Myanmar

Paite

Nehemiah

3

1ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါး ကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ၏။
1Huchiin siampu lian Eliasib a unau siampute toh a thou ua, belam kongpi a bawl ua; a hihsiangthou ua, a kongkhakte a tung ua; Meah insang tanin ahihsianghtou ua, Hananel insang tanin.
2သူတို့နောက်မှ၊ ယေရိခေါမြို့သားတို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဣမရိသား ဇက္ကုရပြင်၏။
2Huan amah zomin Jeriko miten a lam uh. Huan amau zomin Imri tapa Zakkurin a lam hi.
3ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင် ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
3Huan Hassena tapaten ngasa kongpi a hih ua; a inkamte akhung ua, a kongkhakte a tung ua, a kalhnate leh a kalhnatawnte.
4သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏ သား မေရမုတ်ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသား ဖြစ်သော ဗေရခိ၏သားမေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။
4Amau zomin Uria tapa, Hakkoz tapa, Meremotin a bawl phaa. Huan amau zomin Mesullam Berekia tapa, Mesezabel tapain a bawlpha. Huan amau zomin Baana tapa Zadokin a bawlpha hi.
5သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏ အမှုကိုဝိုင်းညီ၍မပြုကြ။
5Huan amau zomin Teko miten a bawlpha ua; himahleh a miliante un a Toupa uh nasepna ah a nakpan nuam kei uhi.
6တံခါးဟောင်းကိုကား၊ ပါသာသားယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက်တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
6Huan kongpi lui pen Pasia tapa Joiada leh Besodeia tapa Mesullamin a bawlpha ua, a inkamte a khung ua, a kongkhakte a tung ua, a kalhnate leh, a kalhnatawnte.
7သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ ၏။
7Huan amau zomin Gibeon mi Melatia leh Meronoth mi, Jadon, Gebeon mite, Mizpah mite, luipi khena ukpipa laltutphah toh kizomten a bawl hoih ua.
8သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမား ဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့ စေကြ၏။
8Huan amah zomin Harhai, dangkaengsekmite, tapa Uzzielin a bawl hoih a. Huan amah zomin gimlimbawlmite tapa Hananiain a bawl hoiha, kulhbang ja tanphain Jerusalem a bubitsak uhi.
9သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖါယပြင်၏။
9Huan amaute zomin Jerusalem seh kim khata vaihawmpa, Hur tapa Rephaiain a bawlphaa.
10သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တဘက်တချက်၌ပြင်၏။ သူ့နောက်မှ၊ ဟာရှ ဗနိသား ဟတ္တုတ်ပြင်၏။
10Huan amau zomin Harumaph tapa Jedaiain, amah in sun hialin a bawlphaa. Huan amah zomin Hasabnei tapa Hattusin a bawlpha a.
11ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား၊ ဟာရိမ်သား မာလခိယနှင့်၊ ပါဟတ်မောဘသား ဟာရှုတ် တို့သည် ပြင်ကြ၏။
11Malkija Harim tapa leh, Hasub Pahath-moab tapain a mun dang leh meipi insang a bawlpha uh.
12သူတို့နောက်မှ၊ ယေရုရှလင်မြို့တပိုင်းကို အုပ် သောသူ၊ ဟာလောဟတ်သားရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။
12Amah zomin Jerusalem seh kimkhata vaihawmpa, Hallohes tapa Sallumin, amah leh a tanute toh, a bawlpha ua.
13ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သား တို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင်တထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။
13Guam kongpi pen Hanun leh, Zanoaha tengten a bawlpha ua, a lam ua, a kongkhakte a tung ua, a kalhnate leh, a kalhnatawnte leh, ekvum kongpi lama kulhbang tong sang khat toh.
14ဗေသက္ကရင်မြို့တပိုင်းကို အုပ်သောရေခပ်သား မာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား၏။
14Huchiin Beth-hakkerem seha vaihawmpa, Rekab tapa Malkijain ekvum kongpi a bawl hoiha; a lama, a kongkhakte, a kalhnate leh, a kalhnatawnte a tunga.
15မိဇပါမြို့တပိုင်းကို အုပ်သော ကောလဟောဇ သား ရှလ္လုံသည် စမ်းရေတွင်းတံခါးကိုပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ပြီးလျှင်၊ ဥယျာဉ်တော်နားမှာ၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့လှေကားတိုင်အောင်တည်၏။
15Huan Mizpah seha vaihawmpa, Kol-hoze tapa Sallumin tuikhuk kongpi a bawl hoiha; a lama, a vuka, kongkhakte, kalhnate, leh kalhnatawnte leh, kumpipa huan kianga Sela dil bang, David khopi akipana suk pai leichial tanin a bawl hi.
16သူ့နောက်မှ ဗက်ဇုရမြို့တပိုင်းကို အုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်းတဘက် တချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင် ပြင်၏။
