1တဖန်ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ပေးလိုက်လေ၏။
1Huan, Hezekiain Israel gam leh Juda gam tengteng ah mi a sawla, Ephraim gam leh Manasi gamah te leng TOUPA Israelte Pathian dingin paikan ankuang nei dinga Jerusalema TOUPA ina hongpai dingin lai a khak laia.
2ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင် သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ။
2Kumpipa leh a miliante leh Jerusalema mipi tengtengin kha nihna ah, paikan ankuang neih a sawm uh.
3ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ။
3Huai laiin a lui thei nai kei ua, siampu kihihsiangthoute a tam hun nai kei ua, Jerusalema mipi a kikaihkhop nai louh jiak un.
4ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌ လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
4A thil sawm uh kumpipa leh mipite ngaihin a dika.
5အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါ ပွဲကိုခံစေခြင်းငှါ၊ ဣသရေ လပြည်တရှောက်လုံး၊ ဗေရ ရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။
5Huchiiin Israel gam tengteng, Beerseba akipana Dan phanin TOUPA Israelte Pathian adin paikan ankuang nei dinga Jerusalema hongpai dinga phuan dingin thu a hihkipta hi: a dan bang takin huchibanga tamin a hihngei nai kei uhi.
6ရှင်ဘုရင်နှင့်မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည် ယူ၍၊ အမိန့်တော်အတိုင်း ဣသ ရေလပြည်နှင့် ယုဒပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရ ဘုရားထံသို့ပြန်လာကြလော့။ အာရှုရိရှင်ဘုရင်တို့လက်မှ လွတ်၍၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန်လာ တော်မူမည်။
6Huchiin lai taipihmite kumpipa leh a miliante uh lai tawiin, Israel leh Juda gam tengtenga pai dingin kumpipa thupiak bangin a pawt ua, Nou Israel suante aw, Suria kumpipate khut akipan pawta a damlai sunte lam a hongngat nawn theihna dingin TOUPA, Abraham te, Isaak te, Israel te Pathian lam hongnga nawn un.
7ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။
7Nou jaw na pi leh pute uh leh na unaute uh, TOUPA a pi leh pute uh Pathian tunga thil hihkhiala om, segawp dinga a donsaklouh na muhte uh bangin om tei kei un.
8သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။
8Na pi leh pute uh bangin genhak tei nawn kei unla, TOUPA kiangah kitulut jaw unla, khantawn adia a hihsiangthou, a mun siangthou ah honglut unla, TOUPA na Pathian uh na sem un, huchiin a hehna thupi tak na lak ua kipan a kiheimang sak ding hi.
9သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာ လျှင်၊ သင်တို့၏ညီအစ်ကို သားသမီးတို့သည် သိမ်းသွား သော သူတို့ထံမှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့်၊ သင်တို့သည် အထံ တော်သို့ပြန်လာလျှင်၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော် မမူဟု စာ၌ပါသတည်း။
9TOUPA lam na hongngat nawn uleh na unaute uh leh na tate uh sala manmiten a hehpih ding ua, hiai gamah a hongpai nawn ding uhi: TOUPA na Pathian uh lah chingthei tak leh zahngai thei tak ahi ngala, amah lam na hong ngat peuhmah uleh a honnuse kei ding hi, chiin.
10စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။
10Huchiin lai taipihmite kho chih ah Ephraim leh Manasi gam tengteng ah Zebulun phain a pai ua: himahleh amau a nanuihzat ua, anasimmoh ua.
11သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။
11Ahihhangin Aserte leh Manasite leh Zebulunte tampi a kitulut ua, Jerusalem ah a hoh uh.
12ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူ သည်အတိုင်း၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရား သခင်တန်ခိုးတော်ကြောင့် ရကြ၏။
12Juda gam te ngial houh TOUPA thua kumpipa leh miliante thupiak jui dingin Pathianin lungsim mun khat a pu sak hi.
13ဒုတိယလတွင် အဇုမပွဲကို ခံလိုသောငှါ၊ များစွာ သောလူတို့သည် ယေရုရှလင်မြို့၌ စည်းဝေးကြ၍၊ အလွန် ကြီးသောပရိသတ် ဖြစ်လေ၏။
13Huchiin kha nihnaah tanghou silngou soh louh ankuang nei dingin mi tampi Jerusalem ah a hong kikhawm ek uh, a tam pha mahmah uhi.
