1မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သမီးများကိုလည်း ရကြသောအခါ၊
1Huan, hichi ahia, leitungah mi a hongpung ua, tanute a honnei chiat ua.
2ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။
2Pathian tapaten mite tanute mel hoih takin a mu ua; huchiin, a deihlam chiatte uh ji dingin a honnei jel uhi.
3ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည် အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။
3Huchiin, Toupan, ka khain mi khantawnin a sual nilouh louh kei ding, amaute lah sa ahi ngal ua: ahihhangin kum ja leh kum sawmnih a dam ding uh, a chi a.
4ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
4Huai, lain miliante leiah a om ua; huai nungin leng Pathian tapaten mite tanute a kithuahpih ua, amau toh tate a neih jel laiun, huaite nidanglaia mihat, mi minthangte ahi uh.
5မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊
5Huan, Toupan, leiah mi gitlouhdan thupi ahi chih leh, a lungtang lunggeldan gilou ngen ahi ngitnget chih a na thei hi.
6မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။
6Huchiin, leitunga mi a bawljiakin Toupa a kisika, lunggimnan a neih loh hi.
7ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။
7Huchiin, Toupan, Ka mi siam leitung akipan ka hihmang mai ding; mite, sate, ganhingte tunga leng vasa te tannin; ka bawl jiakin ka kisik ahi, a chi hi.
8နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
8Noain bel Toupa hehpihna a mu hi.
9နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။
9Noa suan hiaite ahi uh. Noa midik ahia, a dam tonpihte lakah gensiatbei ahi: Noa Pathian toh a om khawm uh.
10နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။
10Huan Noain tapa thum Sem, Ham, leh Japheth a nei.
11ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။
11Huan, Pathian mitmuhin lei a se khintaa, lei hiamgam nain a dim khinta hi.
12ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။
12Huan, Pathianin lei a en a, huan ngaiin, a se khinta; sa tengtengin lah leitungah a omdan uh a hihse khinta ngal ua.
13ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည်။
13Huan, Pathianin Noa kiangah, sa tengteng beina ka maah a hongtungta; amaute jiakin lei hiamgam nain a dim khinta ngala; huchiin, ngaiin a lei nasanin ka hihmang ding.
14ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
14Nang dingin meilah singin long bawlin; longah dantante na bawl ding ahi. A sunglam leh a pawlam meilah naiin na jut vek ding ahi.
15လုပ်ရမည်ပုံ ဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည်။
15Huan, hiai na bawl dingdan ahi: Long dung lam tong za thum hi henla, a vailam tong sawm nga hi henla, asanlam tong sawm thum hi hen.
16အပေါ်၌သည်အမိုးကိုလုပ်ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။
16Longah tohlet na bawl dinga, a tunglam tong khat chianga na zoh ding ahi; huan, long kongkhak a pangah na bawl ding a; chial nuainung leh chial nihna leh chial thumna nei in na bawl ding ahi.
17အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည်။
17Huan, Ngaiin, kei mahmahin, sa tengteng, hinna hatna pai khempeuh, van nuaia kipan hih mangthang dingin, leitungah tuichim ka tungsak ding hi; leia thil chih om a si ve ding uh.
18သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။
18Ahihhangin ka thukhun na tungah kakipsak zo dinga, longah na lut ding ahi; nang na lut ding ahia, na tapate leh na ji leh, na tapate jite leng na kiangah a lut sam ding uh ahi.
19အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။
19Huan, sa tengtenga thilhing chiteng laka pat, chichih nihnihin, na kiangah hinsak dingin longah na pi lut ding ahi: a nu leh a pa jel a hih ding uhi.
20ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။
20Vasate amau chi omdan bang chiatin, gante amau chi omdan bang chiatin, chi chih nin nihin, na hinsak dingin, na kiangah a hongpai ding uh ahi.
21ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။
21Huan, na annek tengteng uh la inla, na kiangah koih khawm in; huchiin, nang leh amau adin an ahi ding uh, a chi hi.Huchibangin Noain a hih a; Pathianin a kianga thu a piak tengteng bangin a hihta hi.
22မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
22Huchibangin Noain a hih a; Pathianin a kianga thu a piak tengteng bangin a hihta hi.