1ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌ ၎င်း၊ ချိုင့်ထဲ၌၎င်း၊ လေဗနုန်တောင်တဘက်၊ မဟာပင် လယ်ကမ်းတရှောက်လုံး၌၎င်း နေသော ဟိတ္တိ၊ အာမော ရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြားသောအခါ၊
1Huan, hichi ahia, Jordan gala kumpipate tengteng tang ate, phai ate, tuipi zatak dung tenga Lebanon phaa om tengteng Hitte, Amorte, Kanante, Perizte, Hivite, Jebusten a najak un,
2ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ် တိုက်ခြင်းငှါ တညီတညွတ်တည်း စည်းဝေးကြ၏။
2Josua leh Israelte pheikhai khata sual tumin a kikhawm duamduam ua.
3ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့၊ အာဣမြို့ ၌ ယောရှုပြုသောအမှုကို ကြားသောအခါ၊
3Himahleh Gibeon khuaa omten Josuain Jeriko khua leh Ai khuaa a bawl dan a najak un, lepchiah pilin a gamtang thukta ua,
4ပရိယာယ်ပြု၍ သံတမန်လုပ်လျက်၊ မြည်းပေါ် မှာ ဟောင်းနွမ်းသောအိတ်တို့ကို တင်၍၊ ဟောင်းနွမ်း စုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ၏။
4Ip lui pipi a sabengtung uh a posak ua, uain thawl lui pi, a se kuansate toh;
5ဟောင်းနွမ်းဖာပြင်သော ခြေနင်းကို စီး၍၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ၏။ အောက်၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာ ဆောင်ခဲ့လျက်၊
5Khedap lui pipi thuap nennon a bun ua, puan lui pi a silh ua; a nek ding ua a tanghou puak uh go gemgom, ap khetkhut ahi.
6ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင်၊ အကျွန်ုပ်တို့သည် မိဿဟာယဖွဲ့ခြင်းငှါ၊ ဝေးသောပြည်က လာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြော ဆိုကြ၏။
6Josua kiangah Gilgala a giahmun uah a vahoh ua, a kiang leh Israelte kiangah, Gamlapi akipana hong ka hi ua: huchiin ka kiang uah thu khung un, a chi ua.
7ဣသရေလအမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင်။ အဘယ် သို့ မိဿဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အား ဆိုကြ
7Huan, Israelten hivite kiangah, Ka lak ua teng tei hi kha ni uchia; bangchiin na kiang uah thu ka khung thei ding ua? a chi ua.
8သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန် ဖြစ် ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊
8Huan, amau Josua kiangah, Na sikhate ka hi uh, a chi ua. Huan, Josuain a kiang uah, Kuate na hi ua leng? Koilama kipana hong na hi ua a chi a.
9သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ။ ထာဝရဘုရား၏ သိတင်းတော်ကို၎င်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကို၎င်း၊
9Huan, amau a kiangah, TOUPA na Pathian min jiakin na sikhate gamlapi akipana hongpai ka hi uh: a minthandante, Aigupta gama a thilhih tengteng te,
10ယော်ဒန်မြစ်အရှေ့ဘက်၌နေသော အာမောရိ မင်းကြီး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ အာရှတရုတ်မြို့မှာ နေသော ဗာရှန်ရှင်ဘုရင် ဩဃတို့၌ ပြုတော်မူသမျှကို ၎င်း ကြားပါပြီ။
10Jordan lui gala Amorte kumpipa nihte-Hesbon gam kumpipa Sihon te, Basan gam kumpipa Astaroth khuaa om Og te tunga a thilhih tengteng ka naza ngal ua.
11ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူ တို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကို ယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့။ ငါတို့ သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။
11Huan, ka upate uh leh ka gam ua teng tengtengten ka kiang uah, Lampia nek ding tawi unla, amau vahoupih un, huan, a kiang uah, Na sikha ka hi uh: ka kiang uah thu khung un, na chi ding uh, chiin, a gen ua.
12ကိုယ်တော်ထံသို့ ရောက်အံ့သောငှါ ထွက်လာ သောနေ့၌ ခရီးရိက္ခာဘို့ ကိုယ်အိမ်မှ ဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက် လျက် မှိုတက်လျက်ရှိပါ၏။
12Hiai ka nekding ua ka tanghoute uh na kianga hong dinga kong pawt ni ua ka in ua kipana a saa kon puak uh hia: himahleh tuinjaw en him dih ua, a go gemgommaia, a ap khetkhut hi:
13စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ၏။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေး သောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ၏။
13Huan, hiai uain thawl ka thunnate uh leng a thak ahi a; en him dih ua, a vang khinvek hi: huan, hiai ka puante uh leh ka khedapte uh leng ka hongpaina uh a gamla mahmaha, a lui gawpta hi, a chi ua.
14ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏။
14Huan, miten a nek ding tawi uh a la ua, TOUPA kama thuhilhna a ngen kei uh:
15ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။
15Huchiin Josuain amuau toh kilepna a bawla, amaute hawi dingin a kiang uah thu a khungta hi; huan, paikhawmhon mi liante leng a kiang uah a kichiam uhi.
16မိဿဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူ တို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊
16Huan hichi ahia, a kiang ua thu a khun ua kipan ni thum nungin, a khopite uh, amau laka na om tei nilouh ahi uh chih a theikheta uhi.
17ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာ မြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။
17Huan, Israel suante a pai jel ua, a ni thum niin a khopite uh a vatung ua. A khopite uh Gibeon te, Kephira te, Beeroth te, Kiriathjearimte ahi.
18ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲ အမှူးတို့ကို အပြစ်တင်ကြ၏။
18Pai khawmhon mi lianten TOUPA, Israelte Pathian loua a kiang ua a na kichiamtak jiak un, Israel suanten a khoih kei uh. Huchiin paikhawmhonte tengteng mi liante tungah a phun uhi.
19အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။
19Himahleh mi liante tengtengin paikhawmhonte tengteng kiangah, TOUPA, Israelte Pathian louin a kiang uah i nakichiamta ngala: huaijiakin amaute i khoih sianglou ahi.
20သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ် ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊
20Hichibangin a tunguah hih lehang, i hawi mai ding uh; huchilouin jaw a kiang uah i nakichiamkhinta ngala i tunguah hehna a hongtung mai ding, a chi ua.
21အကဲအမှူးများ ဂတိရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သော သူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့ အား ပြန်ပြောကြ၏။
21Huan, mi liante mahin a kiang uah, Hawiin om uheh, a chi ua. Huchiin paikhawmte tengteng singpomite leh tuitawimite dingin a hongomta ua; mi lianten a hilh bang un.
22ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့ သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်က လာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသ နည်း။
22Huchiin Josuain amaute a samsaka, a kiang uah, Bangdia, Gamlapi akipana hongpai ka hi uh, chia honkhem na hi ua? Ka lak ua teng tei lah na nahi ngal ua.
23ယခုမှာ သင်တို့သည် ကျိန်အပ်သောသူ ဖြစ်သ ဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဘို့ ထင်း ခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို၏။
23Huaijiakin hamsethuak na honghita uhi, chiklai peuhin leng na lak ua mi khenkhatte sikha ahi gige ding ua, ka Pathian in adia singpomite leh tuitawimite ahi gige ding uh, chiin a gena.
24သူတို့ကလည်း၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့်၊ ဤအမှုကို ပြုပါပြီ။
24Huan, amau Josua a dawng ua, TOUPA na Pathian un a sikha Mosi gam pumpi nou honpe ding a, a gam luahmite tengteng na ma ua kipana hihmang jel ding ahi chih thu a napiak na sikhate a honnahilhchian mahmah ua; huaijiakin noute jiaka ka hinna uh tan ka lau mahmah ua, hichibangin ka gamtata mai uhi.
25ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန် လျှောက်ကြ၏။
25Tuin ngaiin, na khuta om ka hi ua: na ngaihtuahna hoih leh dika na theih bangbangin ka tunguah gamta jel maiin, a chi ua.
26ထိုသို့နှင့်အညီ ယောရှုသည် ပြု၍၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလလူတို့လက်မှ ကယ်နှုတ်သဖြင့်၊
26Huchiin ahia, Israel suante lak akipan a honkhiaa, amaute a thatta kei uhiHuan, Josuain huai niin a sehna peuhah paikhawmte leh TOUPA maitam adingin singpomite leh tuitawimite dingin a sepa. tutanin.
27ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ တည်သော ယဇ်ပုလ္လင်တော်အဘို့နှင့် ပရိသတ်တော်တို့ အဘို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ ရေ ခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။ လျှင်၊
27Huan, Josuain huai niin a sehna peuhah paikhawmte leh TOUPA maitam adingin singpomite leh tuitawimite dingin a sepa. tutanin.