14သူတို့သည်ထ၍၊ ယေရုရှလင်မြို့၌ရှိသော ယဇ်ပလ္လင်တို့ကို၎င်း၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် ရှိသမျှတို့ကို၎င်းပယ်ရှင်း၍၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ၏။
14Huan, a thou ua, Jerusalema maitam te a la ua, huan, gimlim halna maitam te leng a la ua, Kidron lui ah a pai uh.
15ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ် တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။
15Huchiin kha nihna ni sawm leh ni li niin paikan ankuangluina a gou ua; huan, siampute leh Levite a kizumpih ua, a kihihsiangthou ua, halmang thillat TOUPA in ah a la lut uhi.
16ဘုရားသခင်၏လူ မောရှေပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ် ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ၍ ဖြန်းကြ၏။
16Huan, Pathian mi Mosi dan bang takin amau mun chiat ah a ding ua; huan, siamputen Levite akipana a tan uh sisan a theh uh.
17မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
17Mipi lakah lah kihihsiangthou lou a tam ngal ua; huaijiakin TOUPA adinga hihsiangthou dingin a siangthouloute tuam dingin Leviten paikan ankuangluina a gou uhi.
18များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။
18Ephraim mite, Manasi mi te, Isakar mi te, Zebulun mite tampi a kihihsiangthou kei na ua, dan lou bangin paikan ankuangluina a ne tei uh. Himahleh Hezekia amau adingin a thuma, Chingthei TOUPAN.
19သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘော ကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်၊
19Mi chih a lungtanga TOUPA a pipute Pathian, Pathian zong, munsiangthou siansakna dungjuiin kisaingsak keimah leh, ngaidam hen, chiin.
20ထာဝရဘုရားသည် ဟေဇကိစကားကို နား ထောင်တော်မူ၍၊ ဠူများတို့ကို ချမ်းသာပေးတော်မူ၏။
20Huan, TOUPAN Hezekia thumna a ngaikhiaa, mipite a hihdamtaa.
21ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုး တို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။
21Huan, Israel mi Jerusalem omten tanghou silngou sohlouh ankuangluina nuamsa takin ni sagih a zang ua; huan, Levite leh siamputen kaihging ngaihtak toh TOUPA pahtawia lasain ni tengin TOUPA a phat uh.
22ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေး တော်မူသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿ ဟာယပူဇော်သက္ကာကိုပြုလျက်၊ ဘိုးဘေးတို့၏ ဘုရား သခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ၏။
22Huan, Hezekiain siam tak maiin TOUPA kilawm tak phat Levite a nalungmuan hi. Huchiin TOUPA a pi le pute uh Pathian kianga thupha tawiin lemna thilatte lanin ni sagih sung ankuangluina a ne tawntung uh.
23စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ်၍ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ပွဲခံကြ၏။
23Huan, mipiin ni sagih dang ankuanglui nawn a sawm ua; huchiin ni sagih dang nuamsa takin ankuang a lui nawn uh.
24ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသောသူတို့အား ပေးကြ ၏။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။
24Huan, Juda kumpipa Hezekiain mipite bawngtal sang khat leh belam sang sagih goh dingin a piaa; milianten leng mipite bawngtal sang khat leh belam sing khat a pe sam uh; siampu tampite a kihihsiangthou uh.
25ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒ ပရိတ်သတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ် များ၊ ယုဒပြည်၌နေသော တပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တပါးအမျိုးသား တို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။
25Huchiin Juda mipi tengteng siampute toh Levite toh, Israel gam akipana mipi hongpai tengteng leh nam dang Israel gam akipana hongpai Juda gama nuam a sa petpet uhi.
26ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။
26Huchiin nuamsakna thupi tak Jerusalem ah a oma: Israel kumpipa David tapa Solomon chiangah huchibang himhim Jerusalem ah a om ngeinai kei hi.Huchiin siampu Levite a thou ua, mipite a vualjawl ua, a aw uh ngaihkhiakin a oma, a thumna un a omna siangthou van a pha uh.
27ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။
27Huchiin siampu Levite a thou ua, mipite a vualjawl ua, a aw uh ngaihkhiakin a oma, a thumna un a omna siangthou van a pha uh.