1ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာ လတ်သည် သိတင်းကြားသောအခါ၊ အလွန်ဒေါသ အမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက်၊
1Himahleh hichi ahia, kulhbang i lam uh chih Sanballatin a jakin, a hehtaa, nakpi takin a thangpaia, Judate a kouta hi.
2အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ခြင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို၏။
2Huchiin a unaute leh Samari-a sepaih pawl maah thu a gen a, Hiai Juda jawngkhalten bang ahia a hih uh? Kihihhat ding uhia? kithoih ding uh hia? Ni khata tawpna bawl ding u hia? A kangsa a hih chih muna piin, ninneng sunvum akipana suangte bawlthak ding uhia? achia.
3သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိ ကလည်း၊ သူတို့တည်သော ကျောက်ရိုးကို တောခွေး ထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏။
3Huchihlaiin Amon mi Tobia a kiangah a oma, aman, A lam uh, sehal khat kuan tou leh, a suang bang uh a lai chim ding, a chi a.
4အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကိုခံရာ ပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။
4Jain, aw ka Pathian; simmohin lah ka om ngal ua: a honkouna uh amau lutungah kik sak inla, saltanna gama loh ding in amau pia in:
5သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ်မပြေပါစေနှင့်။ မြို့ရိုးကို တည် သော သူတို့၏စိတ်ကို နာစေခြင်းငှါ၊ ပြောတတ်ကြပါသည် တကား။
5Huan a ginatlouhna uh khuh kenla, na ma akipan a khelhna uh nul mangin omsak ken: inlamte maah lah nang a honheh sakta ngal ua.
6သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာ ကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ၏။
6Huchiin bang ka bawl ua; huan bang tengteng asandan kim chiangin a kizomta hi: miten lah na sem dingin lungsim a ne ngal ua.
7ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသော အခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊
7Himahleh hichi ahia, Sanballat te, Tobia te, Arab mite leh Amon mite, Asdo miten Jerusalem kulhbangte bawlphatnain ma a sawn tou jela, a kitapsiatna a kibawlpha, chih a jak un, a thangpai mahmah uhi;
8ယေရုရှလင်မြို့ကို စစ်ချီ၍ တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။
8Avek ua hong kuana Jerusalem dou ding leh, huaia buaina omsak dingin a kikum khawmta uh.
9သို့ရာတွင် ငါတို့သည် ငါတို့၏ ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏။
9Himahleh i Pathian kiangah thumna i bawl ua, sun leh jana amaute vil ding i koih ua, a mau jiakin.
10ယုဒလူ အချို့ကလည်း၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီး အောင် မတတ်နိုင်ကြဟု ဆိုကြ၏။
10Huan Judain, Puakgik pote hatna a bahtaa, nineng tampi a om; huchiin kulhbang bawl theilou i hi uh, a chi a.
11ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။
11Huan i melmate un, A lak uh i hongtun ua, amaute i thah ua, nasep i khawlsak matan a theikei ding ua, muh leng a mu kei ding uh, a chi ua.
12သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ၏။
12Huan hichi ahi a, amau kianga teng Judate a hongpai lai un, sawm vei i kiang uah mun tengteng akipan hondou ding uh ahi, a honchi ua.
13ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်း လင်းသော အရပ်တို့၌ ထား၊ လှံ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။
13Huaijiakin kulhbang nunglam muna mun niam penpen, mun awngthawlte ah, ka koiha, mite a inkuankuan uh dungjuiin a namsaute utoh, a teipite utoh, a thalpeute utoh ka koih hi.
14ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အားခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။
14Huan ka ena, ka thoua, miliante leh, vaihawmmite leh mipi dangte kiangah, Amau lau kei un: TOUPA thupi leh lauhuai theigige unla, na unaute uh, na tapate uh leh na tanute uh adingin galdou un, na jite uh leh na inte uh adingin ka chi a.
15ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိ သောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ၏။
15Huan hichi ahia, i melmaten i natheita ua, Pathianin a thusawm uh bang mahlou a suaksaka, kulhbang bawl dingin i vek un mi chih a nasepna mun ah i kilehnawnta uh chih a jak lai un.
16နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏။ တဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။
16Huchiin hichi ahia huai hun akipanin, ka sikhate laka a kimkhat nasepna ah a pang ua, alak ua kimkhatin teipi, lum leh thalpeu leh sik puannakte a len ua; huan vaihawmmite Juda inkote nungah a om vek uh.
17မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ ၏။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ၏။
17Kulhbang bawlte leh, vangik puaten a puak lai un, michihin a khutte uh a khat nasepnaa na semin leh, a khut khat lama galvan tawiin;
18တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ထား ဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ၏။
18Inlammiten, mi chihin a namsau a pangah khaisaa neiin, huchiin a lamtou jel uh. Huan pengkul mutpa ka kiangah a om hi.
19ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏။
19Huchiin miliante kiang leh, vaihawmmite kiangah leh mite laka a dangdangte kiangah, Nasep thupiin, a tama, kulhbang tungah i kikhenjak ua, kigamlat takin:
20သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ် မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။
20Koilai mun peuha pengkul ging na jakna uah, i kiang uah huailamah kuan un; i Pathian un gal hondou sak ding ahi, ka chi a.
21ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတဝက် သည် မိုဃ်းလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။
21Huchiin nasep i sem ua: a lak ua a kimkhatin jingsang kipat akipan aksite hongkilat matan teipi a tawi ua.
22ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို၏။
22Huchibangmahin huai laiin mite kiangah, Mi chih a sikha toh Jerusalem sungah giak hen, jan chianga ei dinga galvil a hiha, sun chianga na a sep theihna ding un, ka chi a.Huchiin ken leng, ka unauten leng, ka sikhaten leng, kei hongjui galvil miten leng, i lak ua kuamahin i puante uh isuah kei ua, mi chih a galvan toh tui ah a hoh uhi.
23ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌ လိုက် သောတပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ၏။
23Huchiin ken leng, ka unauten leng, ka sikhaten leng, kei hongjui galvil miten leng, i lak ua kuamahin i puante uh isuah kei ua, mi chih a galvan toh tui ah a hoh uhi.