် ယေရု ရှလင်မြို့ကို အမျက်တော်ထွက်၍၊ သင်တို့မြင်သည် အတိုင်း ဆင်းရဲခံခြင်း၊ မိန်းမောတွေဝေခြင်း၊ ကဲရဲ့သံကို ကြားခြင်း အမှု၌အပ်တော်မူပြီ။
8Huaijiakin TOUPA hehna Judate leh Jerasalem te tungah a oma, na mit ua na muh bang un, gam chih mual chiha sepsep ding leh lamdang sak ding leh nuihzat dingin a nabawlta ahi.
9သို့ဖြစ်၍၊ ငါတို့အဘများသည် ထားဖြင့်လဲ သေကြပြီ။ သားသမီး၊ မယားတို့သည် သိမ်းသွားခြင်းကို ခံရကြပြီ။
9Ngai dih ua, i pi leh pute uh namsaua vuallelh sakin a naom ua, i tanu leh I tapate uh, I jite uh, huaijiakin salah a naom uh.
10ယခုမူကား၊ ပြင်းစွာသောအမြတ်တော်သည် ငါတို့မှလွှဲသွားမည်အကြောင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါအကြံရှိ၏။
10Ngai dih ua, a hehna mahmah a then theihna dingin TOUPA Israelte Pathian kiangah thukhun ka tum hi.
11ငါ့သားတို့၊ မဖင့်နွှဲကြနှင့်။ ထာဝရဘုရား ရှေ့တော်၌ ရပ်၍ဝတ်ပြုခြင်း၊ အမှုတော်ကို စောင့်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်းအမှုကို ပြုစေခြင်းငှါ၊ သင်တို့ကို ရွေးထားတော်မူပြီဟု မိန့်တော်မူလျှင်၊
11Ka naute aw don louin om kei un, TOUPA na sem nahi ua, a maa a nasema om ding leh gimlim halmi dingin nou a hontelta ahi, a chi a.
12လေဝိအမျိုး၊ ကောဟတ်အနွှယ်၊ အာမသဲသား မာသတ်၊ အာဇရိသား ယောလ၊ မေရာရိအနွယ် အာဇဒိ သားကိရှ၊ ယေဟလေလသားအာဇရိ၊ ဂေရရှုံအနွယ် ဇိမ္မ သားယောအာ၊ ယောအာသား ဧဒင်၊
12Huchiin Levi mi Amasai tapa Mahat te, Kohat mi Azaria tapa Joel te; Merari tapate laka Abdi tapa Kis te, Jehallelel tapa Azaria te, Gerson mi Zim tapa Jo ate, Joa tapa Eden te,
13ဧလိဇဖန်အမျိုးသား ရှိမရိနှင့် ယေယေလ၊ အာသပ်အမျိုးသားဇာခရိနှင့် မတ္တနိ၊
13Elizaphan tapate laka mi Simri leh Jeuel te: Asap tapate laka mi Zekaria leh matani te;
14ဟေမန်အမျိုးသားယေဟေလနှင့်ရှိမိ၊ ယေဒုသုန် အမျိုးသား ရှေမာယနှင့် ဩဇေလတို့သည်၊
14Heman tapate laka mi Jeheul leh Simei te; Jeduthun tapate laka mi Semai leh Uziel te a kuan khia uh.
15အမျိုးသားချင်းတို့ကို ခေါ်၍၊ ကိုယ်ကို သန့်ရှင်း စေပြီးမှ၊ ထာဝရဘုရားအမိန့်တော်နှင့်အညီ ရှင်ဘုရင် စီရင်သည်အတိုင်း၊ ဗိမာန်တော်ကို သန့်ရှင်းစေခြင်းငှါ လာကြ၏။
15A unaute uh a sam khawm ua, a kihihsiangthou ua, TOUPA thua kumpipa thupiak banga TOUPA in hihsiang dingin a lut ua.
16ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ကို သန့် ရှင်းစေခြင်းငှါ၊ အတွင်းခန်းထဲသို့ဝင်၍၊ တွေ့သမျှသော အမှိုက်ကို တန်တိုင်းသို့ထုတ်ပြီးလျှင်၊ လေဝိသားတို့သည် ကေဒြုန်ချောင်းသို့ယူသွားကြ၏။
16Huan, siampute a hihsiang dingin TOUPA in sung gill amah a lut ua, TOUPA biakina thil nin a muh tengteng uh TOUPA in kongah a la khia uh.
17ပဌမလတရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက် နေ့တွင် ဗိမာန်တော်ဦးသို့ ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး၊ ဗိမာန်တော်ကို သန့်ရှင်းစေ၍ ပဌမလတဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။
17Kha khatna ni khat niin a pan ua, huai kha ni giat niin TOUPA inlim a tung ua; huchiin ni giatin TOUPA in a hihsiangthou ua; kha khatna, ni sawm leh ni guk niin a zou vek uh.
18ထိုအခါ ဟေဇကိမင်းကြီးထံသို့ဝင်၍၊ အကျွန်ုပ် တို့သည် ဗိမာန်တော်တဆောင်လုံး၊ မီးရှို့ရာယဇ်ပလ္လင်နှင့် တန်ဆာရှိသမျှ၊ ရှေ့တော်မုန့်တင်သော စားပွဲနှင့် တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းစေပါပြီ။
18Huchiin kumpipa Hezekia kiangah kumpipa in ah a lut ua, TOUPA in ka hihsiang vekta ua, halmang thillat latna maitam te, huaia tuiumbelsuan tengteng te, tanghou siahna dohkan te, huaia vanzat tengtengte leng.
19ထိုမှတပါး၊ အာခတ်မင်းကြီးလက်ထက် အဓမ္မ ပြု၍ ပစ်ထားသောတန်ဆာရှိသမျှတို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင်၍ သန့်ရှင်းစေသဖြင့်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်တော်ရှေ့မှာ တင်ထားပါပြီဟု လျှောက်ဆိုကြ ၏။
19Huan, kumpipa Ahazin a lal laia thil a hihkhelha, a paihmang tuiumbelsuan tengtengte leng la bawlzou vek ua, ka hihsiangthou lai ua; huan, ngai dih, TOUPA maitam ma lamah a om hi, a chi ua.
20ထိုအခါ ဟေဇကိမင်းကြီးသည် စောစောထ၍၊ မြို့သူကြီးတို့ကို စုဝေးစေပြီးလျှင်၊ ဗိမာန်တော်သို့ တက် သွား၏။
20Huchiin kumpipa Hezekia bel jingkhangin a thou a, khuaa miliante a sam khawma, TOUPA inah a hoh ta.
21နန်းတော်အပြစ်၊ သန့်ရှင်းရာဌာနတော်အပြစ်၊ ယုဒပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွားခုနစ် ကောင်၊ သိုးခုနစ်ကောင်၊ သိုးသငယ်ခုနစ်ကောင်၊ ဆိတ် ခုနစ်ကောင်တို့ကို ဆောင်ခဲ့ကြ၏။ အားရှန်သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်စေခြင်းငှါ မိန့်တော်မူသည်အတိုင်း၊
21Huan, gam leh mun siangthou leh Judate adinga khelh thoihna ding bawngtal sagih leh belamtal sagihg leh belam nou sagih leh keltal sagih a kai tou ua. Huan, Aron tapa siampute TOUPA maitama lan dingin thu a pia hi.
22နွားတို့ကိုသတ်၍ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုခံလျက်၊ ယဇ်ပလ္လင်ပေါ်မှာ ဖြန်ကြ၏။ သိုးတို့ကို လည်း သတ်၍၊ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ၏။ သိုးသငယ်တို့ကိုလည်း သတ်၍အသွေးကို ယဇ်ပလ္လင်ပေါ် မှာ ဖြန်းကြ၏။
22Huchiin bawngtalte a gou ua; siamputen sisan a la ua, maitam a theh ua: huan, belamtalte a gou ua, a sisanin maitam a theh uh; huan, belam noute leng a gou ua, a sisanin maitam a theh uh.
