Myanmar

Shona

Deuteronomy

25

1လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။
1Kana vanhu vakaita nharo, vakauya kutongerwa, vatongi vakavatongera, vanofanira kururamisira wakarurama, nokupa mhosva munhu wakatadza.
2ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူ ကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကို ချ၍၊ အပြစ်နှင့် အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။
2Zvino kana wakatadza achifanirwa nokurohwa, mutongi anofanira kumutsivamisa pasi, agorohwa pamberi pake zvakaenzana nokutadza kwake.
3သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန် စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။
3Anofanira kumurova kana makumi mana, haafaniri kupfuudza; kuti, kana akapfuudza, akamurova kupfuura ipapo kazhinji, hama yako irege kuzvidzwa pamberi pako.
4စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။
4Usasunga muromo wenzombe inopura zviyo.
5အတူနေသော ညီအစ်ကို တို့တွင်၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ။ သူ၏လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။
5Kana vana vomunhu mumwe vagere pamwechete, mumwe wavo akafa asina mwanakomana, mukadzi wowakafa haafaniri kuwanikwa nomutorwa kunze kwehama; munin'ina womurume wake anofanira kupinda kwaari, ave mukadzi wake, amuitire sezvinofanira kuita munin'ina womurume.
6ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက် စေခြင်းငှာ၊ အဦးဘွားသော သားသည် သေသောဘကြီး ၏ အရိပ်အရာကို ခံရမည်။
6Zvino mwana wedangwe waachabereka, ndiye anofanira kupinda panzvimbo yomukoma wake wakafa, kuti zita rake rirege kudzima pakati paIsiraeri.
7ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမ သည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊
7Kana munhu asingadi kuwana mukadzi womukoma wake, mukadzi womukoma wake anofanira kukwira kusuwo ravakuru, agoti, Munin'ina womurume wangu unoramba kumutsira mukoma wake zita muna Isiraeri, haadi kundiitira sezvinofanira kuita munin'ina womurume.
8မြို့၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ် မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊
8Zvino vakuru veguta rake vanofanira kumudana, vataure naye; kana akaramba, achiti, Handidi hangu kumuwana;
9သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏ မျက်နှာ၌ တံထွေးထွေးလျက်၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ၌ ဤသို့ ပြုသင့်သည်ဟု သူ့အား ပြန်ပြောရမည်။
9mukadzi womukoma wake anofanira kuuya kwaari pamberi pavakuru, ndokubvisa shangu yake parutsoka rwake, ndokumupfira mate pameso, agopindura achiti, Ndizvo zvinofanira kuitirwa munhu usingavaki imba yomukoma wake.
10နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသော အမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။
10Zita rake muna Isiraeri rinofanira kunzi, Imba yomunhu wakabviswa shangu yake.
11လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလို သောငှာ ခိုက်ရန်ပြုသော သူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊
11Kana varume vakarwa, mukadzi womumwe akaswedera kurwira murume wake paruoko rwaiye anomurova, akatambanudza ruoko rwake, akamubata pa mberi,
12ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏ မျက်စိ သည် သူ့ကို မသနားရ။
12iwe unofanira kugura ruoko rwake, haufaniri kumunzwira tsitsi.
13သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအ လေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ။
13Haufaniri kuva nezviyereso zvisina kuenzana muhombodo yako, chikuru nechiduku.
14သင့်အိမ်၌ ခြားနားသော ခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ။
14Haufaniri kuva nezviyero zvisina kuenzana mumba mako, chikuru nechiduku.
15သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ တန်ဆာ များကိုသာ သုံးရမည်။
15Unofanira kuva nechiyereso chakakwana, chakarurama; kuti mazuva ako ave mazhinji panyika yaunopiwa naJehovha Mwari wako.
16အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူအ ပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏။
16nekuti vose vanoita zvinhu zvakadai, ivo vose vanoita zvisina kururama, vanonyangadza Jehovha Mwari wako.
17သင်သည် အဲဂုတ္တုပြည်မှ ထွက်၍ ခရီးသွား သောအခါ၊
17Rangarira zvawakaitirwa naAmareki panzira, pakubuda kwenyu Egipita;
18သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသော သူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ ဆီးကြို၍ လုပ်ကြံ ကြောင်းကို၎င်း၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကို ၎င်း၊ အောက်မေ့လော့။
18kuti wakakuwira panzira, akaparadza vanhu vako vakanga vari shure, vose vakanga vasine simba, panguva yamakanga maziya nokuneta; iye wakange asingatyi Mwari.
19သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်အမွေခံစရာဘို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌ နေသောရန်သူအပေါင်းတို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက် အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့ မလျော့ရ။
19Zvino kana Jehovha Mwari wako akupa zororo pavavengi vako vose, vanokupoteredza panyika yaunopiwa naJehovha Mwari wako, ive nhaka yako, unofanira kubvisa pasi pokudenga zvose zvinorangaridza Amareki; usakakangamwa.