Myanmar

Paite

Joshua

10

1ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို ၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ၊
1Huan, hichi ahia, Jerusalem kho kumpipa Adoni-zedekin josuain Ai khua a laa, a hihgawpa, Jeriko khua leh a kumpipa uh a hihsiat bangin Ai khua leh a kumpipa uh leng a hihse gawpa, Gibeon khuaa miten Israelte toh kilepna a bawl ua, a lak uah a teng tei sam uh chih a jak un, a lauta mahmah ua;
2ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျား အပေါင်းတို့ သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ ကြ၏။
2Gibeon khua bel lian pi kumpipa khopi bang ahi ngala, Ai khua sangin a thupijawa, a mihing tengteng lah hattak ahi ngal ua.
3ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက် သည်၊ ဟေဗြုန်မင်းကြီး ဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊
3Huchiin Jerusalem kumpipa Adoni-zedekin Hebron kho kumpipa Hoham te, Jermuth kho kumpipa piram te, Lakis kho kumpipa Japhi te, Eglon kho kumpipa Debir tekhawng,
4ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊
4Hongpai unla, hongpanpih un, Gibeon i vasual ding uh: Josua leh Israel suante toh kilepna a bawlta ngal ua; chiin a thukhak khawma.
5ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်း ဟူသော အာမောရိမင်းကြီး ငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။
5Huchiin Amorte kumpipa ngate Jerusalem kho kumpipa te, Hebron kho kumpipa te, Jermuth kho kumpipa te, Lakis kho kumpipa te, Eglon kho kumpipa a kikhawm khawm ua, a sepaihte tengteng utoh a vahoh tou ua, Gibeon kho jawnah giahbuk a sat ua, a sualta uh.
6ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
6Huan, Gibeonten a giahmun Gilgal ah, Josua kiangah mi a sawl ua, Na sikhate donsaklou ken; kintakin ka kiang uah hong tou inla, honghondam inla, hong panpihin: singtang gama teng Amor kumpipate honsual dingin a kikhawm meumou uh, chiin.
7ယောရှုသည်လည်း၊ စစ်မှု၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ၊ ဂိလဂါလမြို့မှ တက်သွားလေ၏။
7Huchiin Josua leh a kianga galkapthei mi tengteng leh mi hat hangsan tengteng Gilgal akipanin a hoh tou ua.
8ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစုံတ ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအား မိန့်တော်မူ၏။
8Huan, TOUPAN Josua kiangah, Amaute kihta het ken: na khut ah ka honpe khinta hi; a lak ua mi kuamah na maa ding ding a om kei uhi, a chi a.
9ယောရှုသည် ဂိလဂါလမြို့မှ တညဉ့်လုံးချီသွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့်၊
9Huchiin Josuain a sual guiha; jankhuaa Gilgal akipana nanahoh tousa ahi a.
10ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုး သားရှေ့မှာ ရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍၊ ဗေသောရုံမြို့သို့ သွားသော လမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။
10Huan, TOUPAN Israelte maah amaute a hihbuai gawpta a, Gibeon khua ah tampi a thata, Beth-horon zottouhna lampi lamah a delha, Azek leh Maked kho phain a that jel.
11ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ၍သေကြ၏။
11Huan, hichi ahi a, Israelte maa a taikek ua, Beth-horon akipana paisukna muna a om lai un TOUPAN van akipanin gial lian pipi a tunguah Azek kho phain a kesaka, a si uh: Israel suanten namsaua a satlup sang un gial denlup a tamjaw uhi.
12ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည် ဂိဗောင်မြို့၌ ၎င်း၊ အိုလ သင်သည် အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း၊
12Huchiin TOUPAN Amorte Israel suante a piak niin Josuain TOUPA kiangah thu a gen a; Israelte mitmuhin, Ni, Gibeon kho tungah ding nilouhin; kha, nang leng, Aijalon guam ah om nilouhin, a chi a.
13ဣသရေလ လူတို့သည် ရန်သူတို့အားအပြစ် ဒဏ်မပေးမှီတိုင်အောင်နေသည် ငြိမ်ဝပ်စွာနေ၍ လသည် ရပ်လေ၏။ ယာရှာ၏စာ၌ ပါသည်ကား၊ မိုဃ်း ကောင်းကင်အလယ်၌နေသည် ရပ်နေ၏။ ဝင်မြဲဝင်အံ့ သောငှါ တနေ့လုံး အလျင်မပြုဟု ပါသည်မဟုတ်လော။
13Huchiin miten a melmate uh tunga phu a lak masiah uh ni a ding kinkena, kha leng a om nilouh hi. Hiai thu Jasar laibua gelh hilou hia? Huchiin ni vanlai ah a om nilouha, ni khat vengveng tum thu himhim a ngaihtuah kei hi.
14ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေ လအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။
14TOUPAN huchibanga mihing aw a ngaihkhiak ni bangin a main ni himhim a om ngeikeia, a nungin leng a om ngei sam kei: TOUPAN Israelte a doupih lah ahi ngala.
15ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။
15Huan, Josua leh Israelte a giahmun uh Gilgal ah a kik nawn vek uhi.
16မင်းကြီးငါးပါးတို့သည် ပြေး၍ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေကြ၏။
16Huan, huai kumpipa ngate a taimang ua, Maked kokhuk ah a bu ua.
17မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီး ငါးပါးကို တွေ့ပါပြီဟု ယောရှုအား ကြားလျှောက်လျှင်၊
17Huan, Kumpipa ngate a mu ua, Maked kokhuk ah a bu uhi, chiin a hilh ua.
18ယောရှုက၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို လှိမ့်ပုံ၍ လူစောင့်တို့ကို ထားကြလော့။
18Huchiin Josuain, Kokhuk kamah suang lian pipi khuk unla, a vengmite leng omsak un:
19သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကို လိုက် ၍ မှီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေ ကြနှင့်။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌ အပ်တော်မူပြီဟု မှာထားလေ၏။
19Noute bel om kei unla: na melmate uh delh jel unla, huai nungdalte that unla; a khua himhim uah lutsak kei un: TOUPA na Pathian un na khut uah amau lah a honpeta ngala, a chi a.
20ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင်၍ နေကြ၏။
20Huan, hichi ahi a, Josua leh Israel suanten a bei masiah ua a thahthah khit un, a omte kulhpi nei khuatea a tailut khit un,
21လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ၏။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ။
21Mi tengteng Josua kianglamah Makeda ah galmuang takin a hongpai nawn ua: kuamahin Israel suante demna dingin a lei uh a lok kei uhi.
22ယောရှုကလည်း၊ လိုင်ခေါင်းကို ဖွင့်ပြီးလျှင်၊ ထို မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း၊
22Huchiin Josuain, kokhuk kam hong un la, huai kumpipa ngate kokhuk akipan ka kiangah honpi un, a chi a.
23သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန် မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန် မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ဆောင်ခဲ့၍၊
23Huan, hichibangin a hih ua, huai kumpipa nga Jerusalem kho kumpipa, Hebron kho kumpipa, Jermuth kho kumpipa, Lakis kho kumpipa, Eglon kho kumpipa te kokhuk akipan a kiangah a honpi uh.
24ယောရှုထံသို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့် အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်း တို့ကို ခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ် အပေါ်၌ ခြေကို တင်ကြဟု ဗိုလ်မင်းတို့အား ဆိုသည် အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏ လည် ကုပ်အပေါ်၌ ခြေကို တင်ကြ၏။
24Huan, hichi ahia, huai kumpipate Josua kiangah a honpi uh, Josuain Israelte tengteng a samkhawma, amah toh kuan gal kap thei mite laka heutu deuhdeuhte kiangah, Hongpai nai unla, hiai kumpipate ngawng sik un, a chi a. Huchiin a hongpai nai ua, a ngawng uh a hongsik sak uhi.
25ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူ အပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူ မည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊
25Huan, Josuain a kiang uah, Lau kei unla, lunglel sam kei un; hattak leh hangtakin om un: na dou uh na melmate uh tengteng tungah TOUPAN hichibangin a hih jel sin hi, a chi a.
26ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင် ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ ဆွဲထားပြီးမှ၊
26Huan, huai khitin Josuain a suala, a hihluma, sing nga dawnah a khai: huchiin nitaklam tanin sing dawnah a kikhai uhi.
27နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည် အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုင် ခေါင်း၌ ပစ်ထား၍၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။
27Huan, hichi ahi a, ni tum kuanin Josuain thu a pia a, sing dawn akipan a lakhia ua, a bukna kokhuk uah a pailut ua, a kokhuk kam suang lian pipiin a sin ua, tutanin leng a om lailai.
28ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့ သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။
28Huan, Josuain huai niin makeda khua a laa, a kumpipa uh nasanin namsauin a suala; huai khuaa om tengteng toh a hihlum keuhkeuha, khat lel leng hawi a neikei: huchiin Jeriko kho kumpipa tunga a hih mahbangin Makeda kho kumpipa tungah leng a hih hi.
29ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊
29Huan, Josua Israelte tengteng toh Makeda khua akipanin Libna kholamah a pai ua, Libna khua a sual uh:
30ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသ ရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအ ပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ထားနှင့်လုပ် ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။
30Huchiin TOUPAN huai khua kumpipa nasan un Israelte khut ah a pe nawn leuleua; huan, huaikhua sualin a sunga om tengteng a hihlum veka; a sunga mi khat mahmah leng hawi a neikei hi; huchiin Jeriko kho kumpipa tungah leng a hih.
31ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့် တကွ၊ လိဗနမြို့မှ လာခိရှမြို့သို့ ချီသွား၍ တပ်ချလျက် တိုက်ကြ၏။
31Huan, Josua Israelte tengteng toh Libna khua akipan Lakis kho lamah a pai ua, panmun a khoh ua, a sual ua:
32ထာဝရဘုရားသည် ထိုမြို့ကို ဣသရေလလူတို့ လက်၌ အပ်တော်မူသဖြင့်၊ ဒုတိယနေ့၌ရ၍ လိဗနမြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့် လုပ်ကြံကြ၏။
32Huchiin TOUPAN Lakis khua Israelte khut ah a piaa, a ni nih niin a laa, huai khua sualin a sunga om tengteng namsauin a hihlum veka, Libna kho tunga a hih bangin.
33ထိုအခါ ဂေဇာမင်းကြီး ဟောရံသည်၊ လာခိရှမြို့ ကို ကူညီမည်ဟု လာသောကြောင့်၊ ယောရှုသည် ထိုမင်း ကြီးနှင့် သူ၏လူအပေါင်းတို့ကို တယောက်မျှမကျန်ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံလေ၏။
33Huchin Bezer kho kumpipa Horam Lakis khua panpih dingin a hoh toua; huan, Josuain amah leh a heute nasan khat mahmah leng hawi louin a that gam hi.
34တဖန်ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီသွား၍ တပ်ချ လျက် တိုက်ကြ၏။
34Huan, Josua Israelte tengteng toh Lakis khua akipan Eglon kho lamah apai ua, panmun a khoh ua; a sual ua;
35ထိုနေ့ခြင်းတွင်ရ၍ လာခိရှမြို့ကို ပြုသကဲ့သို့၊ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်လုပ်ကြံ၍ တနေ့ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။
35Huan, huai niin a la ua, huan, huai nimahin huai khua sualin a sunga om tengtengnamsauin a hihlum sipsipa. Lakis kho tunga a hihbangin.
36တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီသွား၍ တိုက်ကြ ၏။
36Huan, Josua Israelte tengteng toh Eglon khua akipanin Hebron kho lamah a pai ua; a sual ua:
37ရသောအခါ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း၊ မြို့သူမြို့သားအပေါင်းတို့ကို၎င်း၊ တယောက်မျှ မကျန် ကြွင်းရဘဲ ထားနှင့်လုပ်ကြံ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးကြ၏။
37Huchiin a la ua, huai khua leh a kumpipa uh leh, a khopel tengteng leh, a suanga om tengteng namsaua sualin a hihlum veka, Eglon kho tunga hih bangin khat mahmah leng hawi a neikeia; a khua nangawn hihse vekin a sunga om tengteng a hihlum sipsip hi.
38တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဒေဗိရမြို့သို့ ပြန်လာ၍ တိုက်ကြ၏။
38Huan, Josua leh Israelte tengteng Debir kho lamah a kihei nawn ua; a sual ua:
39ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း ရ၍၊ ထားနှင့်လုပ်ကြံသဖြင့် မြို့သား အပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ၏။ ဟေဗြုန်မြို့၊ လိဗနမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့ ဒေဗိရမြို့နှင့် မင်းကြီးကို ပြုသတည်း။
39Huchiin huai khua leh, a kumpipa uh leh a khopel tengteng a la ua; huan, namsauin a sual ua, a sunga om tengteng a hihlum keuhkeuh ua; khat mahmah leng hawi a neikei: Hebron kho tunga a hih bangin Debir khua leh a kumpipa uh tunga hih bangin.
40ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင် ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေ တွင်းအရပ်ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတယောက်မျှ မကျန်ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။
40Huchiin Josuain a gam pumpiin tanggamte, simgamte, tanghap gamte hihse vekin a kumpipa tengteng uh a hihlumveka: khat mahmah hawi a neikei: TOUPA, Israelte Pathian thupiak bangin a hing peuhmah a hihchimit gawp hi.
41ကာဒေရှဗာနာမြို့မှစ၍ ဂါဇမြို့တိုင်အောင်၎င်း၊ ဂေါရှင်ပြည်တရှောက်လုံးနှင့်တကွ၊ ဂိဗောင်မြို့တိုင် အောင်၎င်း လုပ်ကြံ၍၊
41Huan, josuain Kadeshbarnea akipana Gaza phain, Gosen gam tengteng toh Gibeon phain a hihse veka.
42ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည်၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသော ကြောင့်၊ ထိုပြည်သားများနှင့်တကွ မင်းကြီးအပေါင်းတို့ကို တခါတည်း အောင်လေ၏။
42Huai kumpipate tengteng leh a gam uh TOUPA, Israelte Pathianin Israelte a doupih jiakin, Josuain hun khata a mat vek ahi uhi.Huan, Josua leh Israelte tengteng a giahmun Gilgal ah a kiknawn vek uhi.
43ထိုနောက် ယောရှုသည်၊ ဣသရေလလူအ ပေါင်းတို့နှင့်တကွ ဂိလဂါလတပ်သို့ ပြန်သွား၏။
43Huan, Josua leh Israelte tengteng a giahmun Gilgal ah a kiknawn vek uhi.