23အပြစ်ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ်တို့ကို လည်း ရှင်ဘုရင်ရှေ့၊ ပရိသတ်ရှေ့သို့ထုတ်၍၊ မိမိတို့ လက်ကိုတင်ပြီးမှ၊
23Huan, keltalte khelh thoihna dingin kumpipa leh mipite kiangah a honkai nai ua, a tunguah a khut uh a nga ua;
24ယဇ်ပုရောဟိတ်တို့သည် သတ်၍၊ ဣသရေလ အမျိုးသားအပေါင်းတို့၏ အပြစ်ကိုပြေစေခြင်းငှါ၊ ယဇ် ပလ္လင်ပေါ်မှာ အသွေးအာဖြင့် အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ပူဇော်မည် အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိပြီ။
24Huan siamputen agou ua, Israel mi tengteng adinga lemna bawlna dingin a sisan un maitam ah khelh thoihna a lan ua: Israel mi tengteng adingin.
25ဒါဝိဒ်မင်းကြီးနှင့်သူ၏ပရောဖက်ဂဒ်၊ ပရော ဖက်နာသန်တို့ စီရင်သည်အတိုင်းခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်သော လေဝိသားတို့ကို၊ ဗိမာန်တော်၌ ခန့်ထားတော်မူ၏။ ထိုသို့ထာဝရဘုရားသည် ပရောဖက် တို့အားဖြင့် စီရင်တော်မူသတည်း။
25Huan, David leh kumpipa jawlnei Gad leh Jawlnei Nathan thupiak bangin TOUPA in ah Levite dakkhutbet te, pekging te, kaihgingte tum dingin a koih a; thupiaka jawlneite zanga TOUPA piak lah a hingala.
26သို့ဖြစ်၍ လေဝိသားတို့သည် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို၎င်း၊ ယဇ်ပုရောဟိတ်တို့သည် တံပိုးများကို၎င်း ကိုင်လျက် ရှိကြ၏။
26Huan, Levite bel David bawl thil tum ging chi toh a ding ua, siampute pengkul toh.
27ဟေဇကိသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် ကို ပူဇော်စေခြင်းငှါ၊ အမိန့်တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုးများနှင့် ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို တီးမှုတ်လျက်၊ ထာဝရဘုရားအား သီချင်းကို ဆိုစပြုကြ၏။
27Huan, Hezekiain maitama halmang thillat lan dingin thu a piaa. Huan, halmang thillat a honlat pat uleh TOUPA la pengkul leh Israel kumpipa David bawl thil tum ging toh a honsa pan lai uhi.
28မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု လက်စမသတ်မှီ တိုင် အောင် ပရိသတ်အပေါင်းတို့သည် ကိုးကွယ်လျက်၊ သီချင်း ဆိုလျက်၊ တံပိုးမှုတ်လျက် နေကြ၏။
28Huan, mipiten Pathian chibai a buk ua, la siamten la a sa ua, pengkul mutmiten a mut ua, halmang thillat lat khit masiah huchibangin a hih nilouh uh.
29လက်စသတ်ပြီးမှ၊ ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့သည် ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။
29Huan, thillat a lat khit un kumpipa leh a kianga om teite tengtengin kunin Pathian chibai a buk uh.
30တဖန်ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင်၍၊ လေဝိသားတို့သည် ဒါဝိဒ်စကား၊ ပရောဖက် အာသပ်စကားအားဖြင့်၊ ထာဝရဘုရားအား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။
30Huan, kumpipa Hezekia leh milianten Levite bel David leh jawlnei Asaph phuah phatna lasa dingin thu a pia a. Huan, nuamsa takin phatna la a sa ua, a kun ua, Pathian chibai a buk uh.
