1မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သား တယောက်ရှိ၏။
1Huan, Ephraim tanggam ah mi khat a oma, a min Mika ahi.
2သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကားကို ပြောသော ငွေဆယ်တပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရ ဘုရားကောင်းကြီး ပေးတော်မူပါစေသောဟု ဆို၏။-
2Huan, aman a nu kiangah, Dangka sangkhat leh za khat nang a hon guk sak ua, nang leng na hamsiata, ka jak mahmah a na gen ngaiin, huai dangka ka kiangah a om hi, kei lak ahi, a chi a. Huan, a nun, ka tapa TOUPA vualzawl in om hen, a chi a.
3ထိုငွေဆယ်တပိဿာကို အမိအား ပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။
3Huan dangka sang khat leh za khat a nu a pe nawna, huan, a nun, Hiai dangka kei khut mahmahin ka tapa tuama milim bawlna ding leh milima sunna dingin TOUPA kiangah ka lan hi: huaijiakin tuin ka honpe nawn sin hi, a chi a.
4သို့ဖြစ်၍ ငါ့သားအား ယခု ငါပြန်ပေးမည်ဟု ဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအား ပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။
4Huan, huai dangka anu a piak leh, a nun dangka za nih a laa, dangka siksekmi a piaa, aman milim dingin a na bawla, milim dingin a nasunga: huai tuh Mika in ah a om hi.
5ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိ သားတယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
5Huan, Mikain pathiante in a nei a, ephod leh milimte a bawla, atapa khat a siampu dingin a sehtuamta a.
6ထိုကာလ၌ ဣသရေလရှင် ဘုရင်မရှိ။ လူတိုင်း မိမိစိတ် အလိုရှိသည်အတိုင်း ပြုသတည်း။
6Huailaiin Israel gamah kumpipa a om kei ua: michihin amau hoih saklam lamin a hih mai uh.
7ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင် ယုဒမြို့သား လေဝိအမျိုး လုလင်တယောက်သည်၊ ဗက်လင် မြို့မှာ တည်းခို၍ နေပြီးလျှင်၊-
7Huan, Bethlehem-judaa mi juda nam, Levi chi tangval khat a oma, huailaiah a vaom zek saka.
8တဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။
8Huai mi bel Bethlehem-juda khopi akipan a pawta, omna zongin a vak ahi: huchia a vakna lamah Ephraim tanggama Mika in a va tunga.
9မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟု မေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊-
9Huan, Mikain a kiangah, koi akipana hongpai na hia oi? achi a. Huan, aman akiangah, Bethlehem-judaa mi levi chi ka hia, omna mun zonga vak ka hi, a chi a.
10မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်လုပ်ပါ။ အကျွန်ုပ်သည် တနှစ်တနှစ်လျှင် ငွေအကျပ်တဆယ်နှင့် အဝတ်စုံကို၎င်း၊ စားစရာကို၎င်း ပေးပါမည် ဟု ပင့်ဘိတ်သောအခါ၊ လေဝိဘူသည် ဝင်၍၊-
10Huan, Mikain a kiangah, ka kiangah omve, ka pa din lehsiampu din om lechin, kum tengin, dangka sik tang sawm ka hon pe dinga, puansilh silh khat leh nekdingte leng, achia. Huchiin Levi chi tuh a lutta.
11ထိုသူနှင့်အတူနေခြင်းငှါ အလိုရှိသဖြင့် သားကဲ့သို့ ဖြစ်လေ၏။
11Huan, Levi chiin huai mi kianga om pha a sataa; huchiin huai tangvalpa a tapa khat din a omta hi.
12မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ် လုပ်၍ မိက္ခာအိမ်၌ နေ၏။
12Huan, Mikain Levi chi a sehtuamtaa, huchiin tangval bel siampuin a hong oma, Mika in ah aomta hi.Huchiin Mikain, tuin jaw Levi chi ka siampu dingin ka neita ngala, TOUPAN ahonlamzang sak ngeiding chih ka thei, a chi a.
13မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။
13Huchiin Mikain, tuin jaw Levi chi ka siampu dingin ka neita ngala, TOUPAN ahonlamzang sak ngeiding chih ka thei, a chi a.