1ထိုကာလအခါ ဣသရေလရှင်ဘုရင် မရှိစဉ်၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ၏။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင်၊ အမွေခံထိုက်သည် အတိုင်းမခံရသေး။
1Huai lain Israel gamah kumpipa a om kei ua: huan, huai lain dan chiten gam luah ding a zong ua; huai lain leng Israel chite lakah gam luah ding lah a tang tei nai kei ua.
2သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီး သော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကို သွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက် ပြီးလျှင် တည်းခို၍ နေကြ၏။
2Huan, Dan suanten a nam pumpi lak ua mi, pasalpha nga, Zora leh Estaol khua akipanin gam vaenkhe ding leh, vaentel dingina sawl ua; a kiang uah, va kuan unla, gam vaentel dih ua, a chi ua: huchiin Ephraim tanggama Mika in a vatung ua, huaiah a giak uh.
3မိက္ခာအိမ်၌ ရှိစဉ်အခါ၊ လေဝိလုလင်၏ စကားသံကို မှတ်မိ၍၊ သူ့နေရာသို့ ဝင်လျှင်၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့ လုပ်၍ နေသနည်းဟု မေးသော်၊-
3Mika in kianga a om lai un Levi chi tangval aw a thei ua, huailam a vajuan ua, a kiangah, Hiaia honpi kua ahia? Hiai munah bang ahia na hih? Bangchiin hiaiah na tenga? a chi ua.
4ထိုသူက၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သော အရာကို ပေး၍ ငါ့ကို ငှါးသဖြင့်၊ ငါသည် သူ၏ ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော၏။
4Huan, aman a kiang uah, Mikain hichiin a honna bawlta a, honguaia, a siampu dingin ka om hi, achi a.
5သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခု ခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည် အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊-
5Huan, amau a kiangah, ka hohna ding uah ka lamzangsin uh hia sin lou chih theih theihna dingin pathian hondot sak dih ve, a chi ua.
6ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့။ သင်တို့ သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော် မူသည်ဟု ပြန်ပြော၏။
6Huan, siampuin a kiang uah, Lungmuang takin pai un: na hohna ding uh TOUPAN a hontheipih jel hi, a chi a.
7ထိုလူ ငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန် အမျိုးသား တို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို၎င်း၊ ဆုံးမပိုင်သော မင်းမရှိ ကြောင်းကို၎င်း၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို၎င်း ကြည့်ရှု ပြီးမှ၊-
7Huchiin mi ngate a pawt khia ua, Lais khua ah a valut ua, huaia mite bel Zidon mite mahbanga galmuang tak leh lungmuang taka a om hiathiat danuh a vamu ua; huai gamah bangmah mah a hihse thei dinga thuneimi kuamah a om kei ua, Zidonte toh lah a kigamlat ua, kizatna mahmah lah a neikei uhi.
8အမျိုးသားချင်းရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်လာ၍ အမျိုးသားချင်းတို့က၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော်၊-
8Huan, Zora leh Estaol khuaa a naute uh kianglamah a paita ua: huan, a unaute un a kiang uah, Bangachia ahiaoi? a chi ua.
9သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့ မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှါ မဖင့်နွှဲကြနှင့်။
9Huan, amau, Thou dih ua, I va sual ding uh: gamahihleh ka vamu ngei ua, ngai un, a hoih mahmah hi: dai maimah ding nahi uhia? Huai gam valuta, valauh dingin zekai kei dih uh.
10သွားလျှင် သတိမရှိသောလူမျိုးနျင့် ကျယ်ဝန်းသော ပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။
10Vahoh le uchin galmuanga om mite ahi na vamuh ding uh, a gam lah a za mahmah ngala: Pathianin nou a honpekhinta hi; leia thil om ah jaw bangmah taksap ding om het louhna mun ahi, a chi ua.
11ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသား လူခြောက်ရာတို့သည် စစ်တိုက်လက်နက် ပါလျက် ချီသွားကြ၏။
11Huchiin Zora leh Estaol khua akipanin Dan namte kidouna galthuam silhin mi za guk a pawtta ua.
12သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စားခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။
12Huan, a va hoh tou ua, Juda gam Kiriath-jearim khua ah ommun a bawl ua: huaijiakin huai mun tu tanin Manane-dan a chi lailai uh ahi: ngaiin, Kiriath-jearim tanglama om ahi.
13ထိုအရပ်မှ သွား၍ ဧဖရိမ်တောင်၌ မိက္ခာအိမ်သို့ ရောက်ကြ၏။
13Huai akipanin Ephraim tanggam lam a juan ua, Mika in a vatung uh.
14ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှါ သွားသော သူငါးယောက်တို့က၊ ဤအိမ်တို့၌ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော။ အဘယ်သို့ ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော်၊-
14Huchiin Lais gam enkhe dinga mi nga pawtten a dawng ua, a unaute uh kiangah, Hiai inte ah ephod te, milimte, milim bawltawm te, milim suntawmte a om chih na thei uhia? Huchiin bangchiin ahia na hih sin uh ngaihtuah un, a chi ua.
15သူတို့သည် ထိုအရပ်သို့ လှည့်သွားသဖြင့်၊ လေဝိလုလင်နေရာ မိက္ခာအိမ်သို့ရောက်၍ သူ့ကို နှုတ် ဆက်ကြ၏။
15Huan, huai akipan a pai ua, Levi chi tangval omna Mika in ngei a vatung ua, a tungtang thu a dong uh.
16စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသား ခြောက်ရာတို့သည် တံခါးဝ၌ နေကြ၏။
16Huan, Dan suan, mi za guk kidouna galthuam silhte kulh kongpi bulah a ding ua.
17လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ ဝင်၍၊
17Huan, mi nga gam enkhete a vahoh tou ua, a lut ua, milim bawltawmte, ephod te, milim te, milim suntawmte a la ua: huan siampu tuh mi zaguk kidouna galthuam silhte lakah kulh kongpi bulah a ding tei sam hi.
18ထုသောရုပ်တု၊ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ၏။ ယဇ်ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြုကြသနည်းဟု မေးသော်၊-
18Huan, huaite bel Mika in aha valut ua, milim bawltawmte, ephod te, milimte, milim suntawmte a valak u leh, siampuin a kiang uah, Bang amaia na hih uh? a chi a.
19သူတို့က တိတ်ဆိတ်စွာနေပါ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ်၍ အကျွန်ုပ်တို့နှင့် ကြွပါ။ အကျွန်ုပ်တို့ အဘလုပ်ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တအိမ်ထောင်၌သာ ယဇ်ပုရောဟိတ် လုပ်ကောင်းသလော။ ဣသရေလအမျိုးအနွှယ်တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော်၊
19Huan amau, Daiin, na khutin na muk hum inla, ka kiang uah hongpai tei inla, ka pa ding un leh siampu ding un hongom in: nanga dingin inkuan khat kia siampua om hia hoihjaw, Israel laka chi khat leh nam khat siampu dia om? a chi ua.
20ယဇ်ပုရောဟိတ်သည် ဝမ်းမြောက်၍ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တုကို ယူလျက်၊ ထိုလူစုထဲသို့ ဝင်သွားလေ၏။
20Huan, siampu lungsim a kipak mahmaha, huchiin ephod te, milim te, milim bawltawm te a laa, mipite lakah a tel teita hi.
21ထိုသူတို့သည် သူငယ်များ၊ တိရစ္ဆာန်များ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင် လိုက်လျက် လှည့်သွားကြ၏။
21Huchiin a pai khia ua, a nau neute uh, gante uh, a vante uh a masuan tou jel uh.
22မိက္ခာအိမ်နှင့် ဝေးသောအခါ၊ မိက္ခာ၏ အိမ်နီးချင်းတို့သည် စည်းဝေး၍၊ ဒန်အမျိုးသားတို့ကို မှီ အောင် လိုက်ကြ၏။
22Mika in akipana gamla kuam a pai khiak nungun Mika insakinkhangte a kikaikhawm ua, Dan suante a delhphata uh.
23ကြွေးကြော်သောအခါ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော်၊-
23Huan, Dan suante a sam uh. Huan, amau a nunglam uh a nga ua, Mika kiangah, Bang na chia ahia, mi huai zahzah na hontonpih mai? A chi ua.
24မိက္ခာက၊ သင်တို့သည် ငါလုပ်သော ဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်း ရှိသနည်း ဟု ငါ့ကို မေးကြသည်တကားဟု ဆိုသော်၊-
24Huan, aman, Ka pathiante bawlte leh siampu na paipih ua, na pai vengveng ua, bang ka nei laia? Bangchi chiha, Bang na chia ahia? honchi na hi ua? a chi a.
25ဒန်အမျိုးသားတို့က၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့်။ သို့မဟုတ် စိတ်ဆိုးသော သူတို့သည် သင့်ကို တိုက်၍ သင့်အသက်နှင့်သင့်အိမ်သားတို့ အသက်ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ၏။
25Huan, Dan suanten a kiang ah, Kalak uah pai mawkmawk kei dih aw, huchilouinjaw mi sinsia khut na thuak kha maiding, na inkote toh na hinna uh na tan mai ding uah, a chi a.
26မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။
26Huchiin Dan suante a pai ua: huan, Mika in lah sual ngam vual hi un a theikeia, a in lamah a pai nawntaa.
27ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သော အရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ ရောက်သဖြင့် ထားနှင့်လုပ်ကြံ၍ မြို့ကို မီးရှို့ ကြ၏။
27Huan, Mika thilbawl leh, a siampu neih a paipih ua, Lais khua, galmuanga om hiathiatte kiang a tungtou ua, namsauin a that ua; huan, khua a halta uh.
28ဇိဒုန်မြို့နှင့်ဝေးသောကြောင့်၎င်း၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့်၌ တည်၏။ ထိုအရပ်၌ မြို့သစ်ကိုတည်၍ နေကြ၏။
28Zidon akipan a gamlat mahmah jiakin a va honkhe ding mi lah kuamah a om kei ua, akuakua toh lah kizatna mahmah a neikei uh; Beth-rehob chin guama om ahi. Huan, a khua bel a dingsak nawn ua, huaiah a omta uhi.
29ထိုမြို့ကို သူတို့အမျိုး၏ အဘဣသရေလ၏ သားဒန်အမည်ကို မှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့ အမည်ဟောင်းကား လဲရှတည်း။
29Huan, a kho min dingin Israel ta, a pu uh Dan tamin, Dan a sa uh: ahihhangin a tungin jaw huai khua Lais a chi sek uhi.
30ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သား ယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည့်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ် လုပ်ကြ၏။
30Huan, Dan suanten milim bawltawm amau adingin a dingsak ta ua: huan, Mosi ta Gerson tapa Jonathan leh a tapate, a gam min a lak masiah uh Dan chite siampuin a omta uhi.Huchiin Mika bawl milim bawltawm bel Silo khuaa Pathian in a om laiteng a dingsak uhi.
31ဘုရားသခင်၏ အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသော ရုပ်တုကိုလည်း တည်ထောင်ကြ၏။
31Huchiin Mika bawl milim bawltawm bel Silo khuaa Pathian in a om laiteng a dingsak uhi.