31ထိုနောက်ဟေဇကိက၊ သင်တို့သည် ယခု ထာဝရဘုရားအား ကိုယ်ကိုပူဇော်ကြပြီ။ ဗိမာန်တော်သို့ ချဉ်းကပ်၍၊ ယဇ်မျိုးများနှင့်ကျေးဇူးတော်ဝန်ခံရာ ပူဇော် သက္ကာများကို ဆောင်ခဲ့ကြလော့ဟု ပြန်၍ မိန့်တော်မူ သည်အတိုင်း၊ စည်းဝေးသောသူတို့သည် ယဇ်မျိုးများနှင့် ကျေးဇူးတော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင်ခဲ့ကြ ၏။ စေတနာရှိသမျှသော သူတို့သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။
31Huchiin Hezekiain, TOUPA adingin na kihihsiangthou ta ua, hongnai unla, TOUPA in ah kithoihna leh kipahthu genna thillat honglan dih ua leh, a chi a. Huan, mipiten kithoihna te, kipahthu genna thillatte a honlan ua: a ututin halmang thillat a hong lan uh.
32စည်းဝေးသောသူတို့သည် ထာဝရဘုရားအား မီးရှို့ရာ ယဇ်ပူဇော်စရာဘို့ ဆောင်ခဲ့သော ယဇ်ပေါင်း ကား၊ နွားခုနစ်ဆယ်၊ သိုးတရာ၊ သိုးသငယ်နှစ်ရာတည်း။
32Huan, mipiin halmang thillat a honglat zah uh bawngtal sawmsagih leh belamtal ja leh belam nou za nih ahi: hiaite tengteng TOUPA a dia halmang thillat ading vek ahi.
33ပူဇော်သောဥစ္စာပေါင်းကား၊ နွားခြောက်ရာ၊ သိုးသုံးထောင်တည်း၊
33Thillat tengteng bawngtal zaguk, belamtal sang thum ahi.
34ယဇ်ပုရောဟိတ်တို့သည် နည်းသောကြောင့်၊ မီးရှို့ရာယဇ်ကောင်ရှိသမျှကို မသတ်နိုင်သည်ဖြစ်၍၊ အခြားသော ယဇ်ပုရောဟိတ်တို့သည် ကိုယ်ကိုမသန့်ရှင်း စေမှီ၊ အမှုတော်လက်စမသတ်မှီတိုင်အောင်၊ ညီအစ်ကို လေဝိသားတို့သည် ထောက်မကြ၏။ ကိုယ်ကို သန့်ရှင်း စေခြင်းငှါ၊ ယဇ်ပုရောဟိတ်များထက် လေဝိသားတို့သည် သာ၍ စိတ်သဘောဖြောင့်ကြ၏။
34Ahihhangin siampu a tawm lua ua, halmang thillat pen a sem seng kei ua; huaijiakin a unaute Leviten a kimansak ma un siampute a kihihsiangthou tanin a huh ua: (Levite siampute sangin kihihsiangthou thuah a ngentel zo ngal ua).
35မီးရှို့ရာယဇ်များတို့နှင့်၊ မီးရှို့ရာယဇ်အသီးသီး ဆိုင်သောမိဿဟာယ ယဇ်ဆီဥ၊ သွန်လောင်းရာ ပူဇော် သက္ကာအများရှိကြ၏။ ထိုသို့ဗိမာန်တော်ဝတ်ပြုခြင်းကို စီရင်သတည်း။
35Huan, halmang thillatte a tam tela, halmang thillat chih adinga lemna thillat thau te, dawn ding thillat adia te leng a tam mahmah sam hi. Huchiin TOUPA in nasep dan hoih takin a hih uh.Mipite adia Pathianin a bawl thil jiakin Hezekia leh mi tengteng a kipak mahmah ua; up louh pia thil hongom guih a hibehlap ngal a.
36ထိုအမှုလျင်မြန်သော်လည်း၊ ဘုရားသခင်သည် လူများကို ပြင်ဆင်တော်မူသောကြောင့်၊ ဟေဇကိနှင့် လူအပေါင်းတို့သည် ဝမ်းမြောက်အားရကြ၏။
36Mipite adia Pathianin a bawl thil jiakin Hezekia leh mi tengteng a kipak mahmah ua; up louh pia thil hongom guih a hibehlap ngal a.