16Amah nungin Beth-zur seh kimkhata vaihawmpa, Azbuk tapa Nehemiain, David hante toh kimat mun leh, bawlsa dil chiang leh, mi hatte in chiang tanin a bawlphaa.
17သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင် ၏။ သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟာရှဘိ သည် မိမိတာကိုပြင်၏။
17Amah nungin, Levi mite, Keilah seh kimkhata vaihawmpa Asabiain, amah seh a diing in a bawl hoiha. Levi mite, Bani tapa Rehum-ten a bawlpha ua. Amah zomin Keilah seh kimkhata vaihawmpa, Hasabiain, amah seha dingin a bawl hoiha.
18သူ့နောက်မှ၊ ကိလမြို့တပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီဗာဝဲပြင်၏။
18Amah nungin a unaute uh, Keilah seh kimkhata vaihawmpa, Henadad tapa Bavaiin a bawl hoiha,
19သူ့နောက်မှ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရ သည်၊ လက်နက်စုံတိုက်သို့တက်ရာ တဘက်တချက်၊ မြို့ထောင့်ထိအောင် ပြင်၏။
19Huan amah zomin Mizpah vaihawmpa, Jesua tapa Ezerian, seh dang, kulhbang kawina taka galvan in tana pai touhna sunin a bawl hoiha.
20သူ့နောက်မှ၊ ဇဗ္ဗဲသား ဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။
20Amah nungin Zabbai tapa Barukin seh dang, kulhbang kawina akipan siampu lian Eliasib in kongkhak chiang a bawl hoiha.
21သူ့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏ သား မေရမုတ်သည်၊ ဧလျာရှိပ် အိမ်တံခါးမှ အိမ်ထောင့် တိုင်အောင်ပြင်၏။
21Amah nungin Hakkoz tapa Uria tapa Meremotin seh dang, Eliasib in kongkhak akipan Eliasib in tawpna chiang a bawlphaa.
22သူ့နောက်မှ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ၏။
22Amah nungin, phaijang mite, siamputen a bawlpha uh.
23သူတို့နောက်မှ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တဘက်တချက်၌ပြင်ကြ၏။ သူတို့နောက်မှ၊ အာနနိသားဖြစ်သော မာသေယ၏သား အာဇရိသည် မိမိအိမ် တဘက်တချက်၌ ပြင်၏။
23Amau nungin Benjamin leh Hasubin a in pha un a bawl hoih ua. Amau nungin Anania tapa Maaseia tapa Azariain amah in sikah a bawl hoiha.
24သူ့နောက်မှ၊ ဟေနဒဒ်သား ဗိနွိသည်၊ အာဇရိ အိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင်ပြင်၏။
24Amah nungin Henadad tapa Binuiin seh dang, Azaria in akipan kulhbang kawina tan, leh a ning chiang, a bawl hoiha.
25ဥဇဲသားပါလလသည် မြို့ရိုးကွေ့ရာ တဘက် တချက်ကို၎င်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာ ရှိသော ပြအိုးကို၎င်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။
25Uzai tapa Palalin kulhbang kawina sun chiang a bawl hoiha, kumpipa in tungnung jaw akipana hong ding khe tou insang, venna pisa kianga om toh.
26ထိုမှတပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တဘက်တချက်၌၊ မိမိတို့နေရာဩဖေလ ရဲတိုက်ကို၎င်း၊ ပြင်သို့ထွက်သော ပြအိုးကို၎င်း ပြင်ကြ၏။
26Amah nungin Paros tapa Pedai leh tempul nasem Ophela tengteng suahlam pang tui kongpi leh insang lawkkhia jawn tan a bawlhoih uh.
27သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တဘက်တချက်၌၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။
27Amah khitin Teko miten seh dang, Ophel kulhbang chiang phaa, insang thupi dingkhe tou sunin a bawlpha ua.
28မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာအိမ် တဘက်တချက်၌ အသီးအသီးပြင်ကြ ၏။
28Siamputen sakol kongpi tunglam, michihin amah intung sun chiatin a bawlpha ua.
29သူတို့နောက်မှ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနို သား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။
29Amaute nungin Immer tapa Zadokin amah intung sun tou chiang a bawlphaa. Amah nungin suahlam kongpi ngakpa Sekania tapa Semaiin, a bawlphaa.
30သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည်ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသား မေရှုလံသည် မိမိအိပ်ရာခန်းတဘက် တချက်၌ ပြင်၏။
30Amah nungin Selemi tapa Hanani leh Hanun Zalaph tapa guknain seh dang a bawlpha uh. Amah nungin Berekia tapa Mesullamin a dantan tung jawn a bawlpha hi.
31သူ့နောက်မှ၊ ပန်းတိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တဘက်တချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာ အရပ်တိုင်အောင်၎င်း၊ မြို့ထောင့်တက် ရာအရပ်တိုင်အောင်၎င်းပြင်၏။
31Amah nungin dangkaengsekmite tapa Malkijain Nithinimte in leh, sumsinmite in chiang, Hammipkad kongpi jawn chiang leh, a ninga kahtouhna chiang a bawlpha hi.Huan a ninga kahtohna leh belam kongpi kikal dangkaengsekmite leh sumsinmiten a bawlpha uhi.
32မြို့ထောင့်တက်ရာအရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းတိမ်သမား များနှင့် ကုန်သည်များ တို့သည်ပြင်ကြ၏။
32Huan a ninga kahtohna leh belam kongpi kikal dangkaengsekmite leh sumsinmiten a bawlpha uhi.