Myanmar

Shona

Deuteronomy

24

1တစုံတယောက်သောသူသည် မယားနှင့်ထိမ်း မြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကို ရေး၍ သူ၌ အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။
1Kana murume akatora mukadzi, akamuwana, zvino akasafara naye, nekuti wawana chinhu chisina kufanira kwaari, unofanira kumunyorera rugwaro rwokumuramba, ndokuruisa muruoko rwake, ndokumubvisa mumba make.
2ထိုမိန်းမသည် လင်အိမ်မှထွက်သွားသော နောက်၊ အခြားသော သူ၏မယား ဖြစ်ရသောအခွင့်ရှိ၏။
2Zvino kana abuda mumba make, ungandowanikwa nomumwe murume.
3နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင်၊ ဖြတ်စာကို ရေး၍ သူ၌အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ၊ ထိုလင်သေသည်ဖြစ်စေ၊
3Kana murume uyuzve akamuvenga, akamunyorera rugwaro rwokumuramba, akamupa irwo muruoko rwake, akamubvisa mumba make, kunyange murume uyu akazofa, iye wakazomuwana,
4အရင်လွှတ်လိုက်သော လင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တဖန်မသိမ်းရ။ ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ဘွယ်သောအမှုဖြစ် ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံ စရာဘို့ ပေးတော်မူသောပြည်၌ အပြစ်မရောက်စေရ။
4murume wake wokutanga, wakadeya kumubvisa, haangamuwanizve, zvaakasvibiswa; nekuti izvo zvinonyangadza Jehovha; haufaniri kutadzisa nyika, yaunopiwa naJehovha Mwari wako, kuti ive nhaka yako.
5အိမ်ထောင်ဘက်ပြုစရှိသောသူသည် စစ်တိုက် မသွားရ။ မင်းအမှုကို မဆောင်ရ။ တနှစ်ပတ်လုံး ကိုယ်အိမ်၌ မလွတ်နေ၍ မယားကို ကျွေးမွေးပြုစုရမည်။
5Kana munhu achangowana mukadzi, haafaniri kuenda kuhondo, kana kubatiswa rimwe basa; anofanira kugara kumusha gore rimwe akasununguka, kuti afadze mukadzi wake waakawana.
6ကြိတ်ဆုံအပေါ် ကျောက်ပြားကို ဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင် မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။
6Munhu haafaniri kutora guyo kana huyo, kuti ruve rubatso; nekuti unotora rubatso rwoupenyu hwomunhu.
7လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေ လအမျိုးသားကို ခိုး၍ ကျွန်အရာ၌ ထားသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကို တွေ့မိလျှင် အသေသတ် ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ ပယ်ရှားရကြ မည်။
7Kana munhu akawanikwa achiba mumwe wehama dzake kuvana vaIsiraeri, akamuita muranda wake, kana kumutengesa, uyo mubi anofanira kufa; saizvozvo unofanira kubvisa chakaipa pakati pako.
8နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ် ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့ စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။
8Chenjera pahosha yamaperembudzi kuti uchengete nokuita zvakanaka zvamunodzidziswa navapristi vaRevhi; sezvandakavaraira, ndizvo zvamunofanira kuita.
9သင်တို့သည် အဲဂုတ္တုပြည်မှထွက်၍ ခရီးသွားကြ စဉ်တွင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိရိအံ၌ ပြုတော်မူသောအမှုကို အောက်မေ့ကြလော့။
9Rangarira zvakaitirwa Miriami naJehovha Mwari wako panzira, muchibuda Egipita.
10သင်သည် အမျိုးသားချင်း၌ တစုံတခုကို ချေး ငှားလျှင်၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲ သို့ မဝင်ရ။
10Kana ukaposwa nowokwako chinhu chipi nechipi, haufaniri kupinda mumba make kundotora rubatso rwake.
11သင်သည် အိမ်ပြင်မှာရပ်နေ၍၊ ထိုသူသည် အပေါင်ထားသော ဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ ရမည်။
11Unofanira kumira kunze, kuti munhu wakaposwa newe akubudisire kunze rubatso rwake.
12ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသော ဥစ္စာကို ပြန်မအပ်ဘဲ ညဉ့်ကိုမလွန်စေရ။
12Kana achinge ari murombo haufaniri kundovata norubatso rwake.
13သူသည် မိမိအဝတ်ကို ဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကိုကောင်းကြီးပေးမည် အကြောင်း၊ သူပေါင်၍ထား သော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည်။ ထိုသို့ပြုသော အမှုသည် သင်၏ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည်။
13Unofanira kumudzosera rubatso kana zuva rovira, kuti avate nenguvo yake, akuropafadze; ucharuramiswa pamusoro paizvozvo naJehovha Mwari wako.
14အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ် သောသူငှားကို မညှဉ်းဆဲရ။
14Usamanikidza muranda unokubatira, ari murombo unoshaiwa, kana ari mumwe wehama dzako, kana wavatorwa vako vari munyika yako, mukati mamasuwo ako.
15နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရ ဘုရားကို အော်ဟစ်သဖြင့် သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
15Unofanira kumupa mubayiro wake zuva rimwe nerimwe, zuva ngarirege kuvira asati apiwa; nekuti murombo, nomoyo wake unoutarira; kuti arege kuzochema kuna Jehovha pamusoro pako, zvikava zvivi kwauri.
16အဘသည် သား၏အပြစ်ကြောင့်၎င်း၊ သား သည် အဘ၏အပြစ်ကြောင့်၎င်း၊ အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။
16Madzibaba haafaniri kuurawa pamusoro pavana vavo, navana havafaniri kuurawa pamusoro pamadzibaba avo; munhu mumwe nomumwe anofanira kuurayirwa zvivi zvake.
17တရားရှာတွေ့ခြင်းအမှုမှာ တပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ။ မုတ်ဆိုးမအဝတ်ကို အပေါင်မယူရ။
17Usatongera mutorwa kana nherera zvisina kururama; uye haufaniri kutora nguvo yechirikadzi kuita rubatso nayo.
18သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနှုတ်တော်မူကြောင်းကို၎င်း အောက်မေ့ရ မည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။
18Asi unofanira kurangarira kuti wakange uri muranda paEgipita, Jehovha Mwari wako akakudzikunura ipapo; naizvozvo ndinokuraira kuita chinhu ichi.
19သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ် သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍ မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။
19Kana ukakohwa zviyo zvako mumunda mako, ukakangamwa chisote mumunda, haufaniri kudzokera kundochitora, chinofanira kuva chomutorwa, nenherera, nechirikadzi, kuti Jehovha Mwari wako akuropafadze pamabasa ose amaoko ako.
20သင်၏သံလွင်သီးကို ရိုက်ချွေသောအခါ၊ ကျန် ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တပါးအမျိုး သား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။
20Kana uchizunza muti wako womuorivhi, usatsvakisisa pamatavizve; zvinofanira kuva zvomutorwa nenherera, nechirikadzi.
21သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူ သောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်း သောအသီးသည် တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ဖြစ်ရမည်။
21Kana uchiunganidza mazambiringa omunda wako wemizambiringa, haufaniri kutsvakisisazve; anofanira kuva omutorwa, nenherera, nechirikadzi.
22သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့ရမည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။
22Unofanira kurangarira kuti wakange uri muranda panyika yeEgipita; naizvozvo ndinokuraira chinhu